Saturday, April 25, 2020

အာရှဒေသတွင်းက ကိုရိုနာဗိုင်းရပ်စ် COVID-19 နဲ့ ပတ်သက်တဲ့ နောက်ဆုံးရ သတင်းများ

No photo description available.

အာရှဒေသတွင်းက ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါနဲ့ပတ်တဲ့ ဧပြီ ၂၄ ရက်နေ့ သတင်းမှာအောက်ပါအတိုင်းဖြစ်သည်။

-သီရိလင်္ကာ သင်္ဘောသား သီးသန့်ခွဲခြားထား-
သီရိလင်္ကာသင်္ဘောသား အယောက် ၃၀ မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိရတဲ့အတွက် ရေတပ်အနီးက ယာယီတဲထိုးပြီး သီးသန့်ခွဲခြားထားကြောင်း သိရပါတယ်။ ကိုလံဘို မြို့အဝင် ဝါလိစာရမှာရှိတဲ့ ရေတပ်စခန်းတစ်ခုလုံးကို သီးသန့်ခွဲခြားစောင့်ကြည့်နေကြောင်း သီရိလင်္ကာစစ်တပ်က ပြောပါတယ်။ သင်္ဘောသားတွေ အပါအဝင် နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူပေါင်း ၃၆၈ ဦးရှိပြီလို့ သိရပါတယ်။
-တားမြစ်မှုတွေ ရုပ်သိမ်းလိုက်တဲ့ ဗီယက်နမ်-
ဗီယက်နမ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်နှုန်းကျဆင်းသွားတဲ့အတွက် တားမြစ်ချက်တွေကို ဧပြီ ၂၃ ရက်နေ့ကစပြီး ရုပ်သိမ်းကြောင်း သိရပါတယ်။ တရုတ်နိုင်ငံနဲ့ ရှည်လျားတဲ့ နယ်စပ်ချင်းထိစပ်နေပေမယ့် ဗီယက်နမ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တစ်ဦးတစ်ယောက်မှ မရှိတဲ့ အရှေ့တောင်အာရှနိုင်ငံ ဖြစ်ပါတယ်။ ကူးစက်ခံရသူ စုစုပေါင်းဟာလည်း ၂၆၈ ဦးသာရှိကြောင်း တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။
-တရုတ်နိုင်ငံက COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် သန်း ၃၀ WHO ကို ထပ်မံလှူဒါန်း-
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို အလှူငွေ အများဆုံးပေးတဲ့ အမေရိကန်နိုင်ငံက WHO ဟာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကိစ္စနဲ့ပတ်သတ်ပြီး စီမံအုပ်ချုပ်မှု လွဲမှားနေတယ်လို့ စွဲစွပ်ပြီး အလှူငွေရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၃၀ ထပ်မံလှူဒါန်းမယ်လို့ မနေ့က ပြောကြားပါတယ်။ ကမ္ဘာတစ်ဝန်းက ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ကို တရုတ်နိုင်ငံက လှူဒါန်းပြီးဖြစ်တယ်။
-တိုကျိုအိုလံပစ်ပြိုင်ပွဲကို ရက်ထပ်မရွှေ့တော့ဘူးလို့ ကျင်းပရေးကော်မတီပြော-
ဂျပန်နိုင်ငံမှာ ကျင်းပမယ့် တိုကျို ၂၀၂၀ အိုလံပစ်ပြိုင်ပွဲကို တစ်နှစ်တိတိရွှေ့ဆိုင်းလိုက်ရာ လာမယ့်နှစ် ၂၀၂၁ ဂျူလိုင် ၂၃ ရက်နေ့တွင် ကျင်းပမယ်လို့ ရွှေ့ဆိုင်းလိုက်ပါတယ်။ အဲဒီရွှေ့ဆိုင်းရက်ထက် နောက်ကျပြီး ကျင်းပဖို့ မဖြစ်နိုင်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီဉက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။
-တရုတ်နိုင်ငံမှာ သေဆုံးသူ မရှိတာ (၈)ရက်ရှိပြီလို့ သိရ-
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူ မရှိတာ (၈)ရက်ရှိသွားပြီလို့ နေ့စဉ်ထုတ်ပြန်ချက်အရ သိရပါတယ်။ ရောဂါကူးစက်ခံရသူ ၁၀ ဦးရှိရာ ၆ ဦးမှာ နိုင်ငံခြားမှ လာရောက်သူတွေဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
-ဩစတြေးလျားနိုင်ငံက WHO မှာ လက်နက်စုံစမ်းရေးအဖွဲ့လိုမျိုး ဗိုင်းရပ်စ်စုံစမ်းရေး အာဏာရှိစေချင်တယ်လို့ ပြောကြား-
ဩစတြေးလျားနိုင်ငံ ဝန်ကြီးချုပ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှာ လက်နက်စုံစမ်းရေးလိုမျိုး ဗိုင်းရပ်စ်စုံစမ်းရေး အာဏာရှိစေချင်ကြောင်း၊ အနာဂတ်မှာ ဗိုင်းရပ်စ်စတင် ပြန့်ပွားရာနိုင်ငံတွေကို ဝင်ရောက်စစ်ဆေးခွင့်ရရှိခြင်းဖြင့် ကာကွယ်နိုင်ရန်ဖြစ်တယ်လို့ ပြောကြားပါတယ်။
Image may contain: basketball court
Image may contain: one or more people and people standing
Image may contain: 1 person, standing and outdoor
ကိုးကား - AFP
Ref : MDN

