ဆင်များတွင် ကင်ဆာကို တိုက်ဖျက်နိုင်စွမ်း ရှိနေကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ပြီဖြစ်သည်။
ဆင်များသည် အရွယ်အစား ကြီးမားသော်လည်း ကင်ဆာဖြစ်နိုင်ခြေ နည်းပါးသဖြင့် ယင်းကဲ့သို့ ကင်ဆာဖြစ်နိုင်ခြေ နည်းပါးရသည့် အကြောင်းအရင်းကို သိပ္ပံပညာရှင်များက ရှာဖွေခဲ့ရာ ယခုတွေ့ရှိခဲ့ပြီဖြစ်သည်။ ခန္ဓာကိုယ် ကြီးမားသူများတွင် ပျက်စီးပြီး မျိုးဗီဇ ပြောင်းလဲသွားသော ကလာပ်စည်းပိုများသဖြင့် ကင်ဆာဖြစ်နိုင်ခြေ ပိုများကြောင်း ပညာရှင်များက လေ့လာတွေ့ရှိခဲ့ပြီး ဖြစ်သည်။ယင်းကြောင့် ခန္ဓာကိုယ်ကြီးမားသော ဆင်များမှာမူ ကင်ဆာဖြစ်နိုင်ခြေ နည်းသဖြင့် ပညာရှင်များ အံ့သြခဲ့ရခြင်းဖြစ်သည်။ ဆင်အကောင် (၁၀၀) တွင် ငါးကောင်နှင့် လူ (၁၀၀) လျှင် (၂၅) ဦးသည် ကင်ဆာဖြင့် သေဆုံးနိုင်ခြေ ပိုများကြောင်း အမေရိကန် ဆေးပညာရှင်များ အသင်းဂျာနယ်တွင် ဖော်ပြထားသည်။
အကြောင်းအရင်းကို သိရှိရန်အတွက် သိပ္ပံပညာရှင်များသည် ဆင်များ၏မျိုးဗီဇကို လေ့လာခဲ့သည်။ ကလာပ်စည်းများ၏ မျိုးဗီဇတွင် ပျက်စီးပြောင်းလဲမှုများ ဖြစ်ပေါ်ရာမှ ကင်ဆာဖြစ်ပေါ်ခြင်း ဖြစ်သည်။ သို့ သော် ဆင်များတွင် ကလာပ်စည်း ပျက်စီးပါက အသိပေးသည့် စနစ်ရှိနေပြီး ယင်းနောက်တွင် ပျက်စီးသော ကလာပ်စည်းအား ပြုပြင်မှု၊ ဖျက်ဆီးမှုများ ပြုလုပ်တတ်သည်။
လူသားများတွင် အ၀လွန်ခြင်း၊ နေပူစာလှုံခြင်းနှင့် ဆေးလိပ်သောက်ခြင်း အစရှိသည့် ကင်ဆာဖြစ်စေသော အပြုအမူများ ရှိနေသော်လည်း ဆေးလိပ်သောက်သည့် ဆင်တစ်ကောင်တလေကိုမူ မမြင်တွေ့ဖူးကြောင်း ယူတားတက္ကသိုလ်မှ လေ့လာမှုတွင် ပါဝင်ခဲ့သည့် ဒေါက်တာ ဂျိုရှုယာရှစ်ဖ်မန်းက ပြောဆိုခဲ့သည်။
Source:BBC
Messenger News Journal

0 comments:
Post a Comment