Wednesday, October 21, 2015

မဲပညာပေးအကြောင်းပြ၍ နယ်တကာလှည့် ဟောပြောစည်းရုံးခြင်းသည် မလုပ်သင့်သည့် ကိစ္စဟု ဦးခင်အောင်မြင့်ပြော

မဲဆွယ်စည်းရုံးဟောပြောနေသော ဦးခင်အောင်မြင့်ကို တွေ့ရစဉ် (ဓာတ်ပုံ − ရဲနိုင်) 

ရွေးကောက်ပွဲကာလမတိုင်မီ မဲပညာပေးအကြောင်းပြပြီး နယ်တကာ လှည့်ကာ ဟောပြောစည်းရုံးမှုသည် မလုပ်သင့်သည့်ကိစ္စရပ်ဖြစ်ပြီး ၎င်းတို့ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် ထိုလုပ်ရပ်မျိုးကို လုံးဝမလုပ်ဆောင်ဘဲ သန့်ရှင်းသည့်မဲပြားကိုသာ လို လားသည်ဟု ဦးခင်အောင်မြင့်က ပြောသည်။ ‘‘ကော်မရှင်က ခွင့်ပြုထား ခြင်းမရှိဘဲ လူထုကို လက်တစ်လုံး ခြားပညာပေးဟောပြောပွဲဆိုပြီး တော့ မိမိတို့၊ ၎င်းတို့နိုင်စေချင်တဲ့ ပါတီက မဲဆွယ်စည်းရုံးတာတွေ က တရားမဝင်ပါဘူး။ ဒါတွေက မတရားသဖြင့် ပြုကျင့်တာတွေ ဖြစ်ပါတယ်’’ဟု ရမည်းသင်းခရိုင်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှ ၀င်ပြိုင်မည့် ဦးခင်အောင်မြင့်က ဆိုသည်။

ထိုသို့ရွေးကောက်ပွဲတွင် တ ရားမျှတမှုမရှိသည့်ကိစ္စရပ်များ လုပ်ဆောင်လာပါက မဲဆန္ဒရှင် ပြည်သူများအနေဖြင့် ရဲစခန်းသို့သွားရောက်တိုင်ကြားနိုင်သည်ဟု ဦးခင်အောင်မြင့်က ပြောကြားခဲ့ သည်။ ‘‘ရွေးကောက်ပွဲ တရားမ ဝင် မဲဆွယ်တာတွေ၊ လာဘ်ပေး တာတွေက နိုင်ငံအနှံ့မှာ ဖြစ်နေ တာပဲ။ သက်သေခိုင်မာတယ်၊ မတရားလုပ်တယ်ဆိုရင် ပါတီအ ချင်းချင်းတွေလည်း တိုင်နေတာ ပဲ။ ပြည်သူတွေကတော့ တိုင်မှာ မဟုတ်ဘူး။ နားလည်းမလည်ကြ ဘူး’’ဟု မြို့လှဒေသခံတစ်ဦးက ဆိုသည်။ ရမည်းသင်းမြို့ နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီတို့အားပြိုင်မှုသည် ကွာခြားမှုများစွာမရှိနိုင်ဘဲ ရွေးကောက်ပွဲမှ တိကျသည့် အဖြေတစ်ခုထွက်ပေါ်လာနိုင်သည်ဟု မြို့လှတိုက်နယ်မှ ကိုနေယံကျော်က ဆိုသည်။

ထို့အပြင် ရွေးကောက်ပွဲတွင် အနိုင်ရပါက တက်ရောက်မည့်အ စိုးရအသစ် အနေဖြင့် ဘဏ္ဍာငွေ တိုးတက်အောင် လုပ်ဆောင် တတ်ရန် လိုအပ်ပြီး ထိုသို့လုပ် တတ်သည့် သူများကိုသာ ရွေးချယ်စေလိုသည်ဟု ပြည်ခိုင်ဖြိုးဗဟိုအကြံပေး ဦးခင်အောင်မြင့်က ပြောကြားသည်။

