Wednesday, October 21, 2015

(၆)နှစ်သမီးအား သတ်ပစ်မည်ဟု ခြိမ်းခြောက် အဓမ္မပြုကျင့်

ဟုမ္မလင်းမြို့နယ် မှန်ပင်ကျေးရွာတွင် ယခုလ(၂၀) ရက်နေ့၌ အရွယ်မရောက် သေးသည့် ကလေးငယ်အား သတ်ပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုကာ အဓမ္မပြုကျင့် ခဲ့သဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။အဆိုပါ ဟုမ္မလင်းမြို့နယ် …..ကျေး ရွာနေ ဒေါ်…... (၅၅) နှစ်သည်အခင်းဖြစ်ပွားသည့် နံနက်ပိုင်း၌ မြို့ထဲသို့ ဈေးဝယ် သွားနေစဉ် တူမဖြစ်သူ မ........(၆) နှစ် အား သမက်ဖြစ်သူနှင့်အတူ ထားရှိခဲ့ပြီး ထွက်ခွာသွားခဲ့ကြောင်း ၎င်းနောက် အိမ်သို့ ပြန်လာစဉ် တူမဖြစ်သူ မ......(၆) နှစ်၏ ဘောင်းဘီတွင် သွေးများပေကျံနေကြောင်း တွေ့ရှိခဲ့ရသဖြင့် မေးမြန်းရာမှ အဓမ္မပြုကျင့် ခံရကြောင်းကို သိရှိခဲ့ကြောင်း ပထမ သတင်းပေးချက်အရ သိရသည်။

ဒေါ်ဖြစ်သူ ဒေါ်….. (၅၅) နှစ် သည် ဟုမ္မလင်းမြို့သို့ ဈေးဝယ်သွားနေစဉ် အဒေါ်၏သမီးဖြစ်သူ မ………၏ ခင်ပွန်း ဌေးဝင်း (၂၇) နှစ်နှင့် အိမ်ထဲ၌ ကျန်ရစ်ခဲ့စဉ် မ.......(၆) နှစ်အား အခန်းအတွင်းသို့ ပွေ့ချီကာ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း သိရပြီး၊ ယင်းသို့ ပြုကျင့်မှုအား မည်သူ့ကိုမျှ ပြန်မပြောရန်နှင့် ပြောပြပါက သတ်ပစ်မည်ဟု၊ ရိုက်မည်ဟု ခြိမ်းခြောက်ကာ ပြုကျင့်ခဲ့ကြောင်း အဓမ္မပြုကျင့်ခံရသူ ကလေးငယ်အား စစ်ဆေးမေးမြန်းချက်အရ သိရကြောင်း မှုခင်းမှတ်တမ်းများ အရသိရသည်။

ယင်းသို့ ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ခဲ့သည့် ဌေးဝင်းအား အရေးယူပေးရန် ဒေါ်…….. မှ တရားလိုပြု တိုင်တန်းခဲ့သည့် အတွက် သက်ဆိုင်ရာ ဟုမ္မလင်း မြို့မရဲစခန်းမှ အမှုကြီး အမှတ်စဉ် ၃/၂၀၁၅) (ပ) ၁၂၃/၂၀၁၅ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်ထားပြီး၊ တရားခံ ဖမ်းဆီးရမိရေးအား ဆောင်ရွက်နေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဆက်လက်သိရသည်။

Messenger News Journal

0 comments:

Post a Comment