Friday, October 30, 2015

နိုင်ငံရေးပါတီများ၏ သတင်းများကို သတင်းမီဒီယာအနည်းစုသာ ဓမ္မဓိဋ္ဌာန်ကျကျ ဖော်ပြဟု MID အစီရင်ခံစာဖော်ပြ

 ရွေးကောက်ပွဲမဲဆွယ် ကာလအတွင်း နိုင်ငံရေးပါတီများ ၏ သတင်းများကို တင်ဆက်ဖော် ပြရာတွင် သတင်းမီဒီယာအနည်းစုသာ ဓမ္မဓိဋ္ဌာန်ကျကျ မျှတစွာရေးသားဖော်ပြထားမှု တွေ့ရှိရ ကြောင်း မီဒီယာလေ့လာစောင့် ကြည့်ရေးအဖွဲ့ Myanmar Ins-titute Democracy (MID) က ဒုတိယအကြိမ်ထုတ်ပြန်သည့် အ စီရင်ခံစာ၌ ဖော်ပြထားသည်။
MID က မီဒီယာလေ့လာ စောင့်ကြည့်မှု ပထမအကြိမ်အစီ ရင်ခံစာကို ပြီးခဲ့သည့် အောက်တို ဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ဒုတိယအကြိမ် အစီရင်ခံစာကို အောက်တိုဘာ ၂၉ ရက်၌ ထပ်မံထုတ်ပြန်ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲတွင် ၀င် ရောက်ယှဉ်ပြိုင်သော ကိုယ်စား လှယ်လောင်းများနှင့် ၎င်းတို့၏ မူ ၀ါဒဆိုင်ရာ အခြေခံများကို သ တင်းအဖြစ် ဖော်ပြမှု၌ အစိုးရ ပိုင် သတင်းမီဒီယာက အနည်းအ ကျဉ်းသာဖော်ပြပြီး လက်ရှိအစိုးရ ၏ အောင်မြင်ပြီးမြောက်သော လုပ်ငန်းစဉ်များ၊ ကမ်ပိန်းမဟုတ် သည့် ခရီးစဉ်များကိုသာ တင် ဆက်ဖော်ပြထားကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထား သည်။

ဒုတိယအကြိမ်ထုတ်ပြန် လိုက်သည့် အစီရင်ခံစာတွင် အစိုးရပိုင်သတင်းမီဒီယာများက နိုင်ငံ ရေးပါတီများနှင့် ပတ်သက်သည့် သတင်းများကို ဖော်ပြပေးသော် လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ပတ်သက်သည့် သတင်း များကို ဖော်ပြမှု လုံးဝမရှိသေး ကြောင်း MID မှ စီမံကိန်းညှိနှိုင်း ရေးမှူး ဦးမျိုးမင်းဇော်က ပြော ကြားသည်။

‘‘သတင်းမီဒီယာတွေက ရွေး ကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စား လှယ်လောင်းတွေနဲ့ ပါတီတွေကို တိတိကျကျဖော်ပြပေးမှ ပြည်သူ တွေက ဘယ်သူ့ကိုမဲပေးရမလဲ ဆိုတာ ကိုယ်ပိုင်စဉ်းစားမှုနဲ့ ရွေး ချယ်မဲပေးလာနိုင်မှာပါ။ ဒီလိုမှ မဟုတ်ဘဲ သတင်းမီဒီယာတစ်ခု က ပါတီတစ်ခုကို ဇောင်းပေးရေး မယ်၊ နောက်မီဒီယာ တစ်ခုက အတိုက်အခံပါတီကိုပဲ ရေးသားဖော်ပြနေမယ်ဆိုရင် ပြည်သူတွေအမှန်သိရှိနိုင်မှာ မဟုတ်ပါဘူး’’ဟု ၎င်းက ဆက်လက်ပြောသည်။

