Wednesday, March 25, 2020

တတိယမြောက် COVID-19 လူနာနှင့် လေယာဉ်အတူစီးလာသူက ကျန်းမာရေးဦးစီးဌာနသို့ ကိုယ်တိုင်လာရောက် အစစ်ခံ



မြန်မာနိုင်ငံ၏ တတိယမြောက် COVID-19 လူနာအဖြစ် အတည်ပြုခဲ့သော အင်းစိန်မြို့နယ်တွင် နေထိုင်ခဲ့သူနှင့် လေယာဉ်အတူစီးလာသူက ကျန်းမာရေးဦးစီးဌာနသို့ ကိုယ်တိုင်လာရောက်အစစ်ခံခဲ့ကြောင်း တောင်ဥက္ကလာပမြို့နယ် (၁၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးမင်းက ပြောသည်။

COVID-19 ပိုးတွေ့လူနာ နှင့်အတူ အင်္ဂလန်နိုင်ငံမှ လေ ယာဉ်စီးလာသော တောင်ဥက္က လာပမြို့နယ် (၁၃) ရပ်ကွက်နေ (၃၈)နှစ်အရွယ် ကိုအောင်ကျော် မင်းသည် ဒေသန္တရဆေးခန်းသို့ သွားရောက် အစစ်ဆေးခံခဲ့ပြီး နောက် ရောဂါပိုးသံသယလက္ခ ဏာများမတွေ့ရသဖြင့် နေအိမ် တွင်သာနေထိုင်ရန် ညွှန်ကြားခဲ့ ကြောင်း ဦးအေးမင်းက ပြော သည်။
‘‘အင်းစိန်ကလူနဲ့က မိတ် ဆွေတွေဖြစ်တယ်။ အတူတူလာ တယ်။ လာတဲ့အခါကျတော့ အင်းစိန်က တစ်ယောက်က စောင့်ကြည့်နဲ့ အင်းစိန်ဆေးရုံတင် လိုက်ရတာကို လူမှုကွန်ရက်မှာ တွေ့လိုက်တယ်။ အဲဒီအချိန်မှာ သူကိုယ်တိုင်ပဲ တောင်ဥက္ကလာပ ဒေသန္တရ (၆)ရပ်ကွက်ကို သွား တယ်။ သူ့မှာ ရောဂါပိုးမရှိလို့ အိမ်ပြန်လွှတ်တယ်။ တိုင်းကျန်း မာရေးက ဖုန်းနဲ့ဆက်သွယ်လို့ တောင်ဥက္ကလာပ ကျန်းမာရေးဦး စီးမှူး သူတို့ဆီသွားတယ်။ အပြင် မထွက်ဖို့ မပြုဖို့ မှာကြားခဲ့တယ်’’ ဟု ၎င်းကပြောသည်။
အုပ်ချုပ်ရေးအာဏာပိုင် များနှင့် ကျန်းမာရေးဦးစီးဌာနက သွားရောက်စဉ် ကိုအောင်ကျော် မင်းက ၎င်းတွင် ကလေးနှင့် မိ သားစုရှိသဖြင့် ဂရုတစိုက်နေ ထိုင်နေကြောင်း၊ ရပ်ကွက်အနေ ဖြင့်လည်း မစိုးရိမ်ရန်နှင့် လို အပ်ပါက အစိုးရကစီစဉ်သော ဆေးရုံ များတွင် သွားရောက်နေထိုင်မည် ဟု ပြောဆိုခဲ့ကြောင်း တောင်ဥက္ကလာပ (၁၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဆိုသည်။
“ ရပ်ကွက်ထဲမှာ စင်ကာပူကပြန်လာတာ တွေတဲ့သူတွေလည်းရှိတယ်။ အဲဒါကို လိုက်စစ်ဆေးတယ်။ ဘေးက လမ်းကလူတွေက ဆရာဝန်မတွေ၊သူနာပြု တွေတွေ့တော့ ဓာတ်ပုံခိုးရိုက်ကြတယ်။ အဲဒါကို ရောဂါရှိတာကို လာခေါ်တာကိုငြင်းဆန်တယ်ဆိုပြီး လိုင်းပေါ်တင်ကြတယ်။ အခု ကိုအောင်ကျော်မင်းကလည်း လူမှုကွန်ရက်ပေါ်တင်လိုက်တဲ့ သူကိုလည်း သွားပြောတယ်။ကျွန်တော့်ကို ဆေးရုံကိုခေါ်တာလည်းမဟုတ်ဘူး။ မငြင်းဆန်ဘူး။ ကျွန်တော်ကိုယ်တိုင် အိမ်မှာ ကန့်သတ်ပြီးနေ နေတာ။ ဆေး ရုံကိုလဲသွားထားတယ်။ ဆေးရုံကလည်း မလိုအပ်ဘူး။ ဘယ်မှသာမသွားနဲ့လို့ ပြန်လွှတ်လိုက်တယ်။ ဒီအတွက် အမှားသတင်းတွေ မဖြန့်ပါနဲ့။
ပတ်ဝန်းကျင်မှာရော၊သူ့မိသားစုပါ ဂုဏ်သိက္ခာကျတယ်ဆိုပြီးတော့ ရှင်းပြတယ်။ အဲဒါကို လိုင်းပေါ်တင်တဲ့သူက ဖွလိုက်တော့ တုတ်တပြက်၊ဓားတပြက်နဲ့ ဖြစ်လို့ မီးတန်းရဲခေါ်ပြီး ရှင်းခဲ့ရတာပါ”ဟု ဦးအေးမင်းက ပြောသည်။

