Wednesday, March 25, 2020

COVID-19 ကူးစက်နှုန်းနဲ့ သေဆုံးမှုနှုန်းတွေ ကျဆင်းလာပြီဖြစ်တဲ့ အီတလီနိုင်ငံအခြေအနေ

အီတလီနိုင်ငံဟာ ပြီးခဲ့သည့် ရက်များအတွင်းက နေ့စဉ်သေဆုံးနှုန်း ၇ ရာကျော်ရှိနေရာမှာ ယမန်နေ့တွင် ၆၈၃ဦးသို့ကျဆင်းလာခဲ့ပြီး၊ အသစ်ကူးစက်မှုနှုန်းမှာလည်း ပြိုင်တူပင်ကျဆင်းလာပြီဖြစ်သည်။

ပြီးခဲ့သည့်စနေနေ့က ယင်းနှုန်းများ စံချိန်တင်မြင့်တက်ခဲ့ပြီး၊ တနင်္ဂနွေနှင့် တနင်္လာနေ့တို့တွင် စတင်ကျဆင်းလာကာ အင်္ဂါနေ့တွင် အနည်းငယ်မြင့်တက်လာပြီး၊ ယခု ထပ်မံကျဆင်းလာခြင်းဖြစ်သည်။ စနေနေ့က သေဆုံးသူဦးရေ ၇၉၃ ဦး၊ တနင်္ဂနွေနေ့က ၆၅၀ ဦး၊ တနင်္လာနေ့က ၆၀၂ ဦး၊ အင်္ဂါနေ့တွင် ၇၄၃ဦးနှင့်၊ ဗုဒ္ဓဟူးနေ့တွင် ၆၈၃ ဦး အဖြစ် ကျဆင်းလာခဲ့ခြင်းဖြစ်သည်။
နိုင်ငံတစ်ဝန်းတွင်သာမက ကူးစက်မှုနှင့်သေဆုံးနှုန်းအမြင့်မားဆုံးဖြစ်သည့် အီတလီမြောက်ပိုင်း လွန်ဘာဒီဒေသတွင်လည်း သိသိသာသာပင်ကျဆင်းလာခဲ့ကြောင်းသိရသည်။ အီတလီတစ်နိုင်ငံလုံး lockdown ချခဲ့သည့် မတ်လ ၉ ရက်နေ့မှစတင်ရေတွက်လျှင် ရက်သတ္တ ၂ပတ်နှင့် ၂ ရက်အကြာတွင် ယခုကဲ့သို့ မျှော်လင့်ချက် ရောင်ခြည်သန်းလာခြင်းကို စတင်တွေ့မြင်ရခြင်းဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတို့ကဆိုသည်။
အီတလီနိုင်ငံတွင် လက်ရှိအချိန်အထိ သိရသမျှ COVID-19 အတည်ပြုမှုစုစုပေါင်း ၇၄၃၈၆ ရှိပြီး၊ သေဆုံးသူစုစုပေါင်း ၇၅၀၃ ဦးရှိကာ ၉၃၆၂ ဦး ကုသပျောက်ကင်းခဲ့ပြီး ၃၄၈၉ ဦးမှာ စိုးရိမ်ရသော အခြေအနေတွင်ရှိကြောင်းသိရသည်။ COVID-19 စတင်ခဲ့သည့် တရုတ်နိုင်ငံတွင် ယခုအချိန်အထိ အတည်ပြုလူနာ ၈၁၂၁၈ ဦးရှိပြီး၊ သေဆုံးသူ ၃၂၈၁ ဦးရှိကာ ၇၃၆၅၀ ဦးကို ကုသပျောက်ကင်းခဲ့ကြောင်းသိရသည်။
Image may contain: one or more people and people sitting
No photo description available.
No photo description available.
Image may contain: people sitting and indoor
Image may contain: one or more people, people standing, shoes, child and outdoor
Image may contain: one or more people and outdoor
Image may contain: one or more people and indoor

