Wednesday, March 25, 2020

တရုတ်နိုင်ငံတွင်းမှာ COVID-19 ကူးစက်လူနာထပ်မရှိတော့တာကြောင့် ပြည်နယ်တစ်ချို့ ပိတ်ဆို့မှု ရုပ်သိမ်း

Image may contain: 3 people, people standing and crowd

တရုတ်နိုင်ငံမှာ ပြည်တွင်းဗိုင်းရပ်စ်ကူးစက်လူနာ ထပ်တိုးအရေအတွက် မရှိတော့တာကြောင့် ဟူပေပြည်နယ်မှာ တင်းကြပ်စွာ ကန့်သတ်ပိတ်ပင်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို ရုပ်သိမ်းလိုက်ပြီ ဖြစ်တယ်လို့ မတ်လ ၂၅ ရက်နေ့မှာ သိရပါတယ်။

ဒါပေမယ့်လည်း ပြည်ပက ဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်ကူးစက်လူနာ ၄၇ ဦး ထပ်မံတွေ့ရှိရတယ်လို့ နိုင်ငံကျန်းမာရေး ကော်မရှင်က ပြောကြားပါတယ်။ အခုဆိုရင် တရုတ်နိုင်ငံမှာ နိုင်ငံတွင်း ဗိုင်းရပ်စ်ကူးစက် လူနာ ထပ်တိုးအရေအတွက် မရှိတော့ပေမယ့် ပြည်ပမှ ရောက်ရှိလာသူတွေထဲမှာတော့ ဗိုင်းရပ်စ်ကူးစက်လူနာ အရေအတွက် ထပ်တိုးနေတာ တွေ့ရပါတယ်။
ပြည်ပမှဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်ကူးစက်လူနာ စုစုပေါင်း ၄၇၄ ဦး ရှိနေပြီး အများစုဟာ တရုတ်နိုင်ငံ သားတွေ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ သေဆုံးသူ ၄ ဦး ထပ်တိုးခဲ့ပြီး ၎င်းတို့ ထဲမှ ၃ ဦးဟာ ဟူပေပြည်နယ်မှ ဖြစ်တယ်လို့ သိရပါတယ်။
လူဦးရေ သန်း ၅၀ ကျော်နေထိုင်တဲ့ ဟူပေပြည်နယ်ကို ပိတ်ဆို့ကန့်သတ်ထားရာမှ ရုပ်သိမ်းပေးမှာဖြစ်ပြီး ကျန်းမာတဲ့ နေထိုင်သူတွေ ထွက်ခွာနိုင်အောင် အချို့လေဆိပ်တွေနဲ့ ဘူတာရုံတွေကိုလည်း ဖွင့်လှစ်ထား ကြောင်း နိုင်ငံက ကြေညာခဲ့ပါတယ်။ ဗိုင်းရပ်စ်စတင်ကူးစက်ပျံ့ပွားရာ ဝူဟန်မြို့မှ နေထိုင်သူတွေကိုတော့ လာမယ့် ဧပြီ ၈ ရက်နေ့မှာ ထွက်ခွာသွားလာခွင့် ပြုပေးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဟူပေပြည်နယ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ပိတ်ဆို့ကန့်သတ်ဖို့ အမိန့်ချမှတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ စည်းမျဉ်းတွေ တဖြည်းဖြည်းလျှော့ချလိုက်ပြီး မကြာသေးမီရက်များက ပြည်နယ်အတွင်းရှိ ဒေသများသို့ ပြောင်းရွှေ့သွားလာခွင့်နဲ့ လုပ်ငန်းခွင်သို့ ဝင်ရောက်ခွင့်ကို ပြန်လည်ခွင့်ပြုခဲ့ပါတယ်။ စာသင် ကျောင်းတွေကတော့ ပိတ်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။
တရုတ်ပြည်မကြီးမှာ စုစုပေါင်း COVID-19 ကူးစက်လူနာ ၈၁၂၀၀ ကျော်ရှိနေပြီး သေဆုံးသူကတော့ ၃၂၈၁ ဦး ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံဟာ ပြည်ပမှ ဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်ကူးစက်လူနာ အရေအတွက်တွေ များပြားလာတာကြောင့် စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေပေမယ့် နိုင်ငံအနေနဲ့ ဒီရောဂါဖြစ်ပွား မှုကို ထိန်းချုပ်ထားနိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။
Ref : channelnewsasia
#Myanmar_Online_News
>>zawgyi<<
တရုတ်နိုင်ငံတွင်းမှာ COVID-19 ကူးစက်လူနာထပ်မရှိတော့တာကြောင့် ပြည်နယ်တစ်ချို့ ပိတ်ဆို့မှု ရုပ်သိမ်း
Thursday, March 26, 2020

