Tuesday, March 24, 2020

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မင်းပြားမြို့နယ်ရှိ နယ်မြေခံတန်းမြင့်လေ့ကျင့်ရေးကျောင်းအား အင်အားသုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြင်းထန်စွာတန်ပြန်တိုက်ခိုက်မှုကြောင့် အကျအဆုံးများစွာဖြင့် ဖရိုဖရဲဆုတ်ခွာထွက်ပြေး

Image may contain: outdoor

AA အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့က မင်းပြားမြို့နယ်ရှိ နယ်မြေခံတန်းမြင့်လေ့ကျင့်ရေးကျောင်းကို အင် အား ၃၀၀ ခန့်ဖြင့် အလစ်အငိုက်ဖမ်းတိုက်ခိုက်ရန်ကြိုးစားရာ မအောင်မြင်ဘဲ အကျအဆုံးများစွာဖြင့် ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်လိုက်သည်။

မတ်လ ၂၃ ရက် နံနက် ၆ နာရီအချိန်မှ စတင်ကာ AA အကြမ်းဖက်သောင်းကျန်းသူများက မင်းပြားမြို့နယ် နယ်မြေခံတန်းမြင့်လေ့ကျင့်ရေးကျောင်းအား အလစ်အငိုက်ဖမ်းကာ နေရာစုံမှလက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် အင်အားသုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး ကျောင်းတပ်ဌာနချုပ်ကလည်း တပ်ပတ်လည်ခံစစ်ဖြင့် စနစ်တကျ ပစ်ကူ အင်အားသုံးတန်ပြန်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
ကျောင်းတပ်ဌာနချုပ်၏တန်ပြန်တိုက်ခိုက်မှုကြောင့် AA သောင်းကျန်းသူများမှာ ထိခိုက်/ကျဆုံးများဖြင့် အလောင်း၊ လက်နက်အချို့ကိုပင်မယူနိုင်ဘဲ ၁၁ နာရီအချိန်ခန့်တွင် အဖွဲ့များခွဲ၍ ဖရိုဖရဲဆုတ်ခွာ ထွက် ပြေးသွားခဲ့ရခြင်းလည်းဖြစ်သည်။
AA အကြမ်းဖက်သောင်းကျန်းသူများသည် ဖေဖော်ဝါရီလ ၅ ရက်မှ မတ်လ ၁၄ ရက်အထိ မီးဝရှိ တပ်မတော် စခန်းနေရာအား ရက်ပေါင်း ၄၀ ကျော်ကြာ သာလွန်အင်အားဖြင့် ဝိုင်းပတ်ပိတ်ဆို့ ဖြတ်တောက်၍ တိုက်ခိုက် သိမ်းပိုက်နိုင်ရန် ကြိုးစားခဲ့သော်လည်း တပ်မတော်သားများ၏ ရဲဝံ့စွန့်စားစွာ အသက်စွန့် တိုက်ခိုက်မှုများနှင့် အချိန်မီပစ်ကူ၊ စစ်ကူဆောင်ရွက်မှုကြောင့် မီးဝစခန်းနှင့် ပတ်ဝန်းကျင်တစ်ဝိုက်အား သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိဘဲ အကျအဆုံးများစွာဖြင့် အထိနာစွာ ဆုတ်ခွာထွက်ပြေးသွားခဲ့ရသည်။
ထို့ကြောင့် AA အကြမ်းဖက် သောင်းကျန်းသူများသည် တိုက်ခိုက်ရေး တပ်မဟုတ်သော မင်းပြားမြို့နယ်ရှိ နယ်မြေခံတန်းမြင့်လေ့ကျင့်ရေးကျောင်း၊ ဌာနချုပ်နေရာကို အားပျော့သည့်နေရာ တစ်နေရာဟုယူဆ ကာ အလစ်အငိုက် အင်အားသုံး ပစ်ခတ်တိုက်ခိုက်သိမ်းပိုက်ရန် ကြံစည်ခဲ့ခြင်းဖြစ်ကြောင်းလည်း တပ်မတော် သတင်းကသတင်းထုတ်ပြန်သည်။ တပ်မတော်စစ်ကြောင်းများက ဆုတ်ခွာထွက်ပြေးသွားသည့် AA အကြမ်းဖက်သောင်းကျန်းသူများနောက်သို့ ထပ်ကြပ်လိုက်စစ်ဆင်လျက်ရှိကြောင်း သတင်းရရှိသည်။
No photo description available.
Source-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News
>>Zawgyi<<
AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မင်းပြားမြို့နယ်ရှိ နယ်မြေခံတန်းမြင့် လေ့ကျင့်ရေး ကျောင်းအား အင်အားသုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာပြင်းထန်စွာ တန်ပြန်တိုက်ခိုက်မှုကြောင့် အကျအဆုံးများစွာဖြင့် ဖရိုဖရဲ ဆုတ်ခွာ ထွက်ပြေး
Tuesday, March 24, 2020

