Saturday, October 17, 2015

ဆယ်ကျော်သက်များနှင့် Oral Sex


Oral Sex ဟာ အန္တရာယ်များတဲ့ အပြုအမူ ဆက်ဆံမှု တခုဖြစ်ပေမယ့် ဆောင်ရန်၊ ရှောင်ရန်တွေ သိနားလည်ထားမယ်ဆိုရင်တော့ အန္တရာယ်ကင်းနိုင်ပါတယ်
ပုံမှန် လိင်ဆက်ဆံမှုထက်စာရင် ပါးစပ်ကို အသုံးပြုပြီးတော့ လိင်ဆက်ဆံခြင်း (Oral Sex) က ကိုယ်ဝန်မရနိုင်ဘူး၊ လိင် ဆက်ဆံမှု ကနေကူးစက်တတ်တဲ့ရောဂါ (STD) တွေ မရနိုင်ဘူးဆိုတဲ့ ယုံကြည်မှုကြောင့် သန်းပေါင်းများစွာသော ဆယ် ကျော်သက်တွေ ဒီအလေ့အထကို ကျင့်သုံးလာကြပါတယ်။ ဒါက ကိုယ်ပိုင်ရွေးချယ်မှုတခုလို့ ဆိုနိုင်ပေမယ့် Oral Sex နဲ့ ပတ်သက်လို့ ကြုံလာနိုင်တဲ့ အန္တရယ်တွေနဲ့ မှားယွင်းတဲ့ အတွေးအခေါ် တချို့ကိုတော့ ဆယ်ကျော်သက်တွေ အနေနဲ့ ရှင်း ရှင်းလင်းလင်း သိထားသင့်ပါတယ်။Oral Sex နဲ့ ပတ်သက်တဲ့ အကြောင်းများ

(၁) Oral Sex ကြောင့် ကလေးမရနိုင်ပါဘူး။ သုက်ရည်ကို ပါးစပ်ထဲမှာ သို့မဟုတ် ကိုယ်ခန္ဓာပေါ်မှာ ထုတ်တာဖြစ်တဲ့ အ တွက် မလိုချင်တဲ့ ကိုယ်ဝန်ရတာမျိုးမကြုံနိုင်ပါဘူး။ ဒါပေမယ့် အမျိုးသမီး အင်္ဂါဆီကိုရောက်သွားမယ်ဆိုရင်တော့ ကိုယ် ၀န် ရှိသွားမလားလို့ စိုးရိမ်ရစရာ အနည်းအကျဉ်းရှိပါတယ်။

(၂) လူတဦးတယောက်ရဲ့ တကိုယ်ရေသန့်ရှင်းမှု၊ ကျန်းမာရေးနဲ့ ညီညွတ်စွာနေထိုင်မှုဟာ သူ့ရဲ့ပင်ကိုယ် အလေ့အထနဲ့ အလေ့အကျင့် ပေါ်မှာ မူတည်တယ်ဆိုပေမယ့် Oral Sex က တကိုယ်ရေသန့်ရှင်းမှု၊ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ယူဆ ကြပါတယ်။ မိမိအဖော် တဦးတည်းနဲ့သာ ပြုလုပ်မယ်ဆိုရင် အကြောင်း မဟုတ်ပေမယ့် အဖော်အမျိုးမျိုးနဲ့ ဆိုရင်တော့ သန့် ရှင်းမှုက စိုးရိမ်စရာ အကြောင်းတခု ဖြစ်လာပါတယ်။

(၃) လိင်ကိစ္စဟာ ဆယ်ကျော်သက်တွေကြားမှာ ဟိုအရင်တုန်းကလိုမျိုး အထူးအဆန်းကိစ္စတခု မဟုတ်တော့ပါဘူး။ ဆယ်ကျော်သက် အများစုက ဒီကိစ္စကို ကျူးလွန်နေကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ အနေနဲ့ Oral Sex က လိင်အင်္ဂါ ရေယုံ၊ ဆစ်ဖလစ်၊ HIV လိုမျိုး လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်တဲ့ရောဂါ ကူးစက်နိုင်ခြင်းကို မဖယ်ရှားနိုင်ဘူးဆို တာကို သတိထားရမှာ ဖြစ်ပါတယ်။

Oral Sex ကြောင့် ကြုံတွေ့နိုင်သည့် အန္တရယ်များ

လည်ချောင်း ကင်ဆာ – အမေရိကန် ကင်ဆာ အဖွဲ့ (American Cancer Society) ကပြုလုပ်ခဲ့တဲ့ လေ့လာမှုတခုအရ Oral Sex က လည်ချောင်းကင်ဆာ ဖြစ်နိုင်ချေကို ပိုတိုးစေတယ်လို့ သိရပါတယ်။ ဒီလေ့လာမှုကို ပြုလုပ်ခဲ့တဲ့ သုတေသီတွေရဲ့ အ ဆိုအရ Oral Sex က အဓိကတရားခံတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပါးစပ်ကနေ သို့မဟုတ် လိင်အင်္ဂါချင်း ထိတွေ့မှု ကနေ Human Papilloma Virus (HPV) ကူးစက်ခြင်း ဖြစ်နိုင်လို့ ဖြစ်ပါတယ်။

