Sunday, October 18, 2015

ပါတီများအပြုတ်တိုက်မည့်စနစ် ကျင့်သုံးခဲ့၍ တိုင်းပြည် ဒုက္ခရောက်ခဲ့ဟု သူရဦးရွှေမန်းပြောကြား

သူရဦးရွှေမန်း ဖြူးမြို့နယ်တွင် အောက်တိုဘာ ၁ ရက်က ပြောကြားနေစဉ် (ဓာတ်ပုံ - H.E. Thura U Shwe Mann Facebook)

ပါတီများသည် ငါနှင့်မတူငါ့ရန်သူဟူသော သဘောထားကာ အပြုတ်တိုက်မည့်စနစ်ကျင့်သုံး ခဲ့ခြင်းကြောင့် တိုင်းပြည်ဒုက္ခ ရောက်ခဲ့ရခြင်းဖြစ်သည်ဟု သူရ ဦးရွှေမန်းကပြောကြားသည်။အောက်တိုဘာ ၁၇ ရက်က ၎င်းဝင်ရောက်ယှဉ်ပြိုင်မည့် ဖြူး မြို့နယ်တွင် မဲဆွယ်စည်းရုံးရာ၌ သူရဦးရွှေမန်းက အထက်ပါအ တိုင်းထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။‘‘ကျန်တဲ့ပါတီတွေမရှိဘဲနဲ့ ပါတီတစ်ခုတည်းဖြစ်နေရင် ငါ့ မင်းငါ့ချင်း ငါဖြစ်ချင်တာ ဖြစ်နေ မှာပေါ့’’ဟု ၎င်းကဆိုသည်။ ထို့ အပြင် ပါတီများကို ပြိုင်ဘက်များ အနေဖြင့် ယှဉ်ပြိုင်သတ်မှတ်ရန် လိုအပ်ပြီး မည်သည့်အဖွဲ့အစည်း ပုဂ္ဂိုလ်နှင့်မဆို ပူးပေါင်းဆောင် ရွက်ရန်လိုအပ်ကြောင်း ၎င်းကဆို သည်။

‘‘နိုင်ငံနဲ့ နိုင်ငံသားများအ တွက် အကျိုးရှိမှာသိတယ်။ ဒါပေ မဲ့ မိမိအတွက်၊အဖွဲ့အစည်းတစ်ခု အတွက်လုပ်နေမယ်ဆိုရင်တော့ ဒါဟာ တိုင်းပြည်ကိုတကယ်ချစ် တာလားစဉ်းစားစရာဖြစ်လာပါ တယ်’’ဟု သူရဦးရွှေမန်းကဆို သည်။

မည်သည့်ပါတီအဖွဲ့အစည်း မဆို ကောင်းမွန်သည့် မူဝါဒများရှိ နေပြီး အကောင်အထည်ဖော်နိုင် ခြင်း၊မဖော်နိုင်ခြင်းအပေါ် အဓိက မူတည်ကာ ၎င်းတို့ကိုပြိုင်ဘက် လုပ်ဖော်ကိုင်ဖက်များအနေဖြင့် သတ်မှတ်သင့်သည်ဟု ၎င်းကဆို သည်။ လက်ရှိကျင့်သုံးနေသည့် ပါတီစုံဒီမိုကရေစီစနစ်သည် အာ ဏာရှင်စနစ်နှင့်လုံးဝကွာခြားမှုရှိ နေပြီး ပြည်သူ့ကိုယ်စားလှယ်အ နေဖြင့် ပြည်သူ့အကျိုးကိုဆောင် ရွက်ပေးရန်လိုအပ်သည်ဟု သူရ ဦးရွှေမန်းကဆိုသည်။

နိုင်ငံတစ်ခုတည်ဆောက်ရာ တွင် ပူးပေါင်းဆောင်ရွက်မှုသည် အဓိကအရေးကြီးပြီး ၎င်းအနေ ဖြင့်လည်း မည်သည့်အဖွဲ့အစည်း နှင့်မဆို လက်တွေ့ကျကျဆောင် ရွက်ခဲ့သည့်အတွက် အခြားပါတီ များက ထိုက်သင့်သည့်ယုံကြည်မှု များရှိနေပြီး နိုင်ငံတည်ဆောက် ရေးအတွက် အခွင့်လမ်းကောင်း များရှိနေပြီဟု ၎င်းကဆိုသည်။

7Day Daily

0 comments:

Post a Comment