‘‘ကျန်တဲ့ ပါတီတွေလည်း လုပ်တတ်တယ်၊ သို့သော် လုပ် တတ်ဖို့လိုတယ်၊ လုပ်တတ်တဲ့သူ တွေကို ရွေးချယ်ဖို့လိုတယ်’’ ဟု အောက်တိုဘာ ၂၁ ရက်က ၎င်း ဝင်ရောက်ယှဉ်ပြိုင်မည့် ရမည်း သင်းမြို့နယ် မြို့လှတိုက်နယ်တွင် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်များတွေ့ဆုံပွဲ၌ ပြော ကြားခဲ့သည်။ ပြည်ခိုင်ဖြိုး ပါတီအနိုင်ရပြီး အစိုးရလုပ်သည့် ကာလတစ်လျှောက် နှစ်စဉ် ဘဏ္ဍာငွေများ တိုးတက်လာအောင် ဆောင်ရွက်ပြီး ၎င်းတို့က တစ်ဆင့် ပြည်သူများ၏လမ်း၊ မီး၊ ကျေးရွာ၊ မြို့နယ်ဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဦးခင်အောင်မြင့်က ပြည်သူများအား အထက်ပါအကြောင်း အရာနှင့် နှိုင်းယှဉ်ပြောကြားခဲ့သည်။

မဲဆွယ်စည်းရုံးရာတွင် မည်သို့လုပ်ဆောင်ပေးမည်၊ မဲထည့်ပါဟု ပြောဆိုခြင်းသည် အပေးအယူသဘော၊ လာဘ်ပေးလာဘ်ယူသဘောဖြစ်သည့်အတွက် ထိုကဲ့သို့ ပြောဆိုခြင်းမပြုဘဲ ရွေးကောက်ပွဲအနိုင်ရရှိပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊ မိမိမဲဆန္ဒနယ်ဒေသကိုလည်း ထည့်သွင်းဆောင်ရွက်ခြင်းများပြုလုပ်မည်ဟု ၎င်းက ပြောသည်။ ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီမှ သမ္မတလောင်းသည် လက် ရှိပါတီဥက္ကဋ္ဌ ဦးသိန်းစိန်ကိုသာ တင်သွင်းမည်ဟု ဦးခင်အောင်မြင့်က မီဒီယာများ၏မေးမြန်းမှုအား ပြန်လည်ဖြေကြားခဲ့သည်။

ရမည်းသင်းမြို့နယ်တွင် ၎င်းအနေဖြင့် ရွေးကောက်ပွဲအောင် နိုင်ရေးသည် ခိုင်မာသည့်အနေအ ထားတွင်ရှိနေပြီး မိမိကို အပြတ် တိုက်ထုတ်ချင်သည့် ပုဂ္ဂိုလ်များ လည်းရှိနေသည်ဟု ဦးခင်အောင် မြင့်ကဆိုသည်။ ‘‘ဒေသခံတွေဆီမှာရှိတဲ့ မေတ္တာတရား၊ သံယောဇဉ်တရားကို လျှော့တွက်ပြီးတော့ အဘကို ဖြိုလှဲဖို့ ကြိုးစားရင် အရှက်ကွဲသွားမယ်’’ဟု ၎င်းက ဆို သည်။

ဦးခင်အောင်မြင့်သည် စက်တင်ဘာ ၂၁ ရက်က ရမည်းသင်း မြို့နယ်ရှိ ကျည်စုရွာတွင် သံဃာ တော်အပါး ၆၀၀ အား ဆွမ်းကြီး လောင်းခြင်း၊ နန်းရုံကျေးရွာနှင့် မြို့လှတိုက်နယ်တွင် မဲဆန္ဒရှင် များနှင့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် လောင်းများ တွေ့ဆုံခြင်းများပြု လုပ်ခဲ့သည်။ အဆိုပါမြို့လှတိုက် နယ်တွေ့ဆုံပွဲတွင် ဒေသခံပြည် သူ ၃,၀၀၀ ခန့် တက်ရောက်ခဲ့ကြ သည်။

7Day Daily

0 comments:

Post a Comment