HIV ကူးစက်ခြင်း – ဆယ်ကျော်သက်တွေကြားမှု Oral Sex အလေ့အထ ကျယ်ပြန့်လာတာနဲ့ အမျှ HIV ကူးစက်မှုအတွက် လည်း စိုးရိမ်စရာတွေရှိလာပါတယ်။ Oral Sex က ပုံမှန်လိင်ဆက်ဆံခြင်း၊ စအိုကို အသုံးပြုဆက်ဆံခြင်း တွေထက် ပိုပြီး ဘေးကင်းမှုရှိတယ်ဆိုပေမယ့် ရောဂါပိုးတွေကူးစက်နိုင်ချေတွေ ရှိနေပါသေးတယ်။ ဘေးကင်းမှုရှိဖို့ အတွက် အမျိုးသား တွေအနေနဲ့ ပါးစပ်အတွင်းမှာ သုက်ရည်ထုတ်လွှတ်ခြင်းကို ရှောင်ရှားရမှာ ဖြစ်သလို အမျိုးသမီးတွေ အနေနဲ့လည်း ရာသီလာနေချိန်မှာ Oral Sex ကိုရှောင်ရမှာ ဖြစ်ပါတယ်။ ပါးစပ်အတွင်းမှာ အနာဖြစ်နေချိန် Oral Sex လုပ်ခြင်းကလည်း HPV ကူးစက်နိုင်တဲ့ အကြောင်းတခု ဖြစ်ပါတယ်။

ဘက်တီးရီးယား အန္တရယ် – စအို နဲ့ ပါးစပ်ဆက်ဆံခြင်း (Oral-Anal Sex) ပြုလုပ်မယ်ဆိုရင် တယောက်ရဲ့ စအိုနဲ့ တခြားတ ယောက်ရဲ့ ပါးစပ်တို့ ထိတွေ့ခြင်းကြောင့် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ကပ်ပါးပိုးတွေ ကူးစက်နိုင်ပါတယ်။ အဲဒီကနေ တဆင့် အသဲရောင် A၊ B နဲ့ C လိုရောဂါတွေ အပြင် အခြားကျန်းမာရေး ပြဿနာတွေ ဖြစ်တဲ့ HPV၊ ၀မ်းမမှန်တာ၊ ရေယုံ၊ အူလမ်းကြောင်းအတွင်းမှာကပ်ပါးပိုးတွယ်တာနဲ့ စအိုဝ ဂရင်ဂျီနာ လိုမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

လိင်ဆက်မှုကနေ တဆင့်ကူးစက်နိုင်တဲ့ ရောဂါများ- HIV ကူးစက်ခြင်း အပြင် အခြားသော လိင်ဆက်မှုကနေ တဆင့် ကူးစက်နိုင်တဲ့ ရောဂါများ အန္တရယ်လည်း ရှိပါတယ်။ လိင်ကိစ္စမှာ တက်ကြွတဲ့ လူငယ်တွေအနေနဲ့ ဆီးပူညောင်းကျလို့ ခေါ်တဲ့ ဂနိုရောဂါ၊ ဆစ်ဖလစ်နဲ့ စအိုဝ ဂရင်ဂျီနာ တွေဖြစ်နိုင်တဲ့ အန္တရယ်ရှိပါတယ်။

အန္တရယ်တွေကို ဘယ်လိုကာကွယ်မလဲ

ဆယ်ကျော်သက်တွေ အနေနဲ့ Oral Sex နဲ့ ပတ်သက်လို့ အသိပညာဗဟုသုတ ရှာဖွေလေ့လာရမှာ ဖြစ်သလို ဘယ်လို ပြု မူခြင်းက ဘေးကင်းမယ်ဆိုတာကိုလည်း စဉ်းစားရမှာ ဖြစ်ပါတယ်။ နမ်းခြင်း၊ အပြန်အလှန် လက်နဲ့ စိတ်အာသာဖြေမှုပြု လုပ်ပေးခြင်းနဲ့ ထိတွေ့ပွတ်သပ်ခြင်းတွေက STD ကူးစက်မှုကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

ကွန်ဒုံး အသုံးပြုခြင်းကလည်း STD တွေကို သိသိသာသာ ကာကွယ်ပေးနိုင်ပါတယ်။

Oral Sex မပြုလုပ်မီမှာရော လုပ်ပြီးချိန်မှာ လက်များ၊ လိင်အင်္ဂါနေရာများကို စနစ်တကျ ဆေးကြောသန့်ရှင်းပေးခြင်း အား ဖြင့်လည်း ရောဂါနဲ့ ပိုးမွှားကူးစက်မှုအန္တရယ်တွေကို လျှော့ချပေးနိုပါတယ်။

ဧရာဝတီ

0 comments:

Post a Comment