Friday, October 16, 2015

ဦးခွန်ဂျာလီနှင့် မချောစန္ဒီထွန်းတို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန် အမေရိကန်တောင်းဆို

ဦးခွန်ဂျာလီ မချောစန္ဒီထွန်

ကာကွယ်ရေးဦးစီးချုပ် ၏ ဓာတ်ပုံအချို့ကို ပြုပြင်၍ လူမှု ကွန်ရက်စာမျက်နှာပေါ်တွင် ရေး သားဖြန့်ဝေခဲ့သည်ဟု ဆိုသူနှစ် ဦးကို ဖမ်းဆီးအရေးယူခြင်းမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှု ကို ကန့်သတ်ရာရောက်ပြီး ထိုသူ များကို ခြွင်းချက်မရှိ လွှတ်ပေးရန် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဌာနက တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။အောက်တိုဘာ ၁၅ ရက်က ၀ါရှင်တန်ဒီစီတွင် ပြုလုပ်သည့် ကန်နိုင်ငံခြားရေး ၀န်ကြီးဌာန ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ အ ပြည်ပြည်ဆိုင်ရာ သူရသတ္တိနှင့် ပြည့်စုံသော အမျိုးသမီးဆုရှင် ဒေါ်မေစံပယ်ဖြူ၏ ခင်ပွန်း ပက်ထရစ်ခွန်ဂျာလီကို ၂၀၁၃ ဆက်သွယ် ရေးဥပဒေဖြင့် တရားစွဲခဲ့သည့် အပေါ် စိတ်ပျက်မိကြောင်းနှင့် မချောစန္ဒီထွန်းကိုလည်း အီလက် ထရွန်နစ်ဆက်သွယ်ဆောင်ရွက်

ရေးဥပဒေဖြင့် အရေးယူထား သည်ကို သိရှိထားကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်း ထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ထဘီအရောင်နှင့် မကြာမီက အ ရောင်ပြောင်းလဲထားသည့် တပ် မတော်ဝတ်စုံကိုယှဉ်၍ လူမှုကွန် ရက်စာမျက်နှာပေါ် ရေးသားဖော် ပြခဲ့သည်ဟုဆိုကာ မအူပင်မြို့ နယ်တွင်နေထိုင်သည့် မချော စန္ဒီထွန်းကို ထိန်းသိမ်းခဲ့ပြီးနောက် ကာကွယ်ရေးဦးစီးချုပ်ပုံကို ခြေ ဖြင့်နင်းကာ ဓာတ်ပုံရိုက်၍ လူမှု ကွန်ရက်စာမျက်နှာပေါ်သို့ ဖြန့် ဝေခဲ့သည်ဟုဆိုကာ ဦးခွန်ဂျာလီ ကို ထပ်မံအရေးယူခဲ့သည့်အပေါ် ဂျွန်ကာဘီက ဝေဖန်ပြောကြားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

‘‘ဒီမိုကရေစီလမ်းကြောင်း ပေါ်မှာ သွားနေတဲ့ နိုင်ငံထဲမှာ အခုလို အရေးယူမှုတွေ ခပ်စိပ်စိပ် တွေ့လာရတဲ့အပေါ်မှာ ကျွန်မအ နေနဲ့လည်း မေးခွန်းထုတ်စရာဖြစ် လာတယ်။ လူတစ်ယောက်ချင်းစီ မှာ လွတ်လပ်စွာ ပြောဆိုခွင့်ရှိ တယ်။ လွတ်လပ်စွာဆိုတာ ဆဲ ရေးတိုင်းထွာတာကို ပြောတာမဟုတ် ပါဘူး။ နောက်ပြီး ဖေ့စ်ဘွတ်ခ်ဆို တာ ကိုယ်မလုပ်ဘဲနဲ့လည်း ထိခိုက်နိုင်တဲ့အတွက် ဒါကို အရေးယူတာဟာ နိုင်ငံအတွက် စိုးရိမ်စရာဖြစ်လာပါတယ်’’ ဟု ဦးခွန်ဂျာလီ၏ ဇနီးဒေါ်မေစံပယ်ဖြူက 7Day Daily အား ပြောသည်။

ထို့ပြင် လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုမှုကို ကန့်သတ်ရန် ယခုကဲ့သို့ ဥပဒေများအသုံးပြု ခြင်းသည် ဒီမိုကရေစီသဘော တရားနှင့် တိုက်ရိုက်ဆန့်ကျင်နေ ပြီး မြန်မာနိုင်ငံအစိုးရ ပြောဆို ထားသည့် နိုင်ငံရေးပြုပြင်ပြောင်း လဲမှုနှင့် လူ့အခွင့်အရေးများကို မြှင့်တင်ပေးမည်ဆိုသော ကတိ စကားနှင့်လည်း ဆန့်ကျင်နေ ကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာ ဘီက ဝေဖန်ပြောကြားသည်။

စစ်ဘက်နှင့် အခြားအစိုးရ အဖွဲ့အစည်းများအကြောင်း ဆွေးနွေးပြောဆိုခြင်းအပါအ၀င် လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆို ခြင်းသည် ဒီမိုကရေစီလူ့အဖွဲ့အ စည်းထဲတွင် တစ်သားတည်းပါ ၀င်နေပြီး ယခုအရေးယူခံထားရ သည့် ဦးခွန်ဂျာလီနှင့် မချောစန္ဒီ ထွန်းတို့ကို အမြန်ဆုံးခြွင်းချက် မရှိ လွှတ်ပေးရန် မြန်မာအာဏာပိုင် များအား တိုက်တွန်းပြောကြားကြောင်း ၎င်းကဆက်လက်ပြော ကြားသည်။

7Day Daily

0 comments:

Post a Comment