Friday, October 16, 2015

နိုင်ငံရေးပါတီများကို မျိုးစောင့်ဥပဒေအကြောင်း မေးခွန်းထုတ်ရန် မွန်မဘသ ဆရာတော် မိန့်ကြား

ဓာတ်ပုံ - ဟေမာနွန်/ဧရာဝတီ

မွန်ပြည်နယ် သထုံမြို့နယ်တွင် အောက်တိုဘာလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့ သည့် မျိုးစောင့်ဥပဒေ အောင်ပွဲ အခမ်းအနား တွင် မဲဆွယ် စည်းရုံးလျက် ရှိသည့် နိုင်ငံရေး ပါတီများကို မျိုးစောင့်ဥပဒေကို ထောက်ခံခြင်း ရှိ/မရှိ မေးခွန်းထုတ်ရန် မွန် မ.ဘ.သ အဖွဲ့ချုပ် မြစေတီ ဆရာတော် ဝိမလဗုဒ်ဓိက မိန့်ကြားသည်။“ဒါကြောင့် ဒီနယ်မြေမှာ မဲလာဆွယ်တာပဲဖြစ်ဖြစ် ဘာဟောပြောပွဲပဲဖြစ်ဖြစ် ပရိတ်သတ်ထဲက ထမေးပါ။ ခင်ဗျားတို့ ပါတီ အစိုးရဖွဲ့ရင် မျိုးစောင့်ဥပဒေကို ဖျက်မှာလား တည်တံ့အောင်လုပ်မှာလား မေးခွင့်ရှိတယ်။ သံဃာတွေ လည်း မေးလို့ရတယ် အဲလိုမေးမှ ဖျက်တဲ့ပါတီလား။ တည်တံ့အောင်လုပ်မယ့် ပါတီလားဆိုတာ သဲသဲကွဲကွဲသိမယ်”ဟု ယင်းဆရာတော်က မိန့်ကြားသည်။

ဆရာတော်က လာမည့် ၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက်မည့် ပါတီ ၉၂ ခု အနက် မျိုးစောင့် ဥပဒေကို အတည်ပြု ပြဌာန်းခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီတို့မှာ မျိုးစောင့် ဥပဒေကို ထောက်ခံကြောင်း ၀န်ခံထားသည်ဟု ဆက်လက် မိန့်ကြားသည်။




The Irrawaddy

0 comments:

Post a Comment