Wednesday, October 28, 2015

လူမှုကွန်ယက်ပေါ် ဥာဏ်လင်းအောင် တင်လိုက်တဲ့ 2 Months Anniversary ပို့စ် နဲ့ပတ်သက်ပြီး ဖြေရှင်းသွားတဲ့ ချမ်းချမ်းပိုင်


Golden Star Model Agency က မွေးထုတ်ပေးလိုက်တဲ့ မော်ဒယ်ချမ်းချမ်းပိုင်ဟာ Ms.Monsoon 2015 Winner ဆုအပြင် Ms . မန္တလာမြင့်ကလုပ်တဲ့ ( Mr.&Miss Fashion 2015) မှာလဲ 2nd Runner up ကို ရရှိပိုင်ဆိုင်ထားသူပါ။ ချမ်းချမ်းပိုင်က များမကြာမှီရက်ပိုင်းအတွင်းက ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ်မှာ သူနဲ့ အဆိုတော် ဥာဏ်လင်းအောင် ချစ်ကြိုက်နေတဲ့ အချစ်ရေး ဂယက်တွေနဲ့ ပတ်သက်ပြီး လူအများရဲ့ပြောဆိုတိုက်ခိုက်ခြင်း ၊ ပရိသတ်ရဲ့ အမြင်မကြည်လင်ခြင်းမှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့ကြောင့် သူမရဲ့ အချစ်ရေးနဲ့၊ အနုပညာလှုပ်ရှားမှုတွေအကြောင်း သူမကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာက" အခုလက်ရှိက ညီမ နေပြည်တော် ကို အလုပ်နဲ့သွားနေတယ်။ သီချင်းဆိုဖို့အတွက်ပေါ့။ ၃၀ ရက်နေ့လောက်မှ ရန်ကုန်ပြန်ရောက်ပါမယ်။ အရှေ့မှာတော့ Up ဆိုတဲ့ အချိုရည်လေး ရိုက်ဖြစ်တယ်။ ညီမအပြင် အဲလစ်စ်အုန်းရယ်၊ မင်းအောင်ပြည့်ရယ်၊ နက်ရှိုင်းကိုရယ်ပေါ့။ အဲ့ဒီကြော်ငြာလေး ရိုက်ထားတယ်။ အနုပညာနဲ့ပတ်သက်ပြီး ညီမသရုပ်ဆောင်တာကို ၀ါသနာပါတယ်။ သရုပ်ဆောင်ဖြစ်ချင်လို့ အစ်ကို က အတွေ့အကြုံရှိအောင်မော်လ်ဒယ်ဖက်က စ၀င်ဆိုလို့ဦးချိုကြီးဆီမှာ သင်တန်းတက်ဖြစ်တာပါ။ အခုလောလောဆယ် ကားရိုက်ကတော့ အဆင်မပြေလောက်သေးဘူး။ ကြော်ငြာတို့အမ်တီဗီတို့တော့ ရိုက်ဖြစ်နေပါတယ်။ ကိုဆိုတေးရဲ့ မင်္ဂလာပါ စီးရီး title ရိုက်ထားတယ်။ နောက် အမဆိုင်းစံရဲ့သီချင်းတစ်ပုဒ်ကို ကိုကျော်ကျော်ဗိုနဲ့ရိုက်ထားတယ်။ အရှေ့မှာ ကိုဂျောက်ဂျက်သီချင်းလဲ ရိုက်ဖူးတယ်။ အများကြီးရိုက်ထားပါတယ်"လို့ သူမက ပြောပြသွားပါတယ်။

လူစိတ်ဝင်စားခြင်းခံရတဲ့ သူမရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီးတော့လည်း သူမက "ကြားထဲမှာ အကောင့်တုတွေက လိုက်ပြောတာလဲ ပါတယ်။ ညီမပုံနဲ့ Page ထောင်ပြီးတော့ရယ်၊ ကိုဥာဏ်လင်းအောင်ပုံနဲ့ Page ထောင်ပြီးတော့ လိုက်ပြီးနှောင့်ယှက်တာလဲ ပါတယ်။ ဘယ်သူလဲ ဆိုတာတော့ ညီမ အတိအကျမသိဘူး။ အဲ့ဒီကြားထဲမှာ ညီမ ၀င်ကြည့်လို့မရဘူး။ လော့ခ်ကျသွားတာပေါ့။ ဘာမှလုပ်လို့လဲမရဘူး။ သူတို့ဘာပြောလဲဆိုတာ ညီမ မသိဘူး။ နောက်ကျမှပုံတွေ တက်လာတယ်။ အကောင့်ပြန်ဖွင့်လို့ရတော့မှ ၀င်ကြည့်လိုက်တော့ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး သူငယ်ချင်းတွေရဲ့အထင်လွဲတာလဲခံရတယ်။ နောက် ချမ်းတို့တင်တာ မဟုတ်မှန်းသိမှ သူတို့လဲ နားလည်သွားကြတာပါ။ သူတို့လုပ်လိုက်တာက ညီမအတွက် လုံးဝမကောင်းဘူးဖြစ်သွားတယ်။ တော်တော်လေးတော့ဆိုးတာပေါ့။ အခုလက်ရှိက ကိုဥာဏ်လင်းအောင်နဲ့တွဲနေတာပါ။ သူနဲ့သိတာက လွန်ခဲ့တဲ့ တစ်နှစ်လောက် ကတည်းကပါ။ မကြာခင်က အက်ဆီးဒင့်နဲ့ ဆုံးသွားတဲ့ ဟက်ဟက်နဲ့မတွေ့ခင်ကတည်းကပေါ့။