နိုင်ငံရေးနှင့် ရွေးကောက်ပွဲ ဆိုင်ရာသတင်းများကို ဖော်ပြရာ တွင် နိုင်ငံပိုင်သတင်းစာများဖြစ် သည့် မြန်မာ့အလင်းသတင်းစာ နှင့် ကြေးမုံသတင်းစာ၌ အစိုးရ သတင်းဖော်ပြမှု ၃၇ဒသမ၇ ရာခိုင်နှုန်း၊ NLD သတင်းဖော်ပြမှု ၀ဒသမ၁ရာခိုင်နှုန်းနှင့် USDP ပါတီသ တင်းဖော်ပြမှု ၁ဒသမ၀ ရာခိုင်နှုန်း ရှိကြောင်း အစီရင်ခံစာတွင် ဖော် ပြထားသည်။

ထို့ပြင် ပုဂ္ဂလိကပိုင် သတင်း မီဒီယာများဖြစ်သည့် Eleven သ တင်းစာ၌ NLD သတင်းဖော်ပြမှု ၅၇ ရာခိုင်နှုန်း၊ USDP သတင်း ဖော်ပြမှု ၁၉ ရာခိုင်နှုန်း၊ 7Day သတင်းစာ၌ NLD သတင်းဖော်ပြ မှု ၅၀ဒသမ၄ ရာခိုင်နှုန်း၊ USDP သတင်းဖော်ပြမှု ၁၈ဒသမ၇ ရာခိုင်နှုန်း၊ The Voice သတင်းစာ၌ NLDသတင်းဖော်ပြမှု ၃၀ဒသမ၈ ရာခိုင်နှုန်း၊ USDP သတင်းဖော်ပြမှု ၁၉ဒသမ၆ ရာခိုင်နှုန်းရှိကာ ဒီမိုကရေ စီတူဒေး၊ Messenger News ၊ မြန်မာတိုင်းမ်၊ တူမောရိုး ဂျာနယ်တို့ တွင် NLD သတင်းဖော်ပြမှုမှာ လည်း USDP သတင်းထက် ပိုများကြောင်း ယင်းအစီရင်ခံစာ၏ ဖော် ပြထားချက်အရ သိရသည်။

‘‘ရွေးကောက်ပွဲက နီးကပ် လာပြီဖြစ်တဲ့အတွက် အစိုးရပိုင်မီ ဒီယာက တစ်ဖက်စောင်းနင်းဖော် ပြပြီး ပုဂ္ဂလိကပိုင်မီဒီယာက ကျန်တဲ့ပါတီကိုပဲ ရေးသားဖော်ပြနေလို့လည်း မဖြစ်သေးဘူး။ အစိုးရပိုင်သတင်းတွေကို စောင့်ဖတ်နေရင် သတင်းအမှန်ရရှိမှာတော့ မဟုတ် ဘူး။ ဒါပေမဲ့ အခုနောက်ပိုင်း မဲဆန္ဒရှင်ပညာပေးမှုတွေကို ဖော်ပြလာတာ တွေ့ရပါတယ်’’ ဟု MID မှ Executive Director မစ္စတာ Rasto Kuzel က ပြောသည်။

ပုဂ္ဂလိကပိုင်ရုပ်သံသတင်း ဌာနဖြစ်သည့် DVB သတင်းဌာန သည် နိုင်ငံရေးနှင့် ရွေးကောက်ပွဲ သတင်းများဖော်ပြရာ ဓမ္မဓိဋ္ဌာန်ကျစွာ၊ မျှတစွာဖော်ပြပေးသည်ကို တွေ့ရှိရကြောင်း မစ္စတာRasto Kuzel က ဆက်လက်ပြောသည်။

အင်တာနက်မီဒီယာများဖြစ် သည့် ဧရာဝတီ၊ မဇ္ဈိမနှင့် Eleven သတင်းဌာနတို့က USDP ထက် NLD သတင်းကို ပိုမိုဖော်ပြကြ သည်ဟု မီဒီယာလေ့လာစောင့် ကြည့်မှုအစီရင်ခံစာတွင် ဖော်ပြ ထားသည်။

ယင်းအစီရင်ခံစာမှာ ရုပ်မြင် သံကြားလိုင်း ငါးလိုင်း၊ ရေဒီယို လိုင်း ရှစ်လိုင်း၊ သတင်းစာ ၁၀ စောင်နှင့် အင်တာနက်သတင်းမီ ဒီယာသုံးခုတို့မှ စစ်တမ်းကောက် ယူထားခြင်း ဖြစ်သည်။
7 day

0 comments:

Post a Comment