Wednesday, March 25, 2020

COVID-19ကြောင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံအစိုးရ၏ လေဆိပ်ဆိုင်ရာ အစီအမံများအသိပေးနှိုးဆော်ချက်

Image may contain: text

အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ(COVID-19)ပြန့်နှံ့မှု တားဆီးကာကွယ်ရန် ထိုင်းနိုင်ငံအစိုးရ၊ လေကြောင်းညွှန်ကြားမှုဦးစီးဌာန (Civil Aviation Authority of Thailand – CAAT) မှ ၁၉-၃-၂၀၂၀ ရက်မှစတင်၍ ထိုင်းနိုင်ငံသို့ ဝင်ရောက်မည့် (သို့မဟုတ်) ဖြတ်သန်းသွားမည့် နိုင်ငံခြားသားခရီးသည်များအား (၇၂)နာရီအတွင်း ထုတ်ပေးထားသော COVID-19 ရောဂါကင်းရှင်းကြောင်း ဓါတ်ခွဲခန်းဆေးစစ်ချက် အထောက်အထားနှင့် ထိုင်းနိုင်ငံတွင် ဆေးဝါး ကုသခံယူမှုနှင့် COVID-19 အကျုံးဝင်မှုရှိသည့် ကျန်းမာရေးအာမခံ (အမေရိကန်ဒေါ်လာ တစ်သိန်းအကျုံးဝင်သည့်) အားတင်ပြရန် လိုအပ်ကြောင်း ညွှန်ကြားချက် ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါသည်။

သို့ရာတွင် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအပါအဝင် တတိယနိုင်ငံများသို့ ပြန်ကြမည့် ခရီးသည်များ၏ အရေးပေါ်လိုအပ်ချက်ကို ဖြေရှင်းပေးနိုင်ရေးအတွက် ထိုင်းနိုင်ငံ၊ လေကြောင်း ညွှန်ကြားမှုဦးစီးဌာနမှ အောက်ပါအချက်နှစ်ချက်ကို အထူးကင်းလွတ်ခွင့်အဖြစ် ခွင့်ပြုပေးမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်-
(က) ထိုင်းနိုင်ငံမှတစ်ဆင့် တတိယနိုင်ငံသို့ သွားရောက်မည့် နိုင်ငံခြားသား ခရီးသည် များသည် ထိုင်းနိုင်ငံ၊ လေဆိပ်အတွင်း ကူးပြောင်းချိန် (Transit Time) သည် ၂၄ နာရီထက်မပိုရန် လိုအပ်ကြောင်း၊
(ခ) လေကြောင်းဖြင့် သွားလာနိုင်သော ကျန်းမာရေးထောက်ခံစာ (“Fly to Fit” Health Certificate) ပြသရန် လိုအပ်ကြောင်း။

ယခု အထူးကင်းလွတ်ခွင့်သည် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်၊ (ထိုင်းဒေသ စံတော်ချိန် ၂၃၅၉ နာရီ) အထိ အသက်ဝင်မည် ဖြစ်ပါသည်။
ထို့ကြောင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် ရှိမည်ဆိုပါက၊ လေဆိပ်ရှိ လေကြောင်း၌ Check-in ပြုလုပ်ရာတွင် အထက်ပါစာရွက်စာတမ်းများ တင်ပြရန် လိုအပ်မည် ဖြစ်ပါကြောင်းနှင့် လေဆိပ် အဝင်/အထွက်ဆိုင်ရာ ရောဂါထိန်းချုပ်ရေး အစီအမံများကို လိုက်နာကြပါရန် အသိပေးနှိုးဆော် အပ်ပါသည်။
Image may contain: text that says 'ထို့ကြောင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် ရှိမည်ဆိုပါက၊ လေဆိပ်ရှိ လေကြောင်း၌ Check-in ပြုလုပ်ရာတွင် အထက်ပါစာရွက်စာတမ်းများ တင်ပြရန် လိုအပ်မည် ဖြစ်ပါကြောင်းနှင့် လေဆိပ် လေဆိပ် အဝင်/ အဝင်/အထွက်ဆိုင်ရာ ရောဂါထိန်းချုပ်ရေး အစီအမံများကို လိုက်နာကြပါရန် အသိပေးနှိုးဆော် အပ်ပါသည်။ မြန်မာသံရုံး တိုကျိုမြို့ မတ်လ ၂၆ရက်။'
မြန်မာသံရုံး၊ တိုကျိုမြို့
<zawgyi>
COVID-19ကြောင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံအစိုးရ၏ လေဆိပ်ဆိုင်ရာ အစီအမံများအသိပေးနှိုးဆော်ချက်
Thursday, March 26, 2020

အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ(COVID-19)ပြန့်နှံ့မှု တားဆီးကာကွယ်ရန် ထိုင်းနိုင်ငံအစိုးရ၊ လေကြောင်းညွှန်ကြားမှုဦးစီးဌာန (Civil Aviation Authority of Thailand – CAAT) မှ ၁၉-၃-၂၀၂၀ ရက်မှစတင်၍ ထိုင်းနိုင်ငံသို့ ဝင်ရောက်မည့် (သို့မဟုတ်) ဖြတ်သန်း သွားမည့် နိုင်ငံခြားသားခရီးသည်များအား (၇၂)နာရီအတွင်း ထုတ်ပေး ထားသော COVID-19 ရောဂါကင်းရှင်းကြောင်း ဓါတ်ခွဲခန်းဆေးစစ်ချက် အထောက်အထားနှင့် ထိုင်းနိုင်ငံတွင် ဆေးဝါး ကုသခံယူမှုနှင့် COVID-19 အကျုံးဝင်မှုရှိသည့် ကျန်းမာရေးအာမခံ (အမေရိကန်ဒေါ်လာ တစ်သိန်းအကျုံးဝင်သည့်) အားတင်ပြရန် လိုအပ်ကြောင်း ညွှန်ကြားချက် ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါသည်။
သို့ရာတွင် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအပါအဝင် တတိယနိုင်ငံများသို့ ပြန်ကြမည့် ခရီးသည်များ၏ အရေးပေါ်လိုအပ်ချက်ကို ဖြေရှင်းပေးနိုင်ရေးအတွက် ထိုင်းနိုင်ငံ၊ လေကြောင်း ညွှန်ကြားမှုဦးစီးဌာနမှ အောက်ပါအချက်နှစ်ချက်ကို အထူးကင်းလွတ်ခွင့်အဖြစ် ခွင့်ပြုပေးမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်-
(က) ထိုင်းနိုင်ငံမှတစ်ဆင့် တတိယနိုင်ငံသို့ သွားရောက်မည့် နိုင်ငံခြားသား ခရီးသည် များသည် ထိုင်းနိုင်ငံ၊ လေဆိပ်အတွင်း ကူးပြောင်းချိန် (Transit Time) သည် ၂၄ နာရီထက်မပိုရန် လိုအပ်ကြောင်း၊
(ခ) လေကြောင်းဖြင့် သွားလာနိုင်သော ကျန်းမာရေးထောက်ခံစာ (“Fly to Fit” Health Certificate) ပြသရန် လိုအပ်ကြောင်း။

ယခု အထူးကင်းလွတ်ခွင့်သည် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်၊ (ထိုင်းဒေသ စံတော်ချိန် ၂၃၅၉ နာရီ) အထိ အသက်ဝင်မည် ဖြစ်ပါသည်။
ထို့ကြောင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် ရှိမည်ဆိုပါက၊ လေဆိပ်ရှိ လေကြောင်း၌ Check-in ပြုလုပ်ရာတွင် အထက်ပါစာရွက်စာတမ်းများ တင်ပြရန် လိုအပ်မည် ဖြစ်ပါကြောင်းနှင့် လေဆိပ် အဝင်/အထွက်ဆိုင်ရာ ရောဂါထိန်းချုပ်ရေး အစီအမံများကို လိုက်နာကြပါရန် အသိပေးနှိုးဆော် အပ်ပါသည်။
မြန်မာသံရုံးတိုကျိုမြို့

0 comments:

Post a Comment