Tuesday, March 24, 2020

ကန်ပိုက်တီနယ်စပ်ဂိတ်မှ ဝင်လာသမျှ တရုတ်အားလုံး ကိုယ့်စားရိတ်ကိုယ်စား ၁၄ ရက် ကန့်သတ်စောင့်ကြည့်ခံရမည်


Image may contain: bridge, outdoor and nature
တရုတ်တစ်သျှူးငှက်ပျောကားများ အဝင်/အထွက်ပြုလုပ်နေသည့် ကချင်ပြည်နယ် ကန်ပိုက်တီနယ်စပ်ဂိတ်မှ ဝင်လာသမျှ တရုတ်နိုင်ငံသားများအနေဖြင့် ကိုယ့်စားရိတ်ကိုယ်စားစနစ်ဖြင့် ၁၄ရက်ကန့်သတ်စောင့်ကြည့်ခံရမည်ဖြစ်ပြီး ယင်းကိစ္စအပေါ်သဘောမတူပါက အဝင်ခံမည်မဟုတ်ကြောင်း သိရသည်။
အဆိုပါအစီအစဉ်ကို ယနေ့ စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၀ိုင်းမော်မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသိန်းမြို့က အတည်ပြုပြောသည်။

"ဒီတော့ လုံးဝဝင်မလာသေးဘူး။ ပုရွက်ဆိတ်တစ်ကောင်တောင်ဝင်မလာသေးဘူး" ဟု ၎င်း ကပြောသည်။

ကန်ပိုက်တီနယ်စပ်ဂိတ်မှ ဝင်လာသူများတွင် မြန်မာနိုင်ငံသား ပြည်တော်ပြန်များလည်း ရှိနေပြီး ၎င်းတို့ကိုမူ နေကောင်းလျက်သားရှိနေပါက ၎င်းတို့နေအိမ်၌ပင် ၁၄ရက်ကန့်သတ်မှုပြုလုပ်မည်ဖြစ်ပြီး နေမကောင်းဖြစ်နေပါက ဆေးရုံသို့ပို့ဆောင် ၁၄ရက်စောင့်ကြည့်မည်ဖြစ်ကြောင်း ဒေါက်တာသိန်းမြို့က ရှင်းပြသည်။

ကန်ပိုက်တီရဲစခန်းမှ တာဝန်ရှိသူ ၁ ဦးကလည်း တရုတ်ပြည်ဘက်မှ တစ်သျှူးငှက်ပျောတင်ယာဉ်များကို အဝင်မခံတော့ဘဲ ပြန်ထွက်မည့်ကားများကိုသာ ထွက်ခွင့်ပေးတော့ကြောင်းပြောသည်။

လက်ရှိတွင် ကန်ပိုက်တီနယ်စပ်ဂိတ်မှ မြန်မာနိုင်ငံသားများ ပြည်တော်ပြန်ဝင်လာမှုများရှိနေပြီး ၎င်းတို့ကိုလည်း ၁၄ရက် ကန့်သတ်စောင့်ကြည့်ရန် ကန်ပိုက်တီဆေးရုံတွင် ပြင်ဆင်ထားကြောင်း သိရသည်။ကန်ပိုက်တီနယ်စပ်ဂိတ်ကိစ္စနှင့်ပတ်သက် ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူအချို့ လက်ရှိတွင် အစည်းအဝေးပြုလုပ်နေကြောင်း သိရသည်။

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ကန်ပိုက်တီနယ်စပ်မှတဆင့် တရုတ်နိုင်ငံသားများနှင့် တရုတ်တစ်သျှူးငှက်ပျောတင်ယာဉ်များ ဝင်/ထွက်နေမှုကို တားဆီးပေးရန် ဒေသလွှတ်တော်ကိုယ်စားလှယ် ၂ဦးဖြစ်သူ ဦးဇယ်ခေါင်နှင့် ဦးလဂန်ဇယ်ဂျုံးတို့က မတ် ၂၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံသို့ စာပေးပို့တောင်းဆိုခဲ့သည်။

မတ် ၉ရက်နေ့မှ ၂၂ ရက်နေ့အထိ ကချင်ပြည်နယ် ကန်ပိုက်တီနယ်စပ်ဂိတ်မှ ဝင်/ထွက်ပြုလုပ်ခဲ့သော တရုတ်နိုင်ငံသား နေ့စဉ် လူဦးရေ ၅၀၀ ပတ်ဝန်းကျင်ရှိကြောင်း သိရသည်။ယင်းနေ့ရက်အတွင်း အဖျား ရှိသော တရုတ်လူမျိုး ၂ဦးတွေ့ရှိခဲ့ရပြီး ၎င်းတို့ကို မြန်မာနိုင်ငံတွင်းအဝင်မခံပဲ ပြန်လွှတ်ခဲ့ကြောင်း သိရသည်။
ref-News Ambassador #Myanmar_Online_News
>>Zawgyi<<
ကန်ပိုက်တီနယ်စပ်ဂိတ်မှ ဝင်လာသမျှ တရုတ်အားလုံး ကိုယ့်စားရိတ်ကိုယ်စား ၁၄ ရက် ကန့်သတ်စောင့်ကြည့်ခံရမည်
Tuesday, March 24, 2020