AA အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့က မင်းပြားမြို့နယ်ရှိ နယ်မြေခံတန်းမြင့်လေ့ကျင့်ရေးကျောင်းကို အင် အား ၃၀၀ ခန့်ဖြင့် အလစ်အငိုက်ဖမ်းတိုက်ခိုက်ရန်ကြိုးစားရာ မအောင်မြင်ဘဲ အကျအဆုံးများစွာဖြင့် ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်လိုက်သည်။
မတ်လ ၂၃ ရက် နံနက် ၆ နာရီအချိန်မှ စတင်ကာ AA အကြမ်းဖက်သောင်းကျန်းသူများက မင်းပြားမြို့နယ် နယ်မြေခံတန်းမြင့်လေ့ကျင့်ရေးကျောင်းအား အလစ်အငိုက်ဖမ်းကာ နေရာစုံမှလက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် အင်အားသုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး ကျောင်းတပ်ဌာနချုပ်ကလည်း တပ်ပတ်လည်ခံစစ်ဖြင့် စနစ်တကျ ပစ်ကူ အင်အားသုံးတန်ပြန်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
ကျောင်းတပ်ဌာနချုပ်၏တန်ပြန်တိုက်ခိုက်မှုကြောင့် AA သောင်းကျန်းသူများမှာ ထိခိုက်/ကျဆုံးများဖြင့် အလောင်း၊ လက်နက်အချို့ကိုပင်မယူနိုင်ဘဲ ၁၁ နာရီအချိန်ခန့်တွင် အဖွဲ့များခွဲ၍ ဖရိုဖရဲဆုတ်ခွာ ထွက် ပြေးသွားခဲ့ရခြင်းလည်းဖြစ်သည်။
AA အကြမ်းဖက်သောင်းကျန်းသူများသည် ဖေဖော်ဝါရီလ ၅ ရက်မှ မတ်လ ၁၄ ရက်အထိ မီးဝရှိ တပ်မ တော် စခန်းနေရာအား ရက်ပေါင်း ၄၀ ကျော်ကြာ သာလွန်အင်အားဖြင့် ဝိုင်းပတ်ပိတ်ဆို့ ဖြတ်တောက်၍ တိုက်ခိုက် သိမ်းပိုက်နိုင်ရန် ကြိုးစားခဲ့သော်လည်း တပ်မတော်သားများ၏ ရဲဝံ့စွန့်စားစွာ အသက်စွန့် တိုက် ခိုက်မှုများနှင့် အချိန်မီ ပစ်ကူ၊ စစ်ကူ ဆောင်ရွက်မှုကြောင့် မီးဝစခန်းနှင့် ပတ်ဝန်းကျင်တစ်ဝိုက်အား သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိဘဲ အကျအဆုံးများစွာဖြင့် အထိနာစွာ ဆုတ်ခွာထွက်ပြေးသွားခဲ့ရသည်။
ထို့ကြောင့် AA အကြမ်းဖက် သောင်းကျန်းသူများသည် တိုက်ခိုက်ရေး တပ်မဟုတ်သော မင်းပြားမြို့နယ်ရှိ နယ်မြေခံတန်းမြင့်လေ့ကျင့်ရေးကျောင်း၊ ဌာနချုပ်နေရာကို အားပျော့သည့်နေရာ တစ်နေရာဟုယူဆ ကာ အလစ်အငိုက် အင်အားသုံး ပစ်ခတ်တိုက်ခိုက်သိမ်းပိုက်ရန် ကြံစည်ခဲ့ခြင်းဖြစ်ကြောင်းလည်း တပ်မတော် သတင်းကသတင်းထုတ်ပြန်သည်။ တပ်မတော်စစ်ကြောင်းများက ဆုတ်ခွာထွက်ပြေးသွားသည့် AA အကြမ်း ဖက်သောင်းကျန်းသူများနောက်သို့ ထပ်ကြပ်လိုက်စစ်ဆင်လျက်ရှိကြောင်း သတင်းရရှိသည်။
Source-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

0 comments:

Post a Comment