Wednesday, October 21, 2015

ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ခရစ်ယာန်အသင်းတော် ပေါင်းစုံစုပေါင်း၍ မန္တလေးတွင် ဆုတောင်း

အထွေထွေရွေးကောက် ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မြန်မာပြည်ငြိမ်းချမ်းရေးရရှိရန် အတွက် ခရစ်ယာန်အသင်းတော် ပေါင်းစုံ စုပေါင်း၍ ငြိမ်းချမ်းရေး အထွေထွေ ဆုတောင်းပွဲကို အောက်တိုဘာ ၂၁ ရက်က မန္တ လေးမြို့ ရွှေနှလုံးတော်ကက်သီ ဒြယ်ဘုရားကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိ သည်။
‘‘ငြိမ်းချမ်းရေး၊ သင့်မြတ် ရေးနှင့် စည်းလုံးညီညွတ်ရေး’’ ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ သော ယင်းဆုတောင်းပွဲအခမ်းအ နားကို နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ၈ နာရီကြာပြုလုပ်ခဲ့ ပြီး မန္တလေးမြို့ရှိ ခရစ်ယာန်အ သင်းအဖွဲ့ပေါင်း ၇၀ ကျော်အင် အား ၂၅၀ ခန့်ပါဝင်တက်ရောက် ခဲ့ကြောင်း သိရသည်။

‘‘အခုလိုစုပေါင်းဆုတောင်း ပွဲ ပြုလုပ်တဲ့ ရည်ရွယ်ချက်တွေက တော့ ကျွန်တော်တို့ရဲ့ တိုင်းပြည် ကြီး ငြိမ်းချမ်းရေး၊ သင့်မြတ်ရေး၊ စည်းလုံးညီညွတ်ရေးအတွက် ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်ပါ တယ်။ မြန်မာပြည်ကြီးဟာ အေး ချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက် တဲ့ တိုင်းပြည်ကြီးဖြစ်လာဖို့အ တွက် ရွေးကောက်ပွဲကြီး အောင် မြင်စွာ ကျင်းပနိုင်ရန် အခုလိုမန္တ လေးမြို့မှာ ရှိကြတဲ့ ခရစ်ယာန် တွေအားလုံး စုပေါင်းပြီး ဆု တောင်းပွဲကျင်းပခြင်းဖြစ်တယ်’’ ဟု မန္တလေးအသင်းပေါင်းစုံဆု တောင်းရေးရာကော်မတီအထွေ ထွေအတွင်းရေးမှူး ဆရာတော် ဦးအောင်ထွန်းဦးက ပြောသည်။

ယင်းဆုတောင်းပွဲတွင် လာမည့်နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲပေးကြမည့် မိဘပြည်သူများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ၀င်ရောက်ယှဉ် ပြိုင်ကြမည့်ပါတီများ၊ မဲရေတွက်ကြမည့်သူများ၊ ပါတီခေါင်းဆောင်များ၊ မဲရုံမှူးများနှင့် သတင်းယူ ကြမည့် သတင်းမီဒီယာများအတွက် ၀တ်ပြုဆုတောင်းပေးခဲ့ကြသည်။

7Day Daily

0 comments:

Post a Comment