Wednesday, October 28, 2015

အောင်ပွဲရ အမေရိကန်အမျိုးသမီးဘောလုံးအသင်းအား အိမ်ဖြူတော်သို့ ဖိတ်ကြားဂုဏ်ပြု

အိမ်ဖြူတော်တွင်ပြုလုပ်သည့် ၂၀၁၅ အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ချန်ပီယံ အမေရိကန်အမျိုးသမီးလက်ရွေးစင်အသင်းအား ဂုဏ်ပြုပွဲ၌ သမ္မတအိုဘားမားအား အသင်းနည်းပြ ဂျေးအဲလစ်က အသင်းအင်္ကျီတစ်ထည် ဂုဏ်ပြုလက်ဆောင်ပေးအပ်စဉ် (reuters)

၂၀၁၅ ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့သော အမေရိကန်အမျိုး သမီး လက်ရွေးစင်ဘောလုံးအ သင်းအား အမေရိကန်သမ္မတ ဘားရက်အိုဘားမားက အောက် တိုဘာ ၂၇ ရက်တွင် အိမ်ဖြူတော် သို့ ဖိတ်ကြား၍ ဂုဏ်ပြုခဲ့သည်။‘‘အမေရိကန်နိုင်ငံတစ်ဝန်း နဲ့ ကမ္ဘာတစ်ဝန်းက လူတွေရဲ့ စိတ်ကူးစိတ်သန်းကို တက်ကြွစေ ခဲ့တဲ့ ဒီဘောလုံးအသင်းနဲ့ တွေ့ ရလို့ ၀မ်းသာပီတိဖြစ်ရပါတယ်။ မိန်းကလေး တစ်ယောက်လို ဆော့ကစားခြင်းဟာ အကောင်း ဆုံးပဲဆိုတာ အမေရိကန်က က လေးငယ်တွေ အားလုံးကို ဒီအ သင်းက သင်ကြားပေးခဲ့ပါတယ်’’ ဟု သမ္မတအိုဘားမားက ပြော သည်။

အမေရိကန် အမျိုးသမီး ဘောလုံးအသင်းသည် ပြီးခဲ့သည့် ဇူလိုင် ၅ ရက်တွင် ကနေဒါနိုင်ငံ ဗန်ကူဗာမြို့၌ ကျင်းပပြုလုပ် သော ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဂျပန်အမျိုးသမီး ဘောလုံးအ သင်းကို ၅-၂ ဂိုးဖြင့် အနိုင်ရရှိ ခဲ့ခြင်းဖြစ်သည်။

ယင်းအောင်မြင်မှုသည် ၁၉၉၉ နောက်ပိုင်း အမေရိကန် အမျိုးသမီး ဘောလုံးအသင်း၏ ပထမဆုံးအကြိမ် ချန်ပီယံ ဆွတ် ခူးမှုဖြစ်သည်။

ယင်းသို့ ကမ္ဘာ့ဖလား ချန်ပီ ယံဆုကို ဆွတ်ခူးခဲ့သည့် အမေရိ ကန်အမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းအား သမ္မတ အို ဘားမားက အိမ်ဖြူတော်သို့ ဖိတ် ကြား ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဘောလုံးအသင်း နည်းပြ ဂျေးအဲလစ်က အမေရိ ကန်နိုင်ငံ၏ (၄၄) ဦးမြောက် သမ္မတဖြစ်သော အိုဘားမားအား နံပါတ် ၄၄ ဟု ရေးထိုးထားသော အထူးဂျာစီအင်္ကျီတစ်ထည် လက် ဆောင်ပေးခဲ့သည်။

‘‘မိန်းကလေးတစ်ယောက် လို ဆော့ကစားခြင်းဟာ အ ကောင်းဆုံးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒီအသင်းဟာ ကမ္ဘာ့ဖလားကို အ ဆင့်အတန်းရှိရှိ ဆွတ်ခူးခဲ့တယ်။ မှန်ကန်တဲ့နည်းလမ်းနဲ့ ဆုရခဲ့ တယ်။ စိတ်လှုပ်ရှားစရာပုံစံနဲ့ ဆုရခဲ့တယ်။ စတိုင်ကျကျ ဆုရခဲ့ တယ်’’ဟု အိုဘားမားက ပြော ကြားသည်။

—Ref: AFP
7Day Daily

0 comments:

Post a Comment