Sunday, October 18, 2015

အနုပညာမှာ ဘယ်လောက်အောင်မြင်နေနေ ပညာရေးဘက်မှာ ချို့ယွင်းနေရင်လည်း တချို့ကအထင်သေးကြတယ်”ဆိုတဲ့ နန့်ချစ်နဒီဇော်


နန့်ချစ်ပညာရေးပိုင်းမှာ B.Com နဲ့ ဘွဲ့ရပြီးသွားပါပြီ။ အနုပညာရှင်တင်မကပါဘူး။ လူတွေအားလုံး ပညာရေးကို လုပ်သင့်တယ်လို့ ထင်ပါတယ်။ နန့်ချစ်က အနုပညာလုပ်တော့ ပညာရေးဘက်ကိုမလှည့်ဖြစ်တော့ဘူး။ ကိုယ်က ဆက်ပြီးလုပ်ဖို့တွေလည်းရှိတော့ ရိုးရိုးသာမန်လူတစ်ယောက်အနေနဲ့ ဆိုရင် ပညာရေးကလုပ်သင့်တယ်။ ပညာရေးက လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါမှာ အရမ်းအရေးကြီးတယ်။ ဥပမာ ကိုယ်က ဘွဲ့တစ်ခုရထားမှ လူတွေက အသိအမှတ်ပြုထားချင်တာ။ အနုပညာရှင်တွေမှာလည်း အဲဒီလိုပဲ။ တချို့တွေကအထင်သေးတယ်။ အနုပညာမှာ ဘယ်လောက်အောင်မြင်နေနေ၊ ပညာရေးဘက်က ချို့ ယွင်းနေရင်လည်း တချို့က အထင်သေးကြတယ်။ ကိုယ့်ဘက်က Perfect ဖြစ်နေဖို့လိုပါတယ်။ ပညာရေးရော၊ အနုပညာဘက်ရောကောင်းတယ်ဆိုရင် ပြီးပြည့်စုံတဲ့လူတစ်ယောက်ဖြစ်သွားပါပြီ။

Shape Entertainment Journal

0 comments:

Post a Comment