>>Zawgyi<<
အာရှဒေသတွင်းက ကိုရိုနာဗိုင်းရပ်စ် COVID-19 နဲ့ ပတ်သက်တဲ့ နောက်ဆုံးရ သတင်းများ
Saturday , Aprial 25 , 2020

အာရှဒေသတွင်းက ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါနဲ့ပတ်တဲ့ ဧပြီ ၂၄ ရက်နေ့ သတင်းမှာအောက်ပါအတိုင်းဖြစ်သည်။
-သီရိလင်္ကာ သင်္ဘောသား သီးသန့်ခွဲခြားထား-
သီရိလင်္ကာသင်္ဘောသား အယောက် ၃၀ မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိရတဲ့အတွက် ရေတပ်အနီးက ယာယီတဲထိုးပြီး သီးသန့်ခွဲခြားထားကြောင်း သိရပါတယ်။ ကိုလံဘို မြို့အဝင် ဝါလိစာရမှာရှိတဲ့ ရေတပ်စခန်းတစ်ခုလုံးကို သီးသန့်ခွဲခြားစောင့်ကြည့်နေကြောင်း သီရိလင်္ကာစစ်တပ်က ပြောပါတယ်။ သင်္ဘောသားတွေ အပါအဝင် နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူပေါင်း ၃၆၈ ဦးရှိပြီလို့ သိရပါတယ်။
-တားမြစ်မှုတွေ ရုပ်သိမ်းလိုက်တဲ့ ဗီယက်နမ်-
ဗီယက်နမ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်နှုန်းကျဆင်းသွားတဲ့အတွက် တားမြစ်ချက်တွေကို ဧပြီ ၂၃ ရက်နေ့ကစပြီး ရုပ်သိမ်းကြောင်း သိရပါတယ်။ တရုတ်နိုင်ငံနဲ့ ရှည်လျားတဲ့ နယ်စပ်ချင်းထိစပ်နေပေမယ့် ဗီယက်နမ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တစ်ဦးတစ်ယောက်မှ မရှိတဲ့ အရှေ့တောင်အာရှနိုင်ငံ ဖြစ်ပါတယ်။ ကူးစက်ခံရသူ စုစုပေါင်းဟာလည်း ၂၆၈ ဦးသာရှိကြောင်း တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။
-တရုတ်နိုင်ငံက COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် သန်း ၃၀ WHO ကို ထပ်မံလှူဒါန်း-
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို အလှူငွေ အများဆုံးပေးတဲ့ အမေရိကန်နိုင်ငံက WHO ဟာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကိစ္စနဲ့ပတ်သတ်ပြီး စီမံအုပ်ချုပ်မှု လွဲမှားနေတယ်လို့ စွဲစွပ်ပြီး အလှူငွေရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၃၀ ထပ်မံလှူဒါန်းမယ်လို့ မနေ့က ပြောကြားပါတယ်။ ကမ္ဘာတစ်ဝန်းက ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ကို တရုတ်နိုင်ငံက လှူဒါန်းပြီးဖြစ်တယ်။
-တိုကျိုအိုလံပစ်ပြိုင်ပွဲကို ရက်ထပ်မရွှေ့တော့ဘူးလို့ ကျင်းပရေးကော်မတီပြော-
ဂျပန်နိုင်ငံမှာ ကျင်းပမယ့် တိုကျို ၂၀၂၀ အိုလံပစ်ပြိုင်ပွဲကို တစ်နှစ်တိတိရွှေ့ဆိုင်းလိုက်ရာ လာမယ့်နှစ် ၂၀၂၁ ဂျူလိုင် ၂၃ ရက်နေ့တွင် ကျင်းပမယ်လို့ ရွှေ့ဆိုင်းလိုက်ပါတယ်။ အဲဒီရွှေ့ဆိုင်းရက်ထက် နောက်ကျပြီး ကျင်းပဖို့ မဖြစ်နိုင်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီဉက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။
-တရုတ်နိုင်ငံမှာ သေဆုံးသူ မရှိတာ (၈)ရက်ရှိပြီလို့ သိရ-
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူ မရှိတာ (၈)ရက်ရှိသွားပြီလို့ နေ့စဉ်ထုတ်ပြန်ချက်အရ သိရပါတယ်။ ရောဂါကူးစက်ခံရသူ ၁၀ ဦးရှိရာ ၆ ဦးမှာ နိုင်ငံခြားမှ လာရောက်သူတွေဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
-ဩစတြေးလျားနိုင်ငံက WHO မှာ လက်နက်စုံစမ်းရေးအဖွဲ့လိုမျိုး ဗိုင်းရပ်စ်စုံစမ်းရေး အာဏာရှိစေချင်တယ်လို့ ပြောကြား-
ဩစတြေးလျားနိုင်ငံ ဝန်ကြီးချုပ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှာ လက်နက်စုံစမ်းရေးလိုမျိုး ဗိုင်းရပ်စ်စုံစမ်းရေး အာဏာရှိစေချင်ကြောင်း၊ အနာဂတ်မှာ ဗိုင်းရပ်စ်စတင် ပြန့်ပွားရာနိုင်ငံတွေကို ဝင်ရောက်စစ်ဆေးခွင့်ရရှိခြင်းဖြင့် ကာကွယ်နိုင်ရန်ဖြစ်တယ်လို့ ပြောကြားပါတယ်။
ကိုးကား - AFP
Ref : MDN

0 comments:

Post a Comment