ကျန်းမာရေးဌာနအနေဖြင့် လိုအပ်သောစစ်ဆေးမှုများ ပြု လုပ်နေပြီး Home Quarantine ထားရှိထားပါကြောင်းနှင့် ကျန်း မာရေး ကောင်းမွန်လျက်ရှိ ကြောင်း လေးစားစွာတင်ပြပါ သည်ဟူ၍ တောင်ဥက္ကလာပမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာစောနိုင်က ကို အောင်ကျော်မင်းနှင့် ပတ်သက်၍ ၎င်း၏ လူမှုကွန်ရက်တွင် မတ်လ ၂၅ ရက်က ရေးသားခဲ့သည်။
Ref ; 7Day
<zawgyi>
တတိယမြောက် COVID-19 လူနာနှင့် လေယာဉ်အတူစီးလာသူက ကျန်းမာရေးဦးစီးဌာနသို့ ကိုယ်တိုင်လာရောက် အစစ်ခံ
Thursday, March 26, 2020

ရန်ကုန် - မြန်မာနိုင်ငံ၏ တတိယ မြောက် COVID-19 လူနာအဖြစ် အတည်ပြုခဲ့သော အင်းစိန်မြို့ နယ်တွင် နေထိုင်ခဲ့သူနှင့် လေ ယာဉ်အတူစီးလာသူက ကျန်းမာ ရေးဦးစီးဌာနသို့ ကိုယ်တိုင်လာ ရောက်အစစ်ခံခဲ့ကြောင်း တောင် ဥက္ကလာပမြို့နယ် (၁၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးမင်းက ပြောသည်။
COVID-19 ပိုးတွေ့လူနာ နှင့်အတူ အင်္ဂလန်နိုင်ငံမှ လေ ယာဉ်စီးလာသော တောင်ဥက္က လာပမြို့နယ် (၁၃) ရပ်ကွက်နေ (၃၈)နှစ်အရွယ် ကိုအောင်ကျော် မင်းသည် ဒေသန္တရဆေးခန်းသို့ သွားရောက် အစစ်ဆေးခံခဲ့ပြီး နောက် ရောဂါပိုးသံသယလက္ခ ဏာများမတွေ့ရသဖြင့် နေအိမ် တွင်သာနေထိုင်ရန် ညွှန်ကြားခဲ့ ကြောင်း ဦးအေးမင်းက ပြော သည်။
‘‘အင်းစိန်ကလူနဲ့က မိတ် ဆွေတွေဖြစ်တယ်။ အတူတူလာ တယ်။ လာတဲ့အခါကျတော့ အင်းစိန်က တစ်ယောက်က စောင့်ကြည့်နဲ့ အင်းစိန်ဆေးရုံတင် လိုက်ရတာကို လူမှုကွန်ရက်မှာ တွေ့လိုက်တယ်။ အဲဒီအချိန်မှာ သူကိုယ်တိုင်ပဲ တောင်ဥက္ကလာပ ဒေသန္တရ (၆)ရပ်ကွက်ကို သွား တယ်။ သူ့မှာ ရောဂါပိုးမရှိလို့ အိမ်ပြန်လွှတ်တယ်။ တိုင်းကျန်း မာရေးက ဖုန်းနဲ့ဆက်သွယ်လို့ တောင်ဥက္ကလာပ ကျန်းမာရေးဦး စီးမှူး သူတို့ဆီသွားတယ်။ အပြင် မထွက်ဖို့ မပြုဖို့ မှာကြားခဲ့တယ်’’ ဟု ၎င်းကပြောသည်။