တရုတ်နိုင်ငံမှာ ပြည်တွင်းဗိုင်းရပ်စ်ကူးစက်လူနာ ထပ်တိုးအရေအတွက် မရှိတော့တာကြောင့် ဟူပေ ပြည်နယ်မှာ တင်းကြပ်စွာ ကန့်သတ်ပိတ်ပင်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို ရုပ်သိမ်းလိုက်ပြီ ဖြစ်တယ်လို့ မတ်လ ၂၅ ရက်နေ့မှာ သိရပါတယ်။
ဒါပေမယ့်လည်း ပြည်ပက ဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်ကူးစက်လူနာ ၄၇ ဦး ထပ်မံတွေ့ရှိရတယ်လို့ နိုင်ငံကျန်းမာရေး ကော်မရှင်က ပြောကြားပါတယ်။ အခုဆိုရင် တရုတ်နိုင်ငံမှာ နိုင်ငံတွင်း ဗိုင်းရပ်စ်ကူးစက် လူနာ ထပ်တိုးအရေအတွက် မရှိတော့ပေမယ့် ပြည်ပမှ ရောက်ရှိလာသူတွေထဲမှာတော့ ဗိုင်းရပ်စ်ကူးစက်လူနာ အရေအတွက် ထပ်တိုးနေတာ တွေ့ရပါတယ်။
ပြည်ပမှဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်ကူးစက်လူနာ စုစုပေါင်း ၄၇၄ ဦး ရှိနေပြီး အများစုဟာ တရုတ်နိုင်ငံ သားတွေ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ သေဆုံးသူ ၄ ဦး ထပ်တိုးခဲ့ပြီး ၎င်းတို့ ထဲမှ ၃ ဦးဟာ ဟူပေပြည်နယ်မှ ဖြစ်တယ်လို့ သိရပါတယ်။
လူဦးရေ သန်း ၅၀ ကျော်နေထိုင်တဲ့ ဟူပေပြည်နယ်ကို ပိတ်ဆို့ကန့်သတ်ထားရာမှ ရုပ်သိမ်းပေးမှာဖြစ်ပြီး ကျန်းမာတဲ့ နေထိုင်သူတွေ ထွက်ခွာနိုင်အောင် အချို့လေဆိပ်တွေနဲ့ ဘူတာရုံတွေကိုလည်း ဖွင့်လှစ်ထား ကြောင်း နိုင်ငံက ကြေညာခဲ့ပါတယ်။ ဗိုင်းရပ်စ်စတင်ကူးစက်ပျံ့ပွားရာ ဝူဟန်မြို့မှ နေထိုင်သူတွေကိုတော့ လာမယ့် ဧပြီ ၈ ရက်နေ့မှာ ထွက်ခွာသွားလာခွင့် ပြုပေးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဟူပေပြည်နယ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ပိတ်ဆို့ကန့်သတ်ဖို့ အမိန့်ချမှတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ စည်းမျဉ်းတွေ တဖြည်းဖြည်းလျှော့ချလိုက်ပြီး မကြာသေးမီရက်များက ပြည်နယ်အတွင်းရှိ ဒေသများသို့ ပြောင်းရွှေ့သွားလာခွင့်နဲ့ လုပ်ငန်းခွင်သို့ ဝင်ရောက်ခွင့်ကို ပြန်လည်ခွင့်ပြုခဲ့ပါတယ်။ စာသင် ကျောင်းတွေကတော့ ပိတ်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။
တရုတ်ပြည်မကြီးမှာ စုစုပေါင်း COVID-19 ကူးစက်လူနာ ၈၁၂၀၀ ကျော်ရှိနေပြီး သေဆုံးသူကတော့ ၃၂၈၁ ဦး ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံဟာ ပြည်ပမှ ဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်ကူးစက်လူနာ အရေအတွက်တွေ များပြားလာတာကြောင့် စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေပေမယ့် နိုင်ငံအနေနဲ့ ဒီရောဂါဖြစ်ပွား မှုကို ထိန်းချုပ်ထားနိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။
Ref : channelnewsasia

0 comments:

Post a Comment