တရုတ်တစ်သျှူးငှက်ပျောကားများ အဝင္/အထွက်ပြုလုပ်နေသည့် ကချင်ပြည်နယ် ကန်ပိုက်တီနယ်စပ်ဂိတ်မှ ဝင်လာသမျှ တရုတ်နိုင်ငံသားများအနေဖြင့် ကိုယ့်စားရိတ်ကိုယ်စားစနစ်ြဖင့် ၁၄ရက်ကန့်သတ်စောင့်ကြည့်ခံရမည်ဖြစ်ပြီး ယင်းကိစ္စအပေါ်သဘောမတူပါက အဝင်ခံမည်မဟုတ်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်ကို ယနေ့ စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဝိုင်းမော်မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသိန်းမြို့က အတည်ပြုပြောသည်။

"ဒီတော့ လုံးဝဝင်မလာသေးဘူး။ ပုရွက်ဆိတ်တစ်ကောင်တောင်ဝင်မလာသေးဘူး" ဟု ၎င်း ကပြောသည်။

ကန်ပိုက်တီနယ်စပ်ဂိတ်မှ ဝင်လာသူများတွင် မြန်မာနိုင်ငံသား ပြည်တော်ပြန်များလည်း ရှိနေပြီး ၎င်းတို့ကိုမူ နေကောင်းလျက်သားရှိနေပါက ၎င်းတို့နေအိမ်၌ပင် ၁၄ရက်ကန့်သတ်မှုပြုလုပ်မည်ဖြစ်ပြီး နေမကောင်းဖြစ်နေပါက ဆေးရုံသို့ပို့ဆောင် ၁၄ရက်စောင့်ကြည့်မည်ဖြစ်ကြောင်း ဒေါက်တာသိန်းမြို့က ရှင်းပြသည်။

ကန်ပိုက်တီရဲစခန်းမှ တာဝန်ရှိသူ ၁ ဦးကလည်း တရုတ်ပြည်ဘက်မှ တစ်သျှူးငှက်ပျောတင်ယာဉ်များကို အဝင်မခံတော့ဘဲ ပြန်ထွက်မည့်ကားများကိုသာ ထွက်ခွင့်ပေးတော့ကြောင်းပြောသည်။

လက်ရှိတွင် ကန်ပိုက်တီနယ်စပ်ဂိတ်မှ မြန်မာနိုင်ငံသားများ ပြည်တော်ပြန်ဝင်လာမှုများရှိနေပြီး ၎င်းတို့ကိုလည်း ၁၄ရက် ကန့်သတ်စောင့်ကြည့်ရန် ကန်ပိုက်တီဆေးရုံတွင် ပြင်ဆင်ထားကြောင်း သိရသည်။ကန်ပိုက်တီနယ်စပ်ဂိတ်ကိစ္စနှင့်ပတ်သက် ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူအချို့ လက်ရှိတွင် အစည်းအဝေးပြုလုပ်နေကြောင်း သိရသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကန်ပိုက်တီနယ်စပ်မှတဆင့် တရုတ်နိုင်ငံသားများနှင့် တရုတ်တစ်သျှူးငှက်ပျောတင်ယာဉ်များ ဝင်/ထွက်နေမှုကို တားဆီးပေးရန် ဒေသလွှတ်တော်ကိုယ်စားလှယ် ၂ဦးဖြစ်သူ ဦးဇယ်ခေါင်နှင့် ဦးလဂန်ဇယ်ဂျုံးတို့က မတ် ၂၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံသို့ စာပေးပို့တောင်းဆိုခဲ့သည်။

မတ် ၉ရက်နေ့မှ ၂၂ ရက်နေ့အထိ ကချင်ပြည်နယ် ကန်ပိုက်တီနယ်စပ်ဂိတ်မှ ဝင်/ထွက်ပြုလုပ်ခဲ့သော တရုတ်နိုင်ငံသား နေ့စဉ် လူဦးရေ ၅၀၀ ပတ်ဝန်းကျင်ရှိကြောင်း သိရသည်။ယင်းနေ့ရက်အတွင်း အဖျား ရှိသော တရုတ်လူမျိုး ၂ဦးတွေ့ရှိခဲ့ရပြီး ၎င်းတို့ကို မြန်မာနိုင်ငံတွင်းအဝင်မခံပဲ ပြန်လွှတ်ခဲ့ကြောင်း သိရသည်။
ref-News Ambassador #Myanmar_Online_News

0 comments:

Post a Comment