Friday, October 16, 2015

အဲဗာတန်-မန်ယူ၊ စပါး-လီဗာပူးပွဲများအကြိတ်အနယ်ဖြစ်မည့် ရက်သတ္တပတ်


စပါး - လီဗာပူး

နောက်ဆုံးတွေ့ ဆုံမှု သုံးကြိမ်

လီဗာပူး ၃-၂ စပါး

စပါး ၀-၃ လီဗာပူး

လီဗာပူး ၄-၀ စပါး

လက်ရှိမှာ စပါးအိမ်ကွင်း ပွဲနိုင်ဖို့ ခက်ပြီး လီဗာပူးတို့ တိုက်စစ်ကစားနိုင်တယ်။ ဒါပေမဲ့ ဘန် တီကီ၊ ဖာမီနိုတို့လည်း ကြံ့ခိုင်မှုအားနည်းနိုင်သလို ဒန်နီအင်းလည်း ဒဏ်ရာကြောင့်မပါဝင်နိုင် လို့ သရေပွဲဖြစ်လာနိုင်တယ်။ 
လီဗာပူးကပ်နိုင်ဖို့ပဲ ရှိပါတယ်။

ချယ်လ်ဆီး - အက်စတွန်ဗီလာ

နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်

ဗီလာ ၁-၂ ချယ်လ်ဆီး

ချယ်လ်ဆီး ၃-၀ ဗီလာ

ဗီလာ ၁-၀ ချယ်လ်ဆီး

ချယ်လ်ဆီးပြန်နိုင်ဖို့လိုနေတဲ့ ပွဲဖြစ်ပြီး အိမ်ကွင်းမှာ ဖာဘရီဂတ်စ်၊ ကော်စတာ၊ ဝီလီယမ်၊ အော်စကာတို့ ပါဝင်လာနိုင်တယ်။ ဗီလာကို ယမန်နှစ်ရလဒ်အတိုင်း ရဖို့ခက်ပြီး ချယ်လ်ဆီးဂိုး အနည်းနဲ့ပဲ ကပ်နိုင်ဖို့ ရှိတယ်။ ဗီလာတန်ပြန်တိုက်စစ်က ဂိုးရပြီး သရေဖြစ်ဖို့လည်း ရှိပါတယ်။

ခရစ္စတယ်ပဲလေ့စ် - ဝက်စ်ဟမ်း

နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်

ဝက်စ်ဟမ်း ၁-၃ ပဲလေ့စ်

ပဲလေ့စ် ၁-၃ ဝက်စ်ဟမ်း

ဝက်စ်ဟမ်း ၀-၁ ပဲလေ့စ်

နိုင်ပွဲဆက်နေတဲ့ ပဲလေ့စ်တို့အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို ဒုက္ခပေးနိုင်စွမ်းရှိပါတယ်။ ပဲလေ့စ်နိုင်ဖို့ များပြီး ဂိုးနည်းနိုင်တယ်။ ဝက်စ်ဟမ်းသရေရရင် ကျေနပ်ရမှာပါ။

အဲဗာတန် - မန်ယူ

နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်

အဲဗာတန် ၃-၀ မန်ယူ

မန်ယူ ၂-၁ အဲဗာတန်

အဲဗာတန် ၂-၀ မန်ယူ

အဲဗာတန်အသင်းရဲ့ ခြေစွမ်းပိုင်းမာကျောမှုရှိပြီး အသင်းလိုက်ကစားပုံကောင်းတာမို့ မန်ယူတို့အဝေးကွင်းမှာ မထင်မှတ်ဘဲ ခက် ခဲနိုင်တယ်။ မန်ယူဇယားထိပ်မှာ ဆက်နေဖို့ အနိုင်ရမှဖြစ်ပေမယ့် သရေလည်း ဖြစ်သွားနိုင်တယ်။ မန်ယူကပ်နိုင်ခြေတောင် ပါးပါးပဲ ရှိတယ်။

မန်စီးတီး - ဘုန်းမောက်

နောက်ဆုံးတွေ့ ဆုံမှုနှစ်ကြိမ်

ဘုန်းမောက် ၀-၀ မန်စီးတီး

မန်စီးတီး ၂-၁ ဘုန်းမောက်

မန်စီးတီးတို့ တန်းတက် ဘုန်းမောက်ကို အိမ်ကွင်းပွဲနိုင်ဖို့ အခွင့်ကောင်းဖြစ်ပါတယ်။ ဘုန်းမောက်ကို အနည်းဆုံး မန်စီးတီးနှစ်ဂိုးလောက်ရပြီး ဂိုးပြတ်နိုင်ခြေ များပါတယ်။

