Friday, June 5, 2015

အမေရိကန်ကို အထင်မသေးသော်လည်း အထင်တော့မကြီးကြစေချင်ပါ


၂၀၁၄ ခုနှစ် နိုဝင်ဘာလ (၁၄) ရက်နေ့မှာ အမေရိကန်သမ်္မတဘားရက်အိုဘားမားသည်ရန်ကုန် တက်္ကသိုလ်စိန်ရတုခန်းမ၌ အာစီယံလူငယ်များနှင့် တွေ့ဆုံဟောပြောပွဲတွင် မြန်မာစကားပုံတစ်ခုဖြစ် သော “ငုတ်မိသဲတိုင်တက်နိုင်ဖျားရောက်”ဆိုသည့် စကားကိုထည့်သွင်းပြောကြားခဲ့သည့်အပေါ်သတင်း စာဂျာနယ်အချို့တွင် စာရေးသူအချို့က ရေးကြီးခွင် ကျယ်ဖြင့် အိုဘားမားစကားများကို မြန်မာလူမျိုးများ ကကျေနပ်ဝမ်းသာကြသည်။

အမေရိကန်သမ်္မတတစ်ယောက်က မြန်မာလို ပြောလိုက်သည်ကိုအံ့သြဘနန်းဖြစ်ကာကျေနပ်နေ ခြင်းထက်သူပြောသည့်အတိုင်းလိုက်နာကျင့်သုံးဖို့လို သည်။ အမေရိကန်သမ်္မတတစ်ယောက်က မြန်မာ စကားပုံတစ်ခုကို မြန်မာလိုပီသစွာပြောခဲ့သည့် အတွက် ကြံဖန်ပြီးဂုဏ်ယူရမည်ဆိုလျှင် ဒါသည်ပင် ဂုဏ်ယူစရာဖြစ်သည်။ သည်စကားကိုမြန်မာလူငယ် များကပိုပြီးတန်ဖိုးထားလေးစားလိုက်နာရန်လိုသည် ဟူ၍တင်ပြထားသကဲ့သို့ဝါရင့်ဂျာနယ်လစ်စာရေးဆရာ ကြီးတစ်ဦးကလည်း အမေရိကန်သမ်္မတကြီး၏ စေတနာရနံ့ပန်းတွေကတော့ဖြင့် မြန်မာပြည်မှာ ဝေဖြာသင်းပျံ့ပျံ့ဝင်းဖန့်လို့ကျန်ရစ်ခဲ့လေရဲ့။ အိုဘား မား၏ချစ်ကြည်ရေးလေပြေလေညင်းတိုက်ခတ်သွားသံကို ကြားသိပြီး မိမိတို့လူငယ်တွေအပေါ်မှာ ချစ်ကြည်စွာ အားပေးစကားပြောကြားပုံမှာ သာယာဝတီစမ်းစမ်း နွဲ့ဝတ်္ထုနာမည်အငှားသုံးရရင် “တစ်ကောင်တည်းပဲ ဒါပေမဲ့ခြင်္သေ့”ဖြစ်သွားတယ်ဗျို့ဟုဆိုရသည့်အပြင် ဂျာနယ်မှာသံချပ်ထိုးရေးသားထားသည်ကိုလည်း ဖတ်မိခဲ့ရပါသည်။

