Thursday, October 29, 2015

ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကိုပြောတာလဲဟု သမ္မတမေးခွန်းထုတ်ပြီး ထပ်မံပြောင်းလဲရန် ကွန်မြူနစ်စနစ်သာရှိဟုဆို

သမ္မတဦးသိန်းစိန် အမှာစကားပြောကြားနေစဉ် (ဓာတ်ပုံ − သက်ဆွေ)

ငပုတော - တပ်မတော်အစိုးရ သည် ပြည်သူများလိုလားသော ဒီမိုကရေစီအစိုးရစနစ်သို့ ပြောင်း လဲခဲ့ပြီးဖြစ်၍ ‘‘ပြောင်းလဲချိန်တန် ပြီဆိုခြင်းမှာ ဘာကိုပြောတာပါ လဲ’’ဟု ငပုတောမြို့နယ် ဥသျှစ်ကွင်းကျေးရွာ၌ ပြည်သူလူထုနှင့် တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မေးခွန်းထုတ်ခဲ့သည်။‘‘ပြည်သူများ လိုလားတဲ့ ဒီမိုကရေစီစနစ်ကို ပြောင်းပြီးပြီ၊ ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာ ကိုပြောတာလဲ။ ကျွန်တော်တို့က ပြောင်းပြီးပြီ။ ပြောင်းပြီးတဲ့စနစ် ကို ခိုင်ခိုင်မာမာဖြစ်အောင် ဆက် ပြီးတော့ လုပ်သွားဖို့ပဲလိုတယ်’’ ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန် က အောက်တိုဘာ ၂၉ ရက်တွင် ၎င်းမွေးရပ်ဇာတိဖြစ်သော ဥသျှစ် ကွင်းကျေးရွာသို့ ရောက်ရှိချိန်၌ ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူများ လိုလားသည့် ဒီမိုကရေစီအစိုးရစနစ်၊ လွှတ်တော်နှင့် အစိုးရပူးပေါင်း၍ အုပ်ချုပ်သည့်စနစ်ကို ပြောင်းလဲခဲ့ပြီး ဖြစ်၍ ထပ်မံပြောင်းလဲရန် ကွန်မြူနစ်စနစ်သာ ရှိတော့သည်ဟု သမ္မတက ဆိုသည်။

အုပ်ချုပ်ရေးပြုပြင်ပြောင်း လဲမှု၊ လူမှုရေး ပြုပြင်ပြောင်းလဲ မှု၊ ပုဂ္ဂလိကကဏ္ဍ မြှင့်တင်သည့် ပြုပြင်ပြောင်းလဲမှုများ ဆက် လက်ဆောင်ရွက်ရန် လိုအပ်ပြီး အခက်ခဲဆုံးပြုပြင်ပြောင်းလဲရေး သည် နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုသာဖြစ်သည်ဟု ဦးသိန်းစိန်က ပြောသည်။

လက်ရှိ အစိုးရတာဝန်ယူချိန် မှစ၍ ပြုပြင်ပြောင်းလဲမှုများစွာ ဆောင်ရွက်ခဲ့ပြီး မြင်သာသော ပြုပြင်ပြောင်းလဲမှုများအနေဖြင့် ယခင်က စက်ဘီးပင်လျှင် အနိုင် နိုင်စီးနေရသည့် ကျေးရွာများတွင် ယခုအခါ ဆိုင်ကယ်စီးနိုင်သည့် အဆင့်သို့ ရောက်ရှိနေကာ ယခင်က ဟန်းဖုန်းတစ်လုံးလျှင် ကျပ်သိန်းနှစ်ဆယ်၊ အစိတ်ပေး၍ ၀ယ်ယူရသော်လည်း လက်ရှိအစိုးရလက်ထက်တွင် ကျေးရွာများ၌ဟန်းဖုန်းများ ကိုင်နိုင်သည့်အ ဆင့်သို့ ရောက်ရှိနေခြင်းမှာ မြင် သာသော ပြောင်းလဲမှုများ ဖြစ် သည်ဟု ဆိုသည်။

‘‘အခုဟန်းဖုန်းက ဟိုးကျေး လက်ဒေသအထိ ရောက်သွားပြီး ဘုန်းကြီးကလည်း ဟန်းဖုန်းနဲ့၊ သူက အနည်းဆုံးဖုန်းပြောမရရင် တောင် ခင်ဗျားတို့လိုပေါ့။ ဓာတ် ပုံတော့ ရိုက်နေပြီပေါ့။ ကျောင်း သားကလည်း ဟန်းဖုန်းနဲ့၊ ဈေး သည်ကလည်း ဟန်းဖုန်းနဲ့၊ ဆိုက် ကားနင်းတဲ့သူကလည်း ဟန်း ဖုန်းနဲ့၊ လယ်သမားကလည်း ဟန်း ဖုန်းနဲ့ ဒီလိုတွေဖြစ်လာပြီ ဒါတွေ ဟာတိုးတက်မှုတွေပါ’’ဟု သမ္မတ က ပြောသည်။

