Wednesday, October 21, 2015

ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာမှု မရှိလျှင် အမေရိကန်က မြန်မာဆိုင်ရာ မူဝါဒများကို ပြန်လည်ဆန်းစစ်ဆုံးဖြတ်မည်

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံနေသော ဘန်ရုဒ် (ဓာတ်ပုံ− NLD Chairperson) 

ရွေးကောက်ပွဲရလဒ်ကို အာဏာပိုင်များက လေးစားလိုက် နာမှုမရှိလျှင် အမေရိကန်အစိုးရ အနေဖြင့် မြန်မာဆိုင်ရာမူဝါဒများ ကို ပြန်လည်ဆန်းစစ်ဆုံးဖြတ်ရ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံသို့ လာရောက်သည့် အမေရိကန် ဒုအမျိုးသား လုံခြုံရေးအကြံပေး ဘန်ရုဒ်က သုံးရက်ကြာခရီးစဉ် အပြီးတွင် ပြောကြားသည်။ သမ္မတဦးသိန်းစိန်၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည် ထောင်စု ရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌ ဦးတင်အေးတို့နှင့် တွေ့ ဆုံခဲ့သော ဘန်ရုဒ်က ၎င်းအနေဖြင့် တွေ့ဆုံပွဲများအတွင်း မကြာမီ ထွက်ရှိလာမည့် ရွေးကောက်ပွဲ ရလဒ်အပေါ် လေးစားလိုက်နာ ရန်လိုကြောင်းအချက်ကို အဓိက ထား၍ ပြောကြားခဲ့သည်ဟု ဆို သည်။‘‘ရွေးကောက်ပွဲရလဒ်ကို မ လေးစားဘူးဆိုရင် ဘယ်လိုပုံစံ ဖြစ်မယ်လို့ အတိအကျဖြစ်နိုင်ခြေ ဇာတ်လမ်းကို ခန့်မှန်းမပြောနိုင် ပေမယ့် ရလဒ်ကို မလေးစားတာ က နောက်ကြောင်းပြန်ခြေတစ် လှမ်းအဖြစ် ကိုယ်စားပြုပါလိမ့် မယ်။ အဲဒီလိုဟာမျိုးကို တုံ့ပြန်တဲ့ အနေနဲ့ ကျွန်တော်တို့ရဲ့မူဝါဒတွေ နဲ့သဘောတူညီချက်တွေကို အကဲဖြတ်ဆန်းစစ်ဆုံးဖြတ်မှုလုပ်ရပါ လိမ့်မယ်’’ဟု ဘန်ရုဒ်က ပြော ကြားသည်။

သင့်လျော်သည့်အချိန်တွင် ထိုအဆုံးအဖြတ်ကို ချမှတ်မည် ဖြစ်ပြီး ထိုကဲ့သို့ဖြစ်မလာရန် မျှော်လင့်ထားသည်ဟုဆိုသည်။ သမ္မ တဦးသိန်းစိန်၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်၊ အခြားဝန်ကြီး များနှင့် တွေ့ဆုံရာတွင် ယင်းအ ချက်ကို အလေးပေးဆွေးနွေးခဲ့ရာ ၎င်းတို့က ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာမည်ဟု ပြော ကြားကြောင်း ဘန်ရုဒ်က သတင်း ထောက်များအား ပြောသည်။ ထို ပြောကြားချက်သည် မှတ်တမ်းဝင် နေပြီဖြစ်ပြီး ၎င်းတို့ပေးထားသည့် ကတိကဝတ်လည်းဖြစ်ကြောင်း အမေရိကန်အရာရှိက ဆိုသည်။

ရွေးကောက်ပွဲသည် အပြု သဘောဆောင်သည့် ခြေတစ် လှမ်းဖြစ်ပြီး ရလဒ်ကို လေးစား လိုက်နာကြပါက ယင်းမှာ ဒီမိုက ရေစီအသွင်ကူးပြောင်းမှု ရှေ့သို့ တိုးတက်ခြင်းဖြစ်ကာအမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေး တွင် နောက်ထပ် ထပ်ဆောင်းအ ခွင့်အလမ်းများ တံခါးပွင့်လာမည် ဟုဆို၏။

တပ်မတော်အနေဖြင့် နိုဝင် ဘာရွေးကောက်ပွဲပြီးနောက် မဲနိုင်၍ တက်လာမည့်အစိုးရနှင့်အတူ တကွ လက်တွဲလုပ်ဆောင်မည့် ဆန္ဒရှိကြောင်း အာရုံနိမိတ်တစ်စုံ တစ်ရာကို တပ်ချုပ်နှင့်စကားပြောရာတွင် ရရှိခဲ့ပါသလားဟုသတင်း စာရှင်းလင်းပွဲတွင် မေးကြရာ ဘန်ရုဒ်က ‘‘တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရွေးကောက်ပွဲရလဒ် ကို လေးစားပြီး တက်လာမယ့် ဘယ်အစိုးရဖြစ်ဖြစ်နဲ့ လုပ်ဆောင် မယ်လို့ လူသိရှင်ကြားပြောကြား ထားပါတယ်။ အဲဒါဟာ ကျွန် တော်တို့ဆွေးနွေးပွဲတွေမှာ သူ့ရဲ့ အမှာစကားပဲဖြစ်ခဲ့ပါတယ်’’ဟု ဆိုသည်။ ရလဒ်ကိုလေးစား ကြောင်း သေချာစေရန် အမေရိ ကန်ပြည်ထောင်စုအနေဖြင့် နီး နီးကပ်ကပ် စောင့်ကြည့်မည်ဟု လည်း ပြောသည်။

