Wednesday, October 26, 2022

မြန်မာပြည်သူတစ်ရပ်လုံးက စစ်တပ်ရဲ့အုပ်ချုပ်မှုကို လက်မခံကြတော့ဘူးလို့ ကုလအထူးကိုယ်စားလှယ်ပြော

နိုင်ငံရေးအခြေအနေမှန်အရ မြန်မာပြည်သူတစ်ရပ်လုံးက စစ်တပ်ရဲ့အုပ်ချုပ်မှုကို လက်မခံကြတော့ဘူးလို့ ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက ကုလညီလာခံမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်း ဟေဇာသည် အောက်တိုဘာလ ၂၅ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ အစီရင်ခံစာတစ်စောင်ကို တင်ပြခဲ့ပြီး ယင်းကဲ့သို့ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးအခြေအနေမှန်အရ မြန်မာပြည်သူများသည် ပြောင်းလဲမှုတွေကို တောင်းဆိုနေကြသလို ပဋိပက္ခတွေကြောင့် ပြည်သူတွေ အမြောက်အမြား ဆက်လက်အသက်ဆုံးပါးနေတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး၊ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာကူညီရေး ပဋိပက္ခတွေကြောင့် ဒေသအတွင်း အခြေအနေတွေကို အကြီးအကျယ် ထိခိုက်နေပြီး မြန်မာပြည်သူ ၁၃ သန်းကျော် အစားအစာ ပြတ်လပ်မှုဒဏ်ကို ခံစားနေရကာ လူဦးရေ ၁၃သိန်းကျော် နေရပ်စွန့်ခွာ ထွက်ြပေးနေရတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ NUG အနေနဲ့လည်း အရပ်သားပြည်သူများကို ကာကွယ်စောင့်ရှောက်ရေးနဲ့ ကူညီရေးအတွက် သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ ဖော်ဆောင်ဖို့ သူမအား မေတ္တာရပ်ခံထားကြတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်က အခမ်းအနားတစ်ခုအား ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားတွေ အမြောက်အမြားသေဆုံးမှုကိုလည်း ကန့်ကွက်ကြောင်း မစ္စ နိုလင်း ဟေဇာက ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

TMA

MyanmaPlatform

0 comments:

Post a Comment