Sunday, October 25, 2015

ဗီဒီယို အကြိုခံစားခြင်း- ရင်ဘတ်ချင်း နီးနီးလေး


- ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာ တော့ လူငယ် အချစ်ဇာတ်ကား လေးတစ်ကားကို ညွှန်းပေးလိုက်ချင်ပါတယ်။
သုန္ဒရီက သူ့အဒေါ်မိသားစု နဲ့အတူနေပါတယ်။ သူ့အဒေါ်မိ သားစုက တစ်ယောက်မှအလုပ်မ လုပ်ဘဲ အိမ်ထောင်စုတစ်ခုလုံးကို သုန္ဒရီက ရှာကျွေးနေရပါတယ်။ သူ့အဒေါ်ကိုယ်တိုင်က သူ့ကိုငယ် ငယ်ကတည်းက ကျွေးမွေးထားရ တာဆိုပြီး အမြဲတမ်း အပြစ်တင် လေ့ရှိပါတယ်။ နောက်ပြီး သူ့ရဲ့ မောင်နှမ ၀မ်းကွဲတွေကလည်း သုန္ဒရီကိုအိမ်ဖော်တစ်ယောက်လို့ ပဲ ဆက်ဆံအော်ငေါက်နေတာပါ။အဲဒီလိုဘ၀မှာ နေနေရတဲ့ သုန္ဒရီတစ်ယောက် နိမိတ်ကောင်း ဆိုတဲ့ သူဌေးတစ်ယောက်နဲ့တွေ့ ခဲ့ပါတယ်။ အိမ်ပြန်လာတဲ့လမ်း မှာ နိမိတ်ကောင်းရဲ့ကားနဲ့တိုက် မိမလိုဖြစ်တာကနေ ဆုံတွေ့ခဲ့ပါ တယ်။ အဲဒီလိုနဲ့ နိမိတ်ကောင်းက လည်း သုန္ဒရီကို စိတ်ဝင်စားတာ ကြောင့် ချစ်သူတွေဖြစ်ခဲ့ကြပါ တယ်။ အဲဒီအကြောင်းကို သူ့အ ဒေါ်တွေသိတဲ့အချိန်မှာတော့ သုန္ဒရီကို လွယ်လွယ်နဲ့တော့ ထည့်မ ပေးပါဘူး။ သူတို့ရဲ့ အကြွေးတွေ နဲ့ လုပ်ကိုင်စားသောက်ဖို့အရင်းအ နှီးတွေလုပ်နိုင်ဖို့အတွက် နိမိတ် ကောင်းကို တင်တောင်းဖို့ပြောခဲ့ ပါတယ်။

အဲဒီလိုတွေ တင်တောင်းခိုင်းတာကြောင့် သုန္ဒရီက နိမိတ် ကောင်းနဲ့ ဇာတ်လမ်းကို ရပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ကိုယ်သူငွေကြေးနဲ့ ရောင်းသလိုဖြစ်နေတာကြောင့် ပါ။ ဒါပေမဲ့လည်း အဲဒီအကြောင်း တွေကို နိမိတ်ကောင်းသိတဲ့အ ချိန်မှာတော့ သုန္ဒရီရဲ့အဒေါ်တွေ နဲ့ တွေ့ဖို့ပြောခဲ့ပါတယ်။ အဲဒီလို လိုက်တွေ့တဲ့အချိန်မှာလည်း သုန္ဒရီအဒေါ် မိသားစုကတော့ တင် တောင်းတဲ့ငွေကို မတန်တဆတောင်းခဲ့ပါတယ်။ အဲဒါကို နိမိတ် ကောင်းကလည်း လက်ခံလိုက်ပါ တယ်။

တကယ်တော့ အဲဒီလိုလက် ခံလိုက်တာကလည်းအကြောင်း တော့ ရှိနေပါတယ်။ နိမိတ်ကောင်းရဲ့ အဖေကို သုန္ဒရီရဲ့အ ဖေက အလုပ်ထုတ်ပစ်လို့ သူတို့ ဘ၀ပျက်ခဲ့ရတယ်ဆိုပြီး အငြိုးနဲ့ သုန္ဒရီကိုလက်ထပ်ဖို့ ကြိုးစားနေ တာပါ။ အဲဒီအကြောင်းတွေကို သုန္ဒရီမသိခဲ့ပါဘူး။ နိမိတ်ကောင်း တို့ဘက်ကတော့ အစီအစဉ်တွေ ကို တစ်ခုချင်းချပြီး သုန္ဒရီကို မရ ရအောင်လက်ထပ်ခဲ့ပါတယ်။ နိ မိတ်ကောင်း သုန္ဒရီကို လက်ထပ် မယ်ဆိုတဲ့အချိန်မှာ နိမိတ်ကောင်း ရဲ့ မိသားစုတွေက ကန့်ကွက်ခဲ့ ကြပါတယ်။ ဒါပေမဲ့လည်း အဲဒါ ကို သုန္ဒရီမသိခဲ့ပါဘူး။

တစ်အိမ်လုံးရဲ့ တာဝန်ကိုယူထားတဲ့ ဘ၀ကနေ သူဌေးရဲ့ ဇနီးအဖြစ် ရောက်ရှိသွားတဲ့ သုန္ဒရီဘ၀ ဘာတွေ ဆက်ဖြစ်မလဲ။ နိမိတ်ကောင်းက သုန္ဒရီကို တကယ်ပဲ အငြိုးတွေကြောင့် လက်ထပ်ဖြစ်တာလားဆိုတာကို တော့ အောင်သီရိထုတ်လုပ်ရေး ကနေ ဖြန့်ချိပေးထားတဲ့ ရင်ဘတ် ချင်းနီးနီးလေးဆိုတဲ့ ဇာတ်ကား လေးမှာ ဆက်လက်ရှုစားပေးပါ။
ဒီဇာတ်ကားမှာ နိမိတ်ကောင်းအဖြစ် ဇေရဲထက်၊ သုန္ဒရီအဖြစ်သင်ဇာဝင့်ကျော်တို့က ပါဝင်သရုပ်ဆောင်ထားပြီး လုံမရဲ့ ၀တ္ထုကို ဇာတ်ညွှန်း၊ ဒါရိုက်တာ သားကြီးက ရိုက်ကူးပုံဖော်ပေးထားပါတယ်။ ။

7Day Daily

0 comments:

Post a Comment