မန္တလေးမြို့အတွင်းရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များကို ဆိုင်တွင်ရောင်းချခြင်းမပြုဘဲ ပါဆယ်များသာရောင်းချကြရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားချက်ထုတ်လိုက်ကြောင်း သိရသည်။ ဆိုင်တွင် ရောင်းချပါက လူစုလူဝေးဖြစ်ပေါ်စေနိုင်သောကြောင့် ပါဆယ်များသာရောင်းချရန် လာရောက်ပြောဆိုကြောင်း မောင်သိန်းမြီးရှည်ဆိုင်က သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ မနေ့ညက၁၁နာရီခွဲအချိန်ထုတ်ပြန်ချက်အရ COVID-19ရောဂါပိုးရှိသူ နှစ်ဦးကို တွေ့ရှိပြီးနောက်မှာ ဆိုင်တွေကိုထုတ်ပြန်ညွန်ကြားထားကြောင်း သိရသည်။
လက်ရှိမှာစားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအပါအဝင်၊ ဂိမ်းဆိုင်တချို့ကိုလည်း လာရောက်ပြောကြားသွားသည်ဟု ဆိုင်ရှင်တချို့က အတည်ပြုခဲ့သည်။
Ref; Myanmar Digital News
#Myanmar_Online_News
>>zawgyi<<
လူစုလူဝေးမဖြစ်စေဖို့ စားသောက်ဆိုင်များတွင် မစားသောက်စေပဲ ပါဆယ်များသာ ရောင်းချရမည်ဟု ထုတ်ပြန်
Tuesday, March 24, 2020
မန္တလေးမြို့အတွင်းရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များကို ဆိုင်တွင်ရောင်းချခြင်းမပြုဘဲ ပါဆယ်များသာရောင်းချကြရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားချက်ထုတ်လိုက်ကြောင်း သိရသည်။ ဆိုင်တွင် ရောင်းချပါက လူစုလူဝေးဖြစ်ပေါ်စေနိုင်သောကြောင့် ပါဆယ်များသာရောင်းချရန် လာရောက်ပြောဆိုကြောင်း မောင်သိန်းမြီးရှည်ဆိုင်က သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ မနေ့ညက၁၁နာရီခွဲအချိန်ထုတ်ပြန်ချက်အရ COVID-19ရောဂါပိုးရှိသူ နှစ်ဦးကို တွေ့ရှိပြီးနောက်မှာ ဆိုင်တွေကိုထုတ်ပြန်ညွန်ကြားထားကြောင်း သိရသည်။
လက်ရှိမှာစားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအပါအဝင်၊ ဂိမ်းဆိုင်တချို့ကိုလည်း လာရောက်ပြောကြားသွားသည်ဟု ဆိုင်ရှင်တချို့က အတည်ပြုခဲ့သည်။
Ref; Myanmar Digital News
0 comments:
Post a Comment