ထို့အပြင် မဲဆွယ်စည်းရုံး ရေးများ လုပ်ဆောင်နေသော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လည်း ရွေးကောက်ပွဲပြီးနောက် တွင် တပ်မတော် အပါအဝင် အခြားအဖွဲ့အစည်းများဖြင့် အတူတကွ လက်တွဲလုပ်ဆောင်လို ကြောင်း လူသိရှင်ကြားပြသခဲ့ပြီး ဖြစ်ပါကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

‘‘အဲဒီတော့ ဒါက အပြုသ ဘောဆောင်မှုတစ်ခု၊ အပြုသ ဘောအချက်ပြသင်္ကေတတစ်ခု ကို ပေးတာပဲလို့ ကျွန်တော်ထင် တယ်’’ဟု ဘန်ရုဒ်က ပြောကြားသည်။

ကန်ဒုအမျိုးသားလုံခြုံရေး အကြံပေးသည် အောက်တိုဘာ ၂၀ ရက်က တက္ကသိုလ်ရိပ်သာ လမ်းနေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ လာမည့်ရွေးကောက်ပွဲ၌ ဖြစ်ပေါ် လာမည့် စိန်ခေါ်မှုများနှင့် အခွင့် အရေးများ စသည်တို့နှင့်ပတ် သက်၍ နှစ်ဦးသား ဆွေးနွေးခဲ့ကြ သည်ဟုဆိုသည်။

ထို့အပြင် ဘန်ရုဒ်သည် တစ် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ် (NCA)နှင့် ပတ်သက်၍ အမြင်များသိနိုင်ရန် တိုင်းရင်းသားပေါင်းစုံမှ ကိုယ်စား လှယ်များနှင့်လည်း တွေ့ဆုံခဲ့ သည်။ NCA ကို လက်မှတ်မရေး ထိုးသေးသောအဖွဲ့များ ယုံကြည် ပါဝင်လာနိုင်ရေး ဆောင် ရွက်ရန်လိုကြောင်း ထောက်ပြခဲ့ သည်။ မကြာမီတွင် အားလုံးပါ ဝင်၍ ပွင့်လင်းမြင်သာမှုရှိပြီး ပြီးပြည့်စုံသောနိုင်ငံရေး ဆွေးနွေး ပွဲမူဘောင်တစ်ရပ် ရေးဆွဲအချော သပ်နိုင်ရေး ယင်းမူဘောင်တွင် ပါဝင်မည့် အဓိကအချက်များအ ပေါ် လက်မှတ်ရေးထိုးသောအဖွဲ့ အစည်းကဖြစ်စေ၊ လက်မှတ်မ ရေးထိုးသော အဖွဲ့အစည်းက ဖြစ် စေ လိုက်နာကြစေလိုကြောင်း ဘန်ရုဒ်က တိုက်တွန်းခဲ့သည်။

လူနည်းစုများအပေါ် မည် သည့်အပြုအမူမျိုးမဆို ဖြစ်သွား စေနိုင်သည့် အစွန်းရောက်စကား များပြောဆိုခြင်းကို တားမြစ်ထား သည့် တရားဥပဒေတစ်ခုရှိပြီး သားဖြစ်သည်ကို ၎င်းက ထောက် ပြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဘာသာရေးနှင့်နိုင်ငံ ရေးကို သီးခြားခွဲခြားထားသည့်အ လျောက် ယင်းတို့ကို သီးခြားစီခွဲ ထားရန် လိုအပ်ကြောင်းလည်း နေ ပြည်တော်ကို ထောက်ပြခဲ့သည် ဟုဆိုသည်။ ဘန်ရုဒ်သည် ရန်ကုန်တွင် ဘာသာပေါင်းစုံအဖွဲ့အစည်း များမှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့ပြီး သည်းခံခြင်းတရား မြှင့်တင်ရေး၊ အကြမ်းမဖက်ရေး နှင့် လူမျိုးဘာသာစုံအကြား လေး စားရေး၊ ရင်ကြားစေ့ရေးတို့အ တွက် ဘာသာပေါင်းစုံအချင်းချင်း ပူးပေါင်းအားထုတ်မှုများအတွက် ဤဘာသာရေးခေါင်းဆောင်များ အားလုံးကို အမေရိကန်ပြည်ထောင်စုအနေဖြင့် ချီးကျူးခဲ့သည်။

အမေရိကန်သမ္မတအိုဘား မား၏ အနီးကပ်အကြံပေးဖြစ် သည့် ဘန်ရုဒ်၏ယခုခရီးစဉ်သည် အာရှ-ပစိဖိတ်ဒေသနှင့် အမေရိ ကန်ဆက်ဆံရေးတွင် ချိန်ခွင်လျှာ ညှိရေးမူဝါဒဆက်ထားရှိရေးအ တွက် အရေးကြီးကြောင်း အိမ်ဖြူ တော်က ပြောကြားထားသည်။ NCA လက်မှတ်ရေးထိုးခြင်း၊ နိုဝင်ဘာ ၈ ရက်တွင် အရေးကြီးသည့်ရွေးကောက်ပွဲကို ကျင်းပရန် ပြင်ဆင်ခြင်းစသည့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်နှင့် ဒီမိုကရေစီအသွင် ကူးပြောင်းမှုလမ်းတွင် အရေးပါ သည့် အခိုက်အတန့်တစ်ခုရောက် နေခြင်းကြောင့် မြန်မာနိုင်ငံသို့ လာရောက်ရန် သမ္မတအိုဘားမား က ဘန်ရုဒ်အား တောင်းဆိုခဲ့ ကြောင်း ခရီးစဉ်အပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

7Day Daily

0 comments:

Post a Comment