Saturday, October 17, 2015

စနှိုးဝှိုက် ထုတ်လုပ်ရေးနဲ့ ကားကြီးရိုက်ဖို့ရှိတဲ့ ၀င့်ယမုံလှိုင်


အနုပညာသက်တမ်းက ၄ နှစ်တင်းတင်းပြည့်နေပြီဖြစ်သလို ကားကြီးအနေနဲ့လဲ နှစ်ကားမြောက် ရိုက်ကူးထားတဲ့ ၀င့်ယမုံလှိုင်က မကြာခင်မှာ စနိုးဝှိုက် ထုတ်လုပ်ရေးက ရိုက်ကူးမဲ့ ကားကြီးမှာ ပါဝင် သရုပ်ဆောင်ဖို့ ရှိကြောင်း ပြောပြလာတဲ့အခါ"ကားရိုက်အနေနဲ့က ညီမ ဗီဒီယိုကားလေးတစ်ကားရိုက်နေတယ်။ ဒါရိုက်တာ ကိုရှိုင်းကို ပါ။ နောက်ဒီလကုန်မှာလဲ ရုပ်ရှင်ကားကြီးတစ်ကားရိုက်ဖို့ရှိပါတယ်။ ကားကြီးကစနိုးဝှိုက်ထုတ်လုပ်ရေးနဲ့ ရိုက်မှာပါ။ ကာရိုက်တာလေးက လုပ်ငန်းရှင်တစ်ယောက်ရဲ့သမီးနေရာကပါ။ ခေတ်ပညာတတ်ကောင်မလေးတစ်ယောက်ရဲ့ ပုံစံပေါ့။ အဲ့ဒီကားက ညီမအတွက် တတိယမြောက်ရုပ်ရှင်ကားကြီးပါ။ အရမ်းလဲ အမာမဟုတ်သလို အငြိမ်လဲမဟုတ်ဘူး။ ဒီကားကို ဇာတ်ညွှန်းလဲသေချာဖတ်ထားတယ်။ ရုပ်ရှင်ကားကြီးလဲဖြစ်တော့ ဒါရိုက်တာလိုချင်တဲ့ပုံစံကို အထပ်ထပ်အခါခါအကောင်းဆုံးကြိုးစားသွားပါမယ်။"လို့ သူမက ပြောပါတယ်။

အနုပညာသက်တမ်း လေးနှစ်ရှိပြီဖြစ်တဲ့ သူမက ဒီလေးနှစ်ထဲမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး "အဲ့ဒါတွေက ညီမအတွက် Experience တွေအများကြီးဖြစ်စေပါတယ်ရှင်။ အနုပညာလောကမှ မဟုတ်ပါဘူး။ ပြင်ပလုပ်ငန်းခွင်တွေ မှာလဲ အခက်အခဲဆိုတာ အနည်းနဲ့အများတော့ ရှိကြမှာပါ။ ဒီလိုကျယ်ပြန့်တဲ့ ပြင်ပလောကမှာ သူ့စိတ် ကိုယ့်စိတ် မကိုက်တာလေးတော့ ရှိမှာပေါ့။ ဒါပေမဲ့ ဒါကို ပြသနာလို့ ညီမ မယူဆပါဘူး။ ညီမပြသနာလို့လဲ မခံယူဘူး။ အတွေ့အကြုံလို့ပဲ ယူတယ်။ ဆင်ခြင်တတ်သွားတယ်။ ဘ၀အတွက် ပညာတွေ အများကြီးရပါတယ်"တဲ့။

လတ်တလော အနုပညာလှုပ်ရှားမှုအဖြစ် ကော်ဖီကြော်ငြာလေးရိုက်ထားတဲ့ သူမက "ကော်ဖီကြော်ငြာအတွက် သီချင်းကို ကိုယ်တိုင်ပဲဆိုထားပါတယ်။ ဒါရိုက်တာ ကိုဇော်က သမီး ကြော်ငြာသီချင်းလေးဆိုမလားဆိုတော့ အရမ်းလဲ မခက်တဲ့အတွက် သမီးဆိုပြီး ရိုက်ခဲ့တယ်။ အဲ့ဒီကြော်ငြာလေးကို ကိုနေတိုးရယ်၊ သမီးရယ်၊ ကိုပြေတီဦးရယ် ရိုက်ထားပါတယ်။"လို့ ပြောပြသွားပါတယ်။

ခင်ဆွေသက် 
ွှTrend Myanmar

0 comments:

Post a Comment