စာရေးသူက သူတို့ယခုလိုချီးမွမ်းခန်းဖွင့်ပြီး ရေးသားမှုတွေကိုဖတ်ရှုရသောအခါတစ်ချိန်က ၁၉၈၅ ခုနှစ် ဖဆပလအဖွဲ့ (၂) ခြမ်းကွဲ၍ ဦးကျော်ငြိမ်း (တည်မြဲ) တို့ အာဏာမဲ့သောအချိန် ပါလီမန်မှာ ဦးကျော်ငြိမ်းတို့မဲအနိုင်ရပြီး အာဏာ ပြန်ရအောင် အမေရိကန်နယ်ချဲ့သမားတွေက လှုပ်ရှားကြိုးပမ်းခဲ့ပုံ အမေရိကန်သာသနာပြုဘုန်း ကြီးများက လူမျိုးစုအမတ်များကို ဦးကျော်ငြိမ်းကိုမဲ ပေးဖို့ပြောင်ပြောင်မဲဆွယ်ခဲ့ပုံများကို (၂၉.၉.၅၈) နေ့မြို့တော်ခန်းမကြီး၌ ကျင်းပပြုလုပ်ခဲ့သည့် “လက်နက်နဲ့အာဏာသိမ်းသည့်နည်းကို ကန့်ကွက် တိုက်ဖျက်သောပါတီအဖွဲ့အစည်းပေါင်းစုံနှင့် ပြည်သူတို့အစည်းအဝေးပွဲကြီး”မှာ ပြည်သူချစ်သော အတိုက်အခံနိုင်ငံရေးခေါင်းဆောင်ဝိဓူရသခင်ချစ် မောင်မိန့်ကြားခဲ့သည့်စကားများကို အကျဉ်းအားဖြင့် သတိတရတင်ပြရလျှင် “အမေရိကန်တပည့်ဦးကျော် ငြိမ်းတို့ဟာ မဲရှုံးပေမဲ့အမြဲအရှုံးပေးမယ်မှတ်နေသလား။ စစ်တပ်ကြီးကတို့ဘက်မှာရှီတယ်။ အချိန်မရွေးအာ ဏာသိမ်းနိုင်တယ်။ ကြည့်နေပါ (၂) လ အတွင်း ပြန်ယူပြမယ်ဆိုတဲ့ တိုးတိုးတစ်မျိုးကျယ်ကျယ်တစ် ဖုံသတင်းမျိုးစုံလွှင့်ပြီး ပြည်သူကိုခြိမ်းခြောက်ခဲ့တယ်။ နောက်ဆုံး (၂၆) ရက်နေ့လဲကျရော ဗုံမပါဆိုင်းမဆင့် ည (၈) နာရီမှာ ၀န်ကြီးချုပ်ဦးနုနဲ့ ဗိုလ်ချုပ်နေ၀င်း တို့ (၂) ဦးဟာ အပြန်အလှန်နေ့ချင်းပေါက်စာပေး စာယူလုပ်ပြီး တိုင်းပြည်ကို ဟင်းရွက်ကန်စွန်းရွက်ပမာ အပေးအယူလုပ်လိုက်ကြတော့တာပဲ။ အဲဒီတော့မှ အမေရိကန်ဟာ အိုးမလုံအုံပွင့်ပြီး သူတို့နိုင်ငံက ထုတ်ပြန်တဲ့ သတင်းကတော့ ဗမာပြည်အာဏာ အပြောင်းအလွဲလုပ်ပုံဟာကူညီတာမဟုတ်ပါဘူးဆိုပြီး ဘာမဆိုင်ညာမဆိုင်နဲ့ ကြားထဲဝင်ပြီး သင်္ကာရှင်း လိုက်တာကိုသိလိုက်ရတယ်။ သူကဒီလိုဝင်ပြီးသင် ကာရှင်းကာမှ ကူညီတာဆိုတာထင်ရှားသွားတယ်”ဟူ ၍ မြန်မာပြည်သူတို့၏ ပြည်တွင်းရေးကို အမေရိကန် ကသမိုင်းနှင့်ချည်ပြီး ရှုပ်ခဲ့ပုံတွေကိုအထင်းသားပြန် ၍မြင်ခဲ့ရသည်။

ထို့အပြင်အမေရိကန်တို့ဗမာပြည်တွင်းရေးကို ၀င်ရောက်ပြီး ၎င်းင်းတို့အကျိုးစီးပွားအတွက် ဖန်တီး ချက်များအဖြစ် တရုတ်ဖြူကျူးကျော်မှုဖြင့် (SETOE) ဆီးတိုးစစ်အုပ်စုဖွဲ့၍ ခြိမ်းခြောက်မှုများ ပြုလုပ်လာသဖြင့် ဗိုလ်မှူးချုပ်ကျော်ဇောဦးဆောင်၍ ပြည်သူလူထုကြီးကပါ တရုတ်ဖြူကျူးကျော်မှုနှင့် နယ်ချဲ့ဆန့်ကျင်ရေးကော်မတီဖွဲ့စည်းခဲ့ကြပြီး (၉.၄.၆၁) နေ့ ကန်တော်မင်ပန်းခြံ၌ ပြည်သူ့ဆန်္ဒ ပြပွဲမှာ ဗိုလ်မှူးချုပ်ကျော်ဇော (ငြိမ်း) က မိန့်ကြား ခဲ့သည်များကိုလည်း အကျဉ်းချုပ်တင်ပြလိုပါသည်။

