Monday, November 4, 2019

တနင်္သာရီတိုင်း ဒေသကြီး၊ ကျွန်းစုမြို့နှင့် မြိတ်မြို့အနီး ပင်လယ်ပြင်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

Image may contain: one or more people, people standing, sky, outdoor and waterImage may contain: one or more people, people standing, sky, outdoor and water

တနင်္သာရီတိုင်း ဒေသကြီး၊ ကျွန်းစုမြို့အနီး မြန်မာ့ပင်လယ်ပြင် အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ၂ ရက် ည ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် မော်တုံးကြီးကျေးရွာ၏ မြောက်ဘက် ရေမိုင် ၁ ဒသမ ၆ မိုင်ခန့်အကွာသို့ အရောက်၌ အလျား ၄၇ ပေ ၃ လက်မ၊ အနံ ၈ ပေ၊ ရေစူး ၃ ပေခန့်ရှိ စက်လှေပေါ်မှ ဦးထွန်းနိုင်(ဘ) ဦးတင်ရှိန်နှင့် ဦးသားထွေး(ဘ) ဦးစိုးလွင်တို့နှစ်ဦးအား တရားမဝင် တင်ဆောင်လာသည့် သစ်ခွဲသားဆိုဒ်စုံ ၅ တန်ခန့်နှင့် လည်း ကောင်း၊ ည ၁၂ နာရီ ၅ မိနစ်ခန့်တွင် အဆိုပါနေရာအနီး၌ အလျား၅၄ ပေ၊ အနံ ၁၅ ပေ၊ ရေစူး ၄ ပေခန့်ရှိ စက်လှေပေါ်မှ ဦးအောင်ငယ်(ဘ)ဦးတင်ထွဋ်နှင့် ဦးဖြိုးဇော်ဦး (ဘ)ဦးတိုးလှိုင်တို့ နှစ်ဦးအား တရားမဝင် တင်ဆောင်လာသည့် သစ်ခွဲသားဆိုဒ်စုံ ၇ ဒသမ ၅ တန်နှင့် လည်းကောင်း၊ နံနက် ၁ နာရီခွဲခန့်တွင် မြိတ်မြို့၏ တောင်ဘက် ရေမိုင် ၁ မိုင်ခန့်အကွာ၌ အလျား၅၅ ပေ၊ အနံ ၁၂ ဒသမ ၅ ပေ၊ ရေစူး၄ ဒသမ ၅ ပေခန့်ရှိ စက်လှေပေါ်မှ ဦးငွေဝင်(ဘ)ဦးမောင်မြင့်၊ ဦးညီညီ(ဘ)ဦးမျိုးသန်းနိုင်ထွန်းနှင့် ဦးဇင်သူရအောင်(ဘ) ဦးသန်းဝင်းတို့ သုံးဦးအား တရားမဝင် တင်ဆောင်လာသည့် သစ်ခွဲသားဆိုဒ်စုံ ၁ဝ တန်ခန့်နှင့် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။

အဆိုပါစက်လှေများ၊ တရားမဝင် သစ်များနှင့်အတူ ဖမ်းဆီးရမိသူများအား မြိတ်မြို့ သစ်တော ဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
<zawgyi>
တနင်္သာရီတိုင်း ဒေသကြီး၊ ကျွန်းစုမြို့နှင့် မြိတ်မြို့အနီး ပင်လယ်ပြင်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ
Monday , November 4 , 2019

တနင်္သာရီတိုင်း ဒေသကြီး၊ ကျွန်းစုမြို့အနီး မြန်မာ့ပင်လယ်ပြင် အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ၂ ရက် ည ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် မော်တုံးကြီးကျေးရွာ၏ မြောက်ဘက် ရေမိုင် ၁ ဒသမ ၆ မိုင်ခန့်အကွာသို့ အရောက်၌ အလျား ၄၇ ပေ ၃ လက်မ၊ အနံ ၈ ပေ၊ ရေစူး ၃ ပေခန့်ရှိ စက်လှေပေါ်မှ ဦးထွန်းနိုင်(ဘ) ဦးတင်ရှိန်နှင့် ဦးသားထွေး(ဘ) ဦးစိုးလွင်တို့နှစ်ဦးအား တရားမဝင် တင်ဆောင်လာသည့် သစ်ခွဲသားဆိုဒ်စုံ ၅ တန်ခန့်နှင့် လည်း ကောင်း၊ ည ၁၂ နာရီ ၅ မိနစ်ခန့်တွင် အဆိုပါနေရာအနီး၌ အလျား၅၄ ပေ၊ အနံ ၁၅ ပေ၊ ရေစူး ၄ ပေခန့်ရှိ စက်လှေပေါ်မှ ဦးအောင်ငယ်(ဘ)ဦးတင်ထွဋ်နှင့် ဦးဖြိုးဇော်ဦး (ဘ)ဦးတိုးလှိုင်တို့ နှစ်ဦးအား တရားမဝင် တင်ဆောင်လာသည့် သစ်ခွဲသားဆိုဒ်စုံ ၇ ဒသမ ၅ တန်နှင့် လည်းကောင်း၊ နံနက် ၁ နာရီခွဲခန့်တွင် မြိတ်မြို့၏ တောင်ဘက် ရေမိုင် ၁ မိုင်ခန့်အကွာ၌ အလျား၅၅ ပေ၊ အနံ ၁၂ ဒသမ ၅ ပေ၊ ရေစူး၄ ဒသမ ၅ ပေခန့်ရှိ စက်လှေပေါ်မှ ဦးငွေဝင်(ဘ)ဦးမောင်မြင့်၊ ဦးညီညီ(ဘ)ဦးမျိုးသန်းနိုင်ထွန်းနှင့် ဦးဇင်သူရအောင်(ဘ) ဦးသန်းဝင်းတို့ သုံးဦးအား တရားမဝင် တင်ဆောင်လာသည့် သစ်ခွဲသားဆိုဒ်စုံ ၁ဝ တန်ခန့်နှင့် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။
အဆိုပါစက်လှေများ၊ တရားမဝင် သစ်များနှင့်အတူ ဖမ်းဆီးရမိသူများအား မြိတ်မြို့ သစ်တော ဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment