Sunday, October 18, 2015

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရဲစဲရေး သဘောတူစာချုပ် လက်မှတ်ရေး ထိုးပွဲကို ဘုရားသုံးဆူမြို့၌ ထောက်ခံ


ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများ အကြား နေပြည်တော်တွင် ချုပ်ဆို သော တစ်နိုင်ငံလုံး ပစ်ခတ် တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA ) လက်မှတ်ရေး ထိုးပွဲကို ကရင်ပြည်နယ် ဒူးပလားခရိုင် ပြည်သူများနှင့် အဖွဲ့အစည်း ပေါင်းစုံ တို့က ထောက်ခံပွဲကို အောက်တိုဘာ ၁၅ ရက်က ဘုရား သုံးဆူမြို့ အမှတ်(၄) ရပ်ကွက်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပသည်။ရှေးဦးစွာ နယ်မြေခံ တပ်ရင်း မှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူး မင်းနောင်က အမှာစကားပြော ကြားပြီး လူထု ကိုယ်စားလှယ် ဦးမန်း ကရေစီနှင့်

ဒေါ်နန်းခင် မိုး တို့က တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA ) လက်မှတ်ရေးထိုး ခြင်း၏ အနှစ်သာရကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာ ကြသော နယ်မြေခံခေတ္တတပ်ရင်း မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ မြို့ပေါ်လေး ရပ်ကွက်နှင့် ကျေးရွာများမှ ဒေသခံပြည်သူ များက NCA သဘော တူစာချုပ် လက်မှတ်ရေးထိုးပွဲကို ထောက်ခံ ရေး၊ ပြည်တွင်းငြိမ်းချမ်းမှု တည် ဆောက်ရေး၊ နိုင်ငံတွေ့ ဆုံ ဆွေးနွေးပွဲ အမြန်ဆုံး ဖြစ်ပေါ် လာရေး၊ ခိုင်မြဲသောငြိမ်းချမ်းရေး လိုလားသည့် ပြည်သူများဆန္ဒဟူ ၍ စုပေါင်း သံပြိုင်ကြွေးကြော်ကာ ထောက်ခံခဲ့ကြကြောင်း သိရသည်။


နေမျိုးလွင် (ပြန်/ဆက်)
MOI

0 comments:

Post a Comment