Source: Daily Mail
#Myanmar_Online_News
>>zawgyi<<
COVID-19 ကူးစက်နှုန်းနဲ့ သေဆုံးမှုနှုန်းတွေ ကျဆင်းလာပြီဖြစ်တဲ့ အီတလီနိုင်ငံအခြေအနေ
Thursday, March 26, 2020

အီတလီနိုင်ငံဟာ ပြီးခဲ့သည့် ရက်များအတွင်းက နေ့စဉ်သေဆုံးနှုန်း ၇ ရာကျော်ရှိနေရာမှာ ယမန်နေ့တွင် ၆၈၃ဦးသို့ကျဆင်းလာခဲ့ပြီး၊ အသစ်ကူးစက်မှုနှုန်းမှာလည်း ပြိုင်တူပင်ကျဆင်းလာပြီဖြစ်သည်။
ပြီးခဲ့သည့်စနေနေ့က ယင်းနှုန်းများ စံချိန်တင်မြင့်တက်ခဲ့ပြီး၊ တနင်္ဂနွေနှင့် တနင်္လာနေ့တို့တွင် စတင်ကျဆင်းလာကာ အင်္ဂါနေ့တွင် အနည်းငယ်မြင့်တက်လာပြီး၊ ယခု ထပ်မံကျဆင်းလာခြင်းဖြစ်သည်။ စနေနေ့က သေဆုံးသူဦးရေ ၇၉၃ ဦး၊ တနင်္ဂနွေနေ့က ၆၅၀ ဦး၊ တနင်္လာနေ့က ၆၀၂ ဦး၊ အင်္ဂါနေ့တွင် ၇၄၃ဦးနှင့်၊ ဗုဒ္ဓဟူးနေ့တွင် ၆၈၃ ဦး အဖြစ် ကျဆင်းလာခဲ့ခြင်းဖြစ်သည်။
နိုင်ငံတစ်ဝန်းတွင်သာမက ကူးစက်မှုနှင့်သေဆုံးနှုန်းအမြင့်မားဆုံးဖြစ်သည့် အီတလီမြောက်ပိုင်း လွန်ဘာဒီဒေသတွင်လည်း သိသိသာသာပင်ကျဆင်းလာခဲ့ကြောင်းသိရသည်။ အီတလီတစ်နိုင်ငံလုံး lockdown ချခဲ့သည့် မတ်လ ၉ ရက်နေ့မှစတင်ရေတွက်လျှင် ရက်သတ္တ ၂ပတ်နှင့် ၂ ရက်အကြာတွင် ယခုကဲ့သို့ မျှော်လင့်ချက် ရောင်ခြည်သန်းလာခြင်းကို စတင်တွေ့မြင်ရခြင်းဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတို့ကဆိုသည်။
အီတလီနိုင်ငံတွင် လက်ရှိအချိန်အထိ သိရသမျှ COVID-19 အတည်ပြုမှုစုစုပေါင်း ၇၄၃၈၆ ရှိပြီး၊ သေဆုံးသူစုစုပေါင်း ၇၅၀၃ ဦးရှိကာ ၉၃၆၂ ဦး ကုသပျောက်ကင်းခဲ့ပြီး ၃၄၈၉ ဦးမှာ စိုးရိမ်ရသော အခြေအနေတွင်ရှိကြောင်းသိရသည်။ COVID-19 စတင်ခဲ့သည့် တရုတ်နိုင်ငံတွင် ယခုအချိန်အထိ အတည်ပြုလူနာ ၈၁၂၁၈ ဦးရှိပြီး၊ သေဆုံးသူ ၃၂၈၁ ဦးရှိကာ ၇၃၆၅၀ ဦးကို ကုသပျောက်ကင်းခဲ့ကြောင်းသိရသည်။
Source: Daily Mail

0 comments:

Post a Comment