Thursday, October 29, 2015

ခရီးသည်တင်ယာဉ်များ စည်းကမ်းဖောက်ပါက မထသအပြင် ယာဉ်ထိန်းရဲသို့လည်း တိုင်ကြားနိုင်

ခရီးသည်တင်ယာဉ်များ စည်းကမ်းဖောက်ဖျက်ပါက ဌာနနှစ်ခုသို့ တိုင်ကြားနိုင်ပြီဖြစ်သည်။ (ဓာတ်ပုံ − နစ်ကီ)

ရန်ကုန်မြို့တွင်း ပြေးဆွဲ လျက်ရှိသည့် ခရီးသည်တင်ယာဉ် များ စည်းကမ်းဖောက်ပါက မထသ(ဗဟို)အပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်း ရေး ကြီးကြပ်မှုကော်မတီသို့ပါ တိုင်ကြားနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ခရီးသည်တင်ယာဉ်များနှင့် ပတ်သက်၍ ကျေနပ်မှုမရှိသော အမှုများကို ယာဉ်ထိန်းရဲတပ်ဖွဲ့ ထံသို့ ယခုနောက်ပိုင်းတွင် တိုင်ကြားမှုများရှိလာကာ ယာဉ်ထိန်းရဲတပ်ဖွဲ့က သက်ဆိုင်ရာဌာနများ သို့ စာပို့အရေးယူမှုများ ထိထိ ရောက်ရောက် ဆောင်ရွက်ပေး သဖြင့် ပိုမိုများပြားလာသည်ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ အရာရှိတစ်ဦးကပြောသည်။

‘‘ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ OCC (Online Complaint Cen-ter) စတာ မကြာသေးဘူး။ အမှု တွေ ပိုများလာတယ်။ အရင်က OCC မှာဆိုရင် ယာဉ်ထိန်းရဲနဲ့ပတ် သက်တဲ့ ယာဉ်မတော်တဆမှု တွေ ယာဉ်ကြောတွေ ရှုပ်နေတာတွေ၊ တိုက်ပြေးအမှုတွေလောက်ပဲရှိတာ။ အခုနောက်ပိုင်းကျတော့ ခရီးသည်တင်ယာဉ်တွေကို မကျေနပ်တာတွေကအစ တိုင်လာကြ တယ်’’ဟု ၎င်းကပြောသည်။

အဆိုပါ OCC ကို ယာဉ်ထိန်းရဲတပ်ဖွဲ့က ယာဉ်စည်းကမ်း လမ်းစည်းကမ်း၊ ယာဉ်ကြောကျပ် တည်းမှုများနှင့် ယာဉ်မတော်တ ဆမှုများ တိုင်ကြားနိုင်ရန် ပြီးခဲ့ သည့် သြဂုတ် ၂၉ ရက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ ခရီးသည်တင် ယာဉ်နှင့် ပတ်သက်သည့် ယာဉ် စီးခ ပိုမိုတောင်းခံခြင်း၊ မချေမငံ ဆက်ဆံခြင်းတို့ပါ ပူးတွဲတိုင်ကြား နိုင်ပြီဖြစ်ကာ ယင်းတိုင်ကြားမှု များကို ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် မထသတို့ ပူးပေါင်းဆောင်ရွက် ဖြေရှင်းပေးမည်ဖြစ်ကြောင်း သိ ရသည်။

‘‘အခု ယာဉ်ထိန်းရဲဘက်က ပါ တိုင်ကြားမှုကို လက်ခံပေး တာ အရမ်းကောင်းတယ်။ အရင်မထသ တစ်ခုတည်းက မထိ ရောက်ဘူး။ အရင်က ယာဉ် နောက်လိုက်က ခရီးသည်ကို မချေမငံဆက်ဆံတာတွေ၊ ယာဉ်စီး ခ ပိုတောင်းခံတာတွေ တိုင်ကြားဖူးတယ်။ ဘာမှမပြောင်းလဲသေး ဘူး။ အခု ယာဉ်ထိန်းရဲဘက်က ထိထိရောက်ရောက် လုပ်ပေးရင် ကောင်းတာပေါ့’’ဟု ကမာရွတ် မြို့နယ်နေ ဒေါ်ဌေးဌေးဦးက ပြောသည်။

လက်ရှိ၌ ခရီးသည်နှင့် ခရီး သည်တင် ယာဉ်လိုင်းများမှ အောက်တိုဘာ ၁ ရက်မှ ၂၂ ရက် အတွင်း OCC သို့ တိုင်ကြားမှုများ မှာ စုစုပေါင်း ၆၃၁ မှုရှိကြောင်း သိရသည်။ ခရီးသည်တင်ယာဉ်လိုင်း များနှင့် ပတ်သက်၍ ကျေနပ်မှုမရှိပါက OCC ဖုန်းနံပါတ် +၉၅၉၉၇၉၁၂၀၃၂၈ သို့ တိုက် ရိုက်တိုင်ကြားနိုင်သည်။

7Day Daily

0 comments:

Post a Comment