Tuesday, March 24, 2020

ထိုင်းနိုင်ငံမှလွှဲပြောင်းပေးသည့် တရားမဝင် မြန်မာလုပ်သားများထဲတွင် COVID-19 စောင့်ကြည့်လူနာ (၁၂)ဦး ပါဝင်လာခဲ့ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးပြောကြား

Image may contain: one or more people, crowd and outdoor
ထိုင်းနိုင်ငံကနေ ပြန်လည်လွှဲပြောင်းပေးတဲ့ တရားမဝင် မြန်မာလုပ်သား(၉၂)ယောက်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ(၁၂)ယောက် ပါလာခဲ့တယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးကပြောပါတယ်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)မှာ မတ်(၂၃)ရက်က တရားမဝင် မြန်မာအလုပ်သမားတွေကို ထိုင်းနိုင်ငံကပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တာပါ။
အဲဒီအလုပ်သမားတွေဟာ ထိုင်းနိုင်ငံနေရာအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရသူတွေဖြစ်ပြီး ပြစ်ဒဏ်စေ့လို့ မြန်မာ နိုင်ငံကို ပြန်လည်ပို့ဆောင်ပေးတာလို့ဆိုပါတယ်။ အဲဒီထဲက (၁၂)ယောက်ဟာ ကိုယ်ပူပြီး ဖျားနာနေတာကြောင့်တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကိုပို့ဆောင်ထားပြီး ကိုရိုနာဗိုင်းရပ်စ်(COVID-19) စောင့်ကြည့်လူနာအဖြစ် စစ်ဆေးနေတယ်လို့ဆိုပါတယ်။ ကျန်တဲ့သူတွေကိုတော့ မိုးကုတ်ဝိပဿနာရိပ်သာမှာထားရှိပြီး (၁၄)ရက်စောင့်ကြည့်သွားမှာဖြစ်ပါတယ်။
အဲဒီတရားမဝင် မြန်မာအလုပ်သမားတွေကို မယ်ဆိုင်မြို့ လူဝင်မှုကြီးကြပ်ရေးအရာရှိ Parinya Nuynaem ဦးစီးတဲ့ အဖွဲ့က လွှဲပြောင်းပေးအပ်ခဲ့တာပါ။ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှူး ဦးညီညီဝင်း ဦးဆောင်တဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့စိတ်၊ မြန်မာနိုင်ငံသားများကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီတို့က တာဝန်ရှိတွေက လက်ခံခဲ့ကြပြီး ကျန်းမာရေးဌာနကCOVID-19 ကာကွယ်ရေးအတွက် စစ်ဆေးမှုတွေပြုလုပ်ခဲ့တာပါ။
အဲဒီတရားမဝင် မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံအတွင်း အထောက်အထားမပါပဲ ဝင်ရောက်မှု၊ သတ်မှတ်နယ်မြေကျော်လွန်သွားလာမှု၊ နေထိုင်ခွင့် သက်တမ်းကျော်လွန်မှု စတဲ့အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပါတယ်။
Image may contain: one or more people and people standing
ref-onenew
>>Zawgyi<<

0 comments:

Post a Comment