လက်ရှိအစိုးရ စတင်တာဝန် ယူချိန်မှစ၍ ကျေးလက်တွင် နေ ထိုင်သူများ ဖွံ့ဖြိုးတိုးတက်ရေး ကို ဦးစားပေးလုပ်ကိုင်ခဲ့ပြီး ကျန်းမာရေး မြှင့်တင်ရာတွင်လည်း မည်သည့်အစိုးရလက်ထက်တွင်မှ မပေးခဲ့ဖူးသော ထောက်ပံ့မှု များနှင့် ပညာရေးမြှင့်တင်ရာတွင် လည်း ထိုနည်းတူ ဆောင်ရွက်ခဲ့ ကြောင်း ၎င်းက ဆိုသည်။

လူတစ်ဦးချင်း ချမ်းသာ ကြွယ်ဝစေရန် အခြေခံလိုအပ် ချက်များဖြစ်သည့် ကားလမ်းများ တိုးတက်ကောင်းမွန်ရေး၊ လျှပ် စစ်မီး ရရှိရေး၊ နာမကျန်းသူများအတွက် ဆေးရုံဆေးခန်းများနှင့် ကလေးများ ပညာတတ်ကျွမ်းရန် စာသင်ကျောင်းများ ထားရှိရေးစသည့် အခြေခံလိုအပ်ချက်များ ကို နိုင်ငံတော်အစိုးရက ပြုလုပ်ပေးရန် တာဝန်ရှိပြီး လက်ရှိအစိုးရ လက်ထက်တွင်လည်း အခြေခံလိုအပ်ချက်များ ပြည့်စုံစေရန် ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။

‘‘အစိုးရက လုံးဝမပြောင်း လဲဘူးလို့တော့ မငြင်းလိုဘူး။ ပြောင်းလဲဖို့ တောင်းဆိုတာက ဒီမိုကရေစီစနစ် အပြည့်အ၀ရဖို့ ပြောတာ။ ပြည်သူတွေလိုချင်တဲ့ ပြောင်းလဲချိန်တန်ပြီဆိုတာ ပြည် သူလူထု တိုက်ရိုက်ပါဝင် ဆောင် ရွက်ခွင့်ရှိတဲ့စနစ်ကို လိုချင်တာ။ ခုက ပြည်သူတစ်ဝက်၊ တပ်ကတစ် ၀က်အုပ်ချုပ်နေတဲ့ စနစ်မျိုးဖြစ် နေတယ်။ ပြည်သူနဲ့ အစားထိုး တဲ့ ပြောင်းလဲမှုမျိုးကို ပြောင်းလဲ ဖို့လိုတယ်လို့ ပြောတာ။ ကွန်မြူ နစ်စနစ်ပဲ ကျန်တော့တယ်ဆိုတာ တော့ သမ္မတကြီးအနေနဲ့ အစွန်း ရောက်တဲ့ တွေးခေါ်မှုလို့ မြင် တယ်’’ ဟု လူ့ဘောင်သစ်ဒီမိုက ရက်တစ်ပါတီ ပုသိမ်မြို့နယ် မဲ ဆန္ဒနယ်မြေမှ ၀င်ရောက်ရွေးချယ် ခံမည့် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးသန်းဝင်းက ပြောသည်။

‘‘သမ္မတအနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေး ကောက်ပွဲအောင်နိုင်ရေးဆောင် ပုဒ်ပေါ်မှာ ဝေဖန်သုံးသပ်တဲ့ ပုံစံ က လက်ရှိအာဏာရပါတီဥက္ကဋ္ဌ တစ်ယောက်ရဲ့ ပုံစံမျိုးနဲ့ သုံးသပ် တယ်ဆိုရင် ဒါဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ မ သင့်တော်ပါဘူး။ တကယ်တမ်း တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ အောင်နိုင်ရေးဆောင်ပုဒ် ဖြစ်တဲ့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်ဟာ လက်ရှိအစိုးရဟာ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်ကို ပီပီပြင်ပြင်မရောက်သေး ဘူးဆိုတာ ဆိုလိုတဲ့သဘောပါ။ အစိုးရရဲ့ ငါးနှစ်တာ သက်တမ်း အတွင်းမှာ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုလည်း ကောင်း ကောင်းမလုပ်နိုင်ဘူး။ ပြည်တွင်း ငြိမ်းချမ်းရေးဆိုလည်း ပီပီပြင်ပြင် မလုပ်နိုင်ဘူး။ စီးပွားရေးဆိုလည်း ပြည်သူတွေ ကျပ်တည်းတုံး။ ပညာရေးဘက်ကြည့်လည်း တိုးတက် မှုမရှိပါဘူး။ အဲဒါကြောင့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က ပြောင်းလဲချိန်တန်ပြီလို့ ပြောတာပါ’’ ဟု နိုင်ငံရေးဆောင်းပါးများရေးသားသူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။

7Day Daily

0 comments:

Post a Comment