ကိုဥာဏ်လင်းအောင်နဲ့က အဲ့ဒီကတည်းက တွဲခဲ့ကြတယ်။ တစ်လကျော်လောက်တော့ရှိမယ်။ အဲ့ဒီတုန်းက ဖေ့စ်ဘွတ်ခ်ပေါ်မှာတွဲတာမဟုတ်ဘူး။ သူ့အသိုင်းအ၀ိုင်းနဲ့ကိုယ့်အသိုင်းအ၀ိုင်းက သူငယ်ချင်းတွေသိကြတယ်။ အပြင်လူတွေတော့ မသိဘူးပေါ့။ ပြီးတော့ အဆက်အသွယ်ပြတ်သွားတယ်။ သူလဲကြားထဲမှာ ကောင်မလေးတစ်ယောက်နဲ့တွဲတယ်။ ညီမကလဲ ဟက်ဟက်နဲ့တွဲခဲ့တယ်။ အဲ့ဒီကြားထဲမှာ ကိုဥာဏ်လင်းအောင်နဲ့က ဒီအတိုင်း မောင်နှမတွေလိုပါပဲ။ ဒီလောကထဲမှာ အတူတူ အလုပ်လုပ်နေကြတဲ့အတွက် ပွဲတွေမှာတွေ့တယ်။ ဒီလောက်ပါပဲ။ ဟက်ဟက် ဆုံးသွားတဲ့အခါကျတော့ သူ့သူငယ်ချင်းတွေကပြောပါတယ်။ အစ်မရယ် သူလဲ ဆုံးသွားပြီလေ။ ပြန်လာတော့မှာလဲ မဟုတ်ဘူး။ အမရည်းစားထားမှာကို သူတို့လက်ခံပါတယ်တဲ့။ ဘာမှမပြောပါဘူးတဲ့။ သူ့သူငယ်ချင်း တချို့တ၀က်က နားလည်တယ်။ ကျန်တဲ့သူတွေကတော့ ဘာကိုအမြင်ကပ်ပြီး တော့ ဘယ်လိုမျိုးပြောလဲဆိုတာတော့ ညီမနားလဲမလည်ဘူး။ သိလဲမသိဘူး။ ကိုဥာဏ်လင်းအောင်နဲ့က ဟက်ဟက်မသိအောင် ဟက်ဟက်မသေခင်ကတည်းက ခိုးတွဲနေတာ မဟုတ်ပါဘူး။ ကိုဥာဏ်လင်းအောင်က 2 Months Anni ဆိုပြီး တင်လိုက်တာက ဟိုးအရင်ကတည်းက ကိုဥာဏ်လင်းအောင်နဲ့က တစ်လကျော်လောက် တွဲခဲ့ဘူးတယ်။ ဟက်ဟက်နဲ့မတွဲခင်မတွေ့ခင်ကတည်းကပေါ့။ အခုဟက်ဟက်သေသွားတော့မှ အရင်သံယောဇဉ်လဲရှိတော့ ကိုဥာဏ်လင်းအောင်နဲ့ပြန်တွဲဖြစ်သွားတာပါ။ အဲ့ဒီနှစ်ခုကိုပေါင်းပြီး ကိုဥာဏ်လင်းအောင်က 2 Months Anni ဆိုပြီးတင်ထားတာက စစတွဲခဲ့တဲ့ ရက်ကိုပြန်ယူထားတာပါ။

ညီမကိုဥာဏ်လင်းအောင်နဲ့တွဲခဲ့တာကို ဟက်ဟက်ရဲ့သူငယ်ချင်းတွေလဲ သိပါတယ်။ အဲ့လို 2 Months anni ဆိုပြီး တင်လိုက်တာကိုသူ့ပရိသတ်တွေကလဲ အထင်လွဲကြတယ်။ ဟက်ဟက်သူငယ်ချင်းတွေကလဲ အထင်လွဲကြတယ်။ ဖေ့စ်ဘွတ်က တချို့လူတွေကလဲ သေချာမသိပဲ ညီမတို့ကို အထင်လွဲကြတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ မသိလို့ပြောတာပေါ့နော်။ စိတ်လဲမကောင်းဘူး။ သူတို့ထင်နေတာက တလွဲဖြစ်နေတယ်။ တချို့ cb မှာ ကာင်းကောင်းမွန်မွန် လာမေးတဲ့သူတွေကို ညီမ ကောင်းကောင်းမွန်မွန်ဖြေပေးတယ်။ တချို့ကျတော့လဲ အရမ်းလွန်တယ်။ လာဆဲကြလို့လေ။ အဲ့ဒါကိုလဲ ညီမစိတ်အရမ်းတိုလို့ပြန်ပြောလိုက်တာ ၂ ယောက်လောက် ပဲရှိတယ်။ သူတို့ကို လဲ ညီမအပြစ်မတင်ပါဘူး။ ပြန်လဲ မတိုက်ခိုက်ပါဘူး။ အချိန်ကြာလာရင် ရှင်းရှင်းလင်းလင်း သိသွားကြမှာပါ။ အခုပုံတွေပြန်တင်ဖြစ်တယ်။ အရင်ကလောက်တော့ cmt ရိုင်းရိုင်းစိုင်းစိုင်းမပေးကြတော့ပါဘူး။ အခုလို ပွင့်ပွင့်လင်းလင်းပြောပြဖြစ်တာကလဲ သူနဲ့က တစ်ဘ၀လုံးအတွက်ရည်ရွယ်ပြီးတွဲထားတာမို့လို့ပွင့်ပွင့်လင်းလင်းပြောပြတာပါ"တဲ့။

ခင်ဆွေသက် 
Trend Myanmar

0 comments:

Post a Comment