ဆောက်သမ်တန် - လက်စတာ

နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်

လက်စတာ ၂-၀ ဆောက်သမ်တန်

ဆောက်သမ်တန် ၂-၀ လက်စတာ

ဆောက်သမ်တန် ၀-၂ လက်စတာ

ဆောက်သမ်တန်တိုက်စစ်က သုံးပွဲဆက်တိုက်သွင်းဂိုးများနေပါတယ်။ လက်စတာ အဝေးကွင်းမှာ နှစ်ဂိုးနဲ့ အထက် မပေးရဖို့ လိုပြီး အနိုင်က အိမ်ရှင်ကျိန်းသေတဲ့ပွဲပါ။

ဝက်စ်ဘရွန်း - ဆန်းဒါးလန်း

နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်

ဆန်းဒါးလန်း ၀-၀ ဝက်စ်ဘရွန်း

ဝက်စ်ဘရွန်း ၂-၂ ဆန်းဒါးလန်း

ဆန်းဒါးလန်း ၂-၀ ဝက်စ်ဘရွန်း

ဝက်စ်ဘရွန်းတို့ ဆက်တိုက်

ရှုံးပွဲတွေကြုံနေပြီး ဆန်းဒါးလန်းကလည်း ဇယားအောက်ဆုံးကအသင်းပါ။ အိမ်ရှင်ဝက်စ်ဘရွန်းအပြန် အလှန်သွင်းဂိုးတွေနဲ့ကပ်နိုင်ခြေများတယ်။

ဝက်ဖို့ဒ် - အာဆင်နယ်

နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်

ဝက်ဖို့ဒ် ၁-၂ အာဆင်နယ်

အာဆင်နယ် ၃-၀ ဝက်ဖို့ဒ်

ဝက်ဖို့ဒ် ၂-၄ အာဆင်နယ်

ဆန်းချက်ဇ်၊ ဂျီရော့တို့အပြင် အာတီတာတို့ပါ ကွင်း

လယ်မှာ လူစုံပြန်လာနိုင်တဲ့ အာ ဆင်နယ်တို့ အဝေးကွင်းမှာ နှစ်ဂိုးပြတ်လောက်ရနိုင်တယ်။ လူအင် အားတောင့်တင်းတဲ့ အာဆင်နယ် ဘက်က နေရမှာပါ။

နယူးကာဆယ် - နောဝစ်ခ်ျ

နောက်ဆုံးတွေ့ ဆုံမှု သုံးကြိမ်

နောဝစ်ခ်ျ ၀-၀ နယူးကာဆယ်

နယူးကာဆယ် ၂-၁ နောဝစ်ခ်ျ

နောဝစ်ခ်ျ ၀-၀ နယူးကာဆယ်

နယူးကာဆယ်အိမ်ကွင်းသုံးပွဲဆက် အနိုင်မရသေးတဲ့စံချိန် တင်ထားပြီး နောဝစ်ခ်ျကလည်း သရေပွဲတွေနဲ့ ရှုံးပွဲဆက်နေပါ တယ်။ အိမ်ရှင်နယူးကာဆယ်တို့သရေဖြစ်နိုင်တဲ့ ပွဲဖြစ်ပြီး နိုင်ခြေ ပါးပါးပဲ ရှိပါတယ်။

ဆွမ်ဆီး - စတုတ်စီးတီး

နောက်ဆုံးတွေ့ ဆုံမှု သုံးကြိမ်

ဆွမ်ဆီး ၂-၀ စတုတ်စီးတီး

စတုတ်စီးတီး ၂-၁ ဆွမ်ဆီး

စတုတ်စီးတီး ၁-၁ ဆွမ်ဆီး

ဆွမ်ဆီး ဆက်တိုက်ရှုံးပွဲများ နေပြီး ဇယားမှာလည်း အဆင့်ကျလာနေတယ်။ ဧည့်သည်စတုတ် တို့ နိုင်ခြေများပြီး ဂိုးနည်းမယ့်ပွဲ ဖြစ်လာပါမယ်။

7Day Daily

0 comments:

Post a Comment