Monday, October 26, 2015

ကိုကိုးကျွ န်းမှ ပြည်သူများအား ဒေါ်အောင်ဆန်းစုကြည် ဖုန်းဖြင့် စကားပြောမည်

ကိုကိုးကျွန်းပေါ်တွင် မဲဆွယ်စည်းရုံးရန်သွားနေသော ဒီချုပ်အမတ်လောင်းနှင့်ပါတီဝင်များကို အောက်တိုဘာနောက်ဆုံးပတ်က တွေ့ရစဉ်(ဓာတ်ပုံ-စိုင်းဇော်)
ကိုကိုးကျွန်းတွင်နေထိုင် ကြသည့် ပြည်သူများအကြောက်တရားကင်းစင်ပြီး ရွေးကောက်ပွဲတွင် နိုင်ငံပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်မည့် ပါတီကိုမဲပေးရေး ဒေါ်အောင်ဆန်းစုကြည်က တယ်လီဖုန်းဖြင့် အားပေးစကားပြောကြားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်(NLD)မှ ဗဟိုအလုပ်အမှုဆောင်ဦးဝင်းထိန်ကပြောသည်။‘‘ဒီတစ်ရက်နှစ်ရက်အတွင်း မှာ ဒေသခံပြည်သူတွေကို ဖုန်းနဲ့ သူ(ဒေါ်အောင်ဆန်းစုကြည်)က စကားပြောလိမ့်မယ်။ စပြီးစီစဉ်နေပြီ’’ဟု ဦးဝင်းထိန်ကပြော သည်။

ဒေါ်အောင်ဆန်းစုကြည်ကဒေသခံပြည်သူများအား ဖုန်းဖြင့် အားပေးစကားပြောကြားရာသို့ မလာရောက်နိုင်သည့်ဒေသခံများအတွက် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကိုအသံဖမ်းပြီးမဲဆွယ်စည်းရုံးရေးထွက်ရာတွင် ဝေပေးမည်ဟု ကိုကိုးကျွန်းမြို့နယ် ဒီချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးဝင်းမင်းက ပြောသည်။

ယင်းသို့ ဒေါ်အောင်ဆန်းစုကြည်က အားပေးစကားပြောရာတွင်ဒေသခံပြည်သူများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ အမေးအဖြေကဏ္ဍကို လည်းထည့်သွင်းသွားရန်ရှိကြောင်း ဦးဝင်းမင်းက ပြောသည်။

‘‘ဒေသခံတွေတော်တော် များများကို သိအောင်လုပ်မယ်လို့ စီစဉ်ထားပါတယ်။တခြားဟော ပြောပွဲတွေမှာလိုပဲ ပြီးရင်ပြည်သူ တွေက သိချင်တာတွေမေးလို့ရ အောင် အမေးအဖြေလည်းပါမယ် လို့ ပါတီဌာနချုပ်က ကြားရတယ်’’ဟု ဦးဝင်းမင်းကပြောသည်။

ကိုကိုးကျွန်းသည် ရန်ကုန်မြို့ မှ မိုင်ပေါင်း ၂၆၀ကွာဝေးပြီး ပင် လယ်ရေပတ်လည်ဝန်းရံထား သည့် ကျွန်းဖြစ်ကာ ၀န်ထမ်းများ၊ ရွှေ့ပြောင်းအလုပ်သမားများ၊ရေ တပ်နှင့် ဆောက်လုပ်ရေးအင်ဂျင် နီယာတပ်တို့ရှိနေကာ လူဦးရေ တစ်ထောင်ကျော်ရှိနေသည်။

အထွေထွေရွေးကောက်ပွဲ၌ ကိုကိုးကျွန်းရှိ မဲဆန္ဒနယ်များဖြစ်ကြသော အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တစ်နေရာ၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တစ်နေရာ၊ တိုင်းဒေသကြီးမဲဆန္ဒနယ်နှစ်နေရာစုစုပေါင်း မဲဆန္ဒနယ် လေးနေရာလုံးကို ဒီချုပ်က ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ကိုကိုးကျွန်းသို့ သွားရောက် မဲဆွယ်ခွင့်ရရန် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက သက်ဆိုင်ရာအာဏာပိုင်များထံ တင်ပြခဲ့သော်လည်းရွေးကောက်ပွဲကျင်းပရန် ရက် ၂၀ခန့်သာလိုတော့ချိန်တွင်မှ သွားရောက်ခွင့်ရခဲ့သည်ဟု ဒီချုပ်ပါတီမှသိရသည်။

အဆိုပါကျွန်းပေါ်ရှိ မဲဆန္ဒ နယ်များတွင် ဒီချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီတို့ ထိပ်တိုက်ရင်ဆိုင်ရမည် ဖြစ်ပြီး ပြည်ခိုင်ဖြိုးကို ကိုယ်စား ပြုကာ ကာကွယ်ရေးဦးစီးချုပ်ဟောင်း(ရေ)အငြိမ်းစားဗိုလ်ချုပ်ကြီးသူရဦးသက်ဆွေက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း၊ ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဟောင်းအငြိမ်းစားဗိုလ်မှူးကြီးဦးတင်ဝင်းက တိုင်းဒေသကြီးအမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ကြသည်။

7Day Daily

0 comments:

Post a Comment