၁၉၄၉ ခုနှစ်မှစ၍ ပြည်ပြေးတရုတ်ဖြူများသည် အမေရိကန်နှင့် စနစ်တကျဆက်သွယ်ပြီး မြန်မာ ပြည်အားကျူးကျော်ရေးစီမံကိန်းများစတင်ခဲ့ပုံ၊ ၁၉၅၂ ခုနှစ်တွင် တရုတ်ဖြူများ မြန်မာပြည်အတွင်းပိုင်းအထိ စတင်ကျူးကျော်လာပုံ၊နဂါးနီစစ်ဆင်ရေးဖြင့်တားဆီး ခဲ့ပုံ ၊တရုတ်ဖြူများဆုတ်ခွာရေးအတွက် မြန်မာ-ယိုးဒ ယား (ထိုင်း)၊ အမေရိကန် တရုတ်ဖြူ (၄) နိုင်ငံစစ် ဘက်ကော်မရှင်ဖွဲ့၍ ဘန်ကောက်တွင် ၁၉၅၃ ခုနှစ် မှစ၍ ဆွေးနွေးခဲ့ပုံ၊ သို့သော်နက်ချဲ့သမားများက အချိန်ဆွဲပြီး အမျိုးမျိုးလှည့်စားခဲ့ပုံ “သူတို့က ကျွန်တော်တို့ကိုနှုတ်ခမ်းမွေးမနိုင်ဘဲ ပဲကြီးဟင်းစားတဲ့ သဘောမျိုးပြောခဲ့တယ်။ ကုလသမဂ်္ဂကိုတိုင်တာကို လဲ ဘယ်သူ့သွားတိုင်နေတာလဲ မခံချင် ကိုယ်ဟာ ကိုတိုက်ပါလားလို့ငေါ့ကြတယ်။ ကျွန်တော့်ဆိုရင် ဗြိတိသျှဘရီဂေးရီးယားတစ်ဦးက တရုတ်မနိုင်ရင် ဘာကြောင့် လွတ်လပ်ရေးယူရသလဲ။ ကျွန်းကလေး ပေါ်တက်နေပါလားလို့ငေါ့လို့အလွန်နာကျည်းစိတ်ဖြစ် ခဲ့ရပါတယ်။” မြန်မာပြည်ကိုကျူးကျော်တဲ့တရုတ်ဖြူ တွေကို အမေရိကန်နယ်ချဲ့သမားနဲ့ ဆီးတိုး (SETOE) စစ်အုပ်စုက ဗြောင်ဝင်ရောက်ကူညီပုံတွေ (၁၃.၂.၆၁) နေ့မှာ အမေရိကန်ဆီးတိုးလေယာဉ်နဲ့ ဗမာ့တပ်မ တော်လေယာဉ် (၃) စင်းတို့တိုက်ပွဲမှာ လေသူရဲဗိုလ် ပီတာကျဆုံးခဲ့ရပြီး လေယာဉ် (၂) စီးပျက်စီးခဲ့ရပုံ စသည့်ဖြစ်ရပ်တွေကို မကျေနပ်၍ အမေရိကန် သံရုံးကို အလုပ်သမား၊ ကျောင်းသားပြည်သူတို့ကန့် ကွက်ဆန်္ဒပြကြရာမှာ အုပ်ချုပ်သူနယ်ချဲ့အကျိုးပြု ဖဆပလအစိုးရကအကြမ်းဖက်နှိမ့်နင်းသဖြင့် လူ (၂) ဦးကျဆုံးပြီး (၅၂) ဦးဒဏ်ရာရရှိခဲ့သည့်ဖြစ်ရပ်တွေ ကိုဖြစ်ကြောင်းရယ်အစုံအလင်အဖြစ်ပြန်၍တွေးမြင်သိ ရှိခံစားရသောအခါ မည်သို့သောအမေရိကန်ကိုမျှ ယနေ့တိုင်အထင်မကြီးနိုင်ဘဲရှိနေခဲ့သည်။

သမိုင်းဖြစ်စဉ်များကို မလေ့လာမသိရှိကြဘဲ အရမ်းအရမ်းကို ကျေးဇူးတင်ဂုဏ်ပြုချီးကျူးနေသူ များကိုအသိပေးလိုသည်က ကမ်္ဘာအရပ်ရပ်ရှိနိုင်ငံ ပေါင်းများစွာကိုဝင်ရောက်စွက်ဖက်လျက်နယ်ချဲ့စနစ် ဖြင့် အရင်းရှင်အကျိုးစီးပွားလုပ်ခဲ့၍ ကမ်္ဘာ့စူပါ ပါဝါ အင်အားကြီးနိုင်ငံဖြစ်လာသည့်အမေရိကန်ကိုအထင် မသေးသော်လည်း၊ မြန်မာနိုင်ငံသားတို့၏မျိုးချစ် စိတ်ဓာတ်နှင့် တွန်းပြောင်ခဲ့သော သမိုင်းဖြစ်ရပ်များ ကိုတော့ မမေ့သင့်ကြပါ။ နိုင်ငံ့အားသည်ပြည်တွင်း ၌သာရှိသည်ဆိုသည့်ထာဝရမှန်ကန်သောတရားကို လက်ကိုင်ပြုရင်း သူခိုးဓားရိုးကမ်း၊အမေကျော်ဒွေး တော်လွမ်းပုဆိန်ရိုးအဖြစ်ဘ၀မျိုးမဖြစ်ကြရလေအောင် “တစ်ခြားနိုင်ငံသားတစ်ဦးက မြန်မာနိုင်ငံကိုချစ်သည် ဆိုတာ မိမိမြန်မာနိုင်ငံသားတစ်ဦးကမုန်းသည်လောက် ပင်တန်ဖိုးမရှိနိုင်”ဆိုသည်ကိုစဉ်းစားတွေးခေါ်လျက် နားလည်မှုတရားများအစဉ်တိုးပွားနိုင်ကြကာအမေ ရိကန်ကိုအထင်မသေးသော်လည်း အထင်တော့ မကြီးကြစေချင်ပါဟူ၍တော့တင်ပြလိုပါကြောင်း။

ဘုန်းကြီးကျောင်းသား-မောင်သံမဏိ
Hot News Journal

0 comments:

Post a Comment