Tuesday, October 20, 2015

မန္တလေးတိုင်း မဲဆန္ဒနယ်အချို့အတွက် လုံခြုံရေးလိုပါက တပ်မတော် အကူအညီယူမည်

ရွေးကောက်ပွဲလုံခြုံရေးအကြောင်းပြောနေသည့် ရဲမှူးကြီးဟန်ထွန်း။စည်သူလွင် / မြန်မာတိုင်း(မ်)

မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် တည်ငြိမ်အေးချမ်း
လုံခြုံသော်လည်း ထူးခြားသည့် မဲဆန္ဒနယ်များဖြစ်သည့် ပြင်ဦးလွင်-မိုးကုတ်လမ်းရှိ
ကျေးရွာ အချို့အတွက် ရွေးကောက်ပွဲကာလနှင့်ရွေးကောက်ပွဲအပြီး မဲစာရင်းများ
သယ်ယူပို့ဆောင်ရေးအတွက် အထူးလုံခြုံရေး လိုအပ်ပါက တပ်မတော်အကူအညီကို
တောင်းခံ ရယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး
ရဲမှူးကြီးဟန်ထွန်းက ယခုလ ၁၃ ရက် က ပြောသည်။

မန္တလေးတိုင်းဒေသကြီး ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံ ရေးစီမံခန့်ခွဲ့မှုကော်မတီ
လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၌ ယခုလ ၁၃ ရက်က
ကျင်းပခဲ့ရာ အဆိုပါခမ်းအနားတွင် ရဲမှူးကြီး ဟန်ထွန်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း
ဖြစ်သည်။ "ကျွန်တော်တို့ တိုင်းဒေသကြီး ထဲမှာက လုံခြုံတယ် အေးချမ်းတယ်။ ပွင့်ပွင့်
လင်းလင်းပြောရရင် ထူးခြား တဲ့နေရာရှိပြီး ရှမ်းပြည်နယ်နဲ့ ထိစပ်နေတဲ့
ပြင်ဦးလွင် - မိုးကုတ်လမ်းမှာက သွားလာရေး အခက်အခဲလေးတွေ ရှိနေတယ်။
ဒီလိုဒေသတွေအတွက် လုံခြုံရေးလိုအပ်ရင် တပ်မတော်ရဲ့ အကူအညီယူသွားမယ်" ဟု
ရဲမှူးကြီး ဟန်ထွန်းက ပြောသည်။

ရှမ်းပြည်နယ်နှင့်ထိစပ်နေသည့် အဆိုပါ နယ်မြေတွင် တိုင်းရင်းသား လက်နက်ကိုင်များကြောင့်
ရွေးကောက်ပွဲလုံခြုံရေး ထိခိုက်မည်ကို စိုးရိမ်မှုများရှိနေကြောင်း ၎င်းက ဆိုသည်။
ရွေးကောက်ပွဲ မဲဆွယ်ကာလ၊ ရွေးကောက်ပွဲ မဲပေးကာလနှင့် ရွေးကောက်ပွဲ မဲပေးပြီး
ကာလများ အတွက် စီမံချက်များ ရေးဆွဲထားပြီး ဖြစ်သော်လည်း ဆန္ဒမဲလက်မှတ်များ
သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးစနစ်ကောင်းမွန်ရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့်
ကိုယ်စားလှယ်လောင်းများ၏ လုံခြုံရေးများ အတွက်ကိုလည်း ပြင်ဆင်ဆောင်
ရွက်ထားသင့်ကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး
ဗိုလ်မှူးကြီး မျိုးမင်းအောင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း အရာရှိအဆင့် အပါအ၀င် ရဲအင်အား ၄,၂၀၀ ကျော်ရှိရာ
ရွေးကောက်ပွဲ ကာလအတွင်း ရဲအင်အား၏ ၃၀ ရာခိုင်နှုန်းကို ရွေးကောက်ပွဲ လုံခြုံ
ရေးအတွက် အသုံးပြုသွားမည်ဖြစ် ပြီး အထူးရဲအင်အား ၅,၁၀၀ ကျော် ကိုလည်း
ခန့်အပ်ကာ လုံခြုံရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ အထူးသတိထားရမည့်
နယ်မြေမှာ ပြင်ဦးလွင်ခရိုင်အတွင်း ပါရှိရာ ပြင်ဦးလွင်ခရိုင်တွင် ရဲအင်အား ၇၈၀ ရှိပြီး
အထူးရဲ ၈၂၀ ကျော်ကိုလည်း ခန့်အပ်ထားကာ လုံခြုံရေးယူသွား မည်ဖြစ်သည်။

Myanmar Times

0 comments:

Post a Comment