Wednesday, March 25, 2020

ထိုင်းစစ်သား ၅ ဦး COVID-19 ကူးစက်ခံရပြီးနောက် စစ်ဦးစီးချုပ်က ကာဖျူးထုတ်


Image may contain: 2 people
ထိုင်းစစ်တပ်မှာ COVID-19 ကူးစက်လူနာ ၅ ဦး တွေ့ရှိ ထားပြီဖြစ်တာကြောင့် ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အပီရတ် ကောင်ဆမ်ပေါင် က ဗုဒ္ဓဟူးနေ့မှာ စစ်သားတွေအတွက် အပြင်မထွက်ရ ကာဖျူးမိန့် ထုတ်လိုက်ပြီး စစ်သား ၂၃၈ ဦးကို သီးခြားခွဲ စောင့်ကြည့်မှုတွေ လုပ်ခဲ့ကြောင်း သိရပါတယ်။
စစ်တပ်အတွက် ကာဖျူးထုတ်လိုက်တာဟာ အကောင်းဆုံးရွေးချယ်မှု ဖြစ်လိမ့်မယ်လို့ အပီရတ် က ဆုံးဖြတ်ခဲ့ယူဆခဲ့ကြောင်း သိရပါတယ်။

မတ် ၂၅ ရက်ကနေ ဧပြီ ၂၂ ရက်အကြား တစ်ပြည်နယ်မှ တစ်ပြည်နယ် ခရီးသွားလာမှုတွေကို စစ်တပ်ရဲ့ ရည်ရွယ်ချက်တာဝန် အတွက်သာ ခွင့်ပြုမှာဖြစ်ကာ အရေးပေါ် သွားလာရမယ့် ကိစ္စမျိုးကြုံပါက သက်ဆိုင်ရာ တပ်မှူးတွေကို ပထမဆုံး အကြောင်းကြားရမှာဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာအနေအထားနဲ့ နေထိုင်ရမယ့် ကန့်သတ်ချက်ကိုလည်း စစ်တပ်က ချမှတ်မှာဖြစ်တယ်လို့ သိရပါတယ်။

ဗုဒ္ဓဟူးနေ့ သတင်းထုတ်ပြန် ချက်အရ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၀၇ ထပ်တိုးခဲ့ပြီး စုစုပေါင်း ၉၃၄ ဦး ရှိလာပြီလို့ သိရပါတယ်။
Source- The Nation #Myanmar_Online_News

>>zawgyi<<

ထိုင်းစစ်သား ၅ ဦး COVID-19 ကူးစက်ခံရပြီးနောက် စစ်ဦးစီးချုပ်က ကာဖျူးထုတ်
Thursday , March 26 , 2020

ထိုင်းစစ်တပ်မှာ COVID-19 ကူးစက်လူနာ ၅ ဦး တွေ့ရှိ ထားပြီဖြစ်တာကြောင့် ထိုင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အပီရတ် ကောင်ဆမ်ပေါင် က ဗုဒ္ဓဟူးနေ့မှာ စစ်သားတွေအတွက် အပြင်မထွက်ရ ကာဖျူးမိန့် ထုတ်လိုက်ပြီး စစ်သား ၂၃၈ ဦးကို သီးခြားခွဲ စောင့်ကြည့်မှုတွေ လုပ်ခဲ့ကြောင်း သိရပါတယ်။

စစ်တပ်အတွက် ကာဖျူးထုတ်လိုက်တာဟာ အကောင်းဆုံးရွေးချယ်မှု ဖြစ်လိမ့်မယ်လို့ အပီရတ် က ဆုံးဖြတ်ခဲ့ယူဆခဲ့ကြောင်း သိရပါတယ်။

မတ် ၂၅ ရက်ကနေ ဧပြီ ၂၂ ရက်အကြား တစ်ပြည်နယ်မှ တစ်ပြည်နယ် ခရီးသွားလာမှုတွေကို စစ်တပ်ရဲ့ ရည်ရွယ်ချက်တာဝန် အတွက်သာ ခွင့်ပြုမှာဖြစ်ကာ အရေးပေါ် သွားလာရမယ့် ကိစ္စမျိုးကြုံပါက သက်ဆိုင်ရာ တပ်မှူးတွေကို ပထမဆုံး အကြောင်းကြားရမှာဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာအနေအထားနဲ့ နေထိုင်ရမယ့် ကန့်သတ်ချက်ကိုလည်း စစ်တပ်က ချမှတ်မှာဖြစ်တယ်လို့ သိရပါတယ်။

ဗုဒ္ဓဟူးနေ့ သတင်းထုတ်ပြန် ချက်အရ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၀၇ ထပ်တိုးခဲ့ပြီး စုစုပေါင်း ၉၃၄ ဦး ရှိလာပြီလို့ သိရပါတယ်။
Source- The Nation #Myanmar_Online_News

0 comments:

Post a Comment