အုပ်ချုပ်ရေးအာဏာပိုင် များနှင့် ကျန်းမာရေးဦးစီးဌာနက သွားရောက်စဉ် ကိုအောင်ကျော် မင်းက ၎င်းတွင် ကလေးနှင့် မိ သားစုရှိသဖြင့် ဂရုတစိုက်နေ ထိုင်နေကြောင်း၊ ရပ်ကွက်အနေ ဖြင့်လည်း မစိုးရိမ်ရန်နှင့် လို အပ်ပါက အစိုးရကစီစဉ်သော ဆေးရုံ များတွင် သွားရောက်နေထိုင်မည် ဟု ပြောဆိုခဲ့ကြောင်း တောင်ဥက္ကလာပ (၁၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဆိုသည်။
“ ရပ်ကွက်ထဲမှာ စင်ကာပူကပြန်လာတာ တွေတဲ့သူတွေလည်းရှိတယ်။ အဲဒါကို လိုက်စစ်ဆေးတယ်။ ဘေးက လမ်းကလူတွေက ဆရာဝန်မတွေ၊သူနာပြု တွေတွေ့တော့ ဓာတ်ပုံခိုးရိုက်ကြတယ်။ အဲဒါကို ရောဂါရှိတာကို လာခေါ်တာကိုငြင်းဆန်တယ်ဆိုပြီး လိုင်းပေါ်တင်ကြတယ်။ အခု ကိုအောင်ကျော်မင်းကလည်း လူမှုကွန်ရက်ပေါ်တင်လိုက်တဲ့ သူကိုလည်း သွားပြောတယ်။ကျွန်တော့်ကို ဆေးရုံကိုခေါ်တာလည်းမဟုတ်ဘူး။ မငြင်းဆန်ဘူး။ ကျွန်တော်ကိုယ်တိုင် အိမ်မှာ ကန့်သတ်ပြီးနေ နေတာ။ ဆေး ရုံကိုလဲသွားထားတယ်။ ဆေးရုံကလည်း မလိုအပ်ဘူး။ ဘယ်မှသာမသွားနဲ့လို့ ပြန်လွှတ်လိုက်တယ်။ ဒီအတွက် အမှားသတင်းတွေ မဖြန့်ပါနဲ့။
ပတ်ဝန်းကျင်မှာရော၊သူ့မိသားစုပါ ဂုဏ်သိက္ခာကျတယ်ဆိုပြီးတော့ ရှင်းပြတယ်။ အဲဒါကို လိုင်းပေါ်တင်တဲ့သူက ဖွလိုက်တော့ တုတ်တပြက်၊ဓားတပြက်နဲ့ ဖြစ်လို့ မီးတန်းရဲခေါ်ပြီး ရှင်းခဲ့ရတာပါ”ဟု ဦးအေးမင်းက ပြောသည်။

ကျန်းမာရေးဌာနအနေဖြင့် လိုအပ်သောစစ်ဆေးမှုများ ပြု လုပ်နေပြီး Home Quarantine ထားရှိထားပါကြောင်းနှင့် ကျန်း မာရေး ကောင်းမွန်လျက်ရှိ ကြောင်း လေးစားစွာတင်ပြပါ သည်ဟူ၍ တောင်ဥက္ကလာပမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာစောနိုင်က ကို အောင်ကျော်မင်းနှင့် ပတ်သက်၍ ၎င်း၏ လူမှုကွန်ရက်တွင် မတ်လ ၂၅ ရက်က ရေးသားခဲ့သည်။
Ref ; 7Day

0 comments:

Post a Comment