Sunday, October 18, 2015

အချစ်ကြောင့် ပူဆွေးနေတဲ့ ခေးဆက်သွင်


MRTV-4 ဇာတ်လမ်းတွဲကနေ သရုပ်ဆောင် တစ်ယောက်အဖြစ် လုပ်ကိုင်လာတဲ့ ခေးဆက်သွင်က Flower & Butterfly 2 တွင် အချစ်ကြောင့် ပူဆွေးရတဲ့ ကာရိုက်တာနဲ့ သရုပ်ဆောင် ထားတယ်လို့ ပြောပါတယ်။
““ညီမရဲ Flower & Butterfly ဇာတ်လမ်းတွဲက ညီမရဲ့ ပထမဆုံး ဇာတ်လမ်းတွဲပါ။ အခုထပ်လွှင့်မှာက Flower & Butterfly 2 ပါ။ ဇာတ်လမ်းက အသစ်ပဲ။ အဲဒါကလေးကတော့ ဟာသချည်းပဲတော့ မဟုတ်ဘူး။ နည်းနည်း ဒရာမာ ချိုးထားတယ်။ ရိုက်ထားတာကတော့ တစ်နှစ်ကျော်ပြီ။ ခပ်သွက်သွက်ကောင်မလေးကနေ အချစ်ကြောင့် အမြဲပူဆွေးသောက ရောက်နေတဲ့ ကောင်မလေးနေရာ သရုပ်ဆောင်ထားပါတယ်။ သရုပ်ဆောင်တွေကတော့ နှစ်ယောက်လောက်တော့ လဲထားတယ်။ ကျန်တာတော့ မပြောင်းထားပါဘူး။ဇာတ်လမ်းတွဲတွေ ရိုက်နေတော့ အပြင်က ရိုက်မယ်လို့ ပြောထားတာတွေတောင် ပြတ်သွားပါတယ်။ ရက်က ညှိမရလို့လေ။ ဒါပေမဲ့ ဇာတ်လမ်း တိုလေးတွေတော့ ရရင်ရသလို ရိုက်တယ်။ ညီမအတွက် အတွေ့အကြုံ လိုချင်လို့ပါ။ ဒါမှလည်း အရည်အသွေးတွေ တိုးတက်လာမယ် ဆိုတော့ အမြဲတမ်းတော့ အားဖြည့်ထားပါတယ်။ တစ်ခုခု အခွင့်အရေးရရင် လုပ်နိုင်အောင်ပါ။ ဒီလောကထဲကို ရောက်လာအောင်လည်း MRTV-2 က လုပ်ပေးခဲ့ တာပါ။ MRTV-2 က ညီမတို့ရဲ့ ကျေးဇူးရှင်ပါ။ ညီမကလည်း ဇာတ်လမ်းတွဲ ဟာသလေးတွေ ရိုက်နေတော့ နောက်ပိုင်းမှာလည်း ပုံစံတွေ မထပ်အောင်လည်း လုပ်သွားမှာပါ”လို့ ပြောပြတယ်။

ခေးဆက်သွင်က မာယာကွန်ရက် CCTV ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရိုက်ဖို့ရှိတယ်လို့ ပြောသွားခဲ့ပါတယ်။

Messenger News Journal

0 comments:

Post a Comment