Wednesday, October 21, 2015

ကြိုတင်မဲပေးခွင့်ဆုံးရှုံးခဲ့သည့် ပြည်ပရောက်မြန်မာများအတွက် သုံးနိုင်ငံသို့ မဲလက်မှတ်များပြန်ပို့ထားဟုဆို

ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားများ ဆိုးလ်မြို့တော်ရှိ မြန်မာသံရုံး၌ မဲပေးရန် တန်းစီစောင့်ဆိုင်းနေစဉ်( ဓာတ်ပုံ - စိုးမိုးသူ) 

ကြိုတင်မဲပေးခွင့် ဆုံးရှုံး ခဲ့သည့် ပြည်ပရောက်မြန်မာများ အတွက် မဲလက်မှတ်များအချိန်မီ ပြန်ထုတ်ပေးမည်ဟု ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက ပြောကြားပြီးနောက် စင်ကာပူ၊ ဂျပန်နှင့်တောင်ကိုရီး ယားနိုင်ငံရောက်မြန်မာများ၏ မဲ စာရင်းအမှားများကို ပြန်စိစစ်၍ ယင်းသုံးနိုင်ငံမှ မြန်မာသံရုံးများ သို့ မဲလက်မှတ်များ ပြန်ပို့ထား ကြောင်း သတင်းရရှိသည်။ ဦးတင်အေးသည်ပြည်ပနိုင်ငံ ရောက်မဲစာရင်းအမှားများနှင့် ပတ်သက်၍ အောက်တိုဘာ ၂၀ ရက်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်ပြီး စင်ကာ ပူ၊ ဂျပန်နှင့်တောင်ကိုရီးယားနိုင်ငံ ရှိ မြန်မာသံရုံးများသို့ အောက်တို ဘာ ၂၁ ရက်တွင် မဲလက်မှတ် များ ပြန်ပို့လိုက်ခြင်းဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သတင်းရရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦး စိုင်းကျော်သူက ‘‘နိုင်ငံခွဲမရတာ တို့၊ လိပ်စာရှာမရတာတို့ အဲဒါ တွေကို ပြန်စိစစ်တဲ့အချိန်မှာ တ ချို့ဟာတွေ ပြန်ပေါ်လာတယ်။ သူတို့က ကုတ်တွေထည့်ထားတာ။ ဥပမာဗျာ လမ်းနဲ့အိမ်နံပါတ်ပဲပါ တယ်။ နိုင်ငံထည့်မထားတော့ ကျွန်တော်တို့က မသိဘူးဗျ။ အဲဒီ အတွက် နိုင်ငံခွဲမရဘူး။ အဲဒါမျိုး ကို ပြန်ခွဲပြီးပေးတဲ့အခါကျတော့ တိုကျိုရယ်၊ ဆိုးလ်ရယ်၊ စင်ကာ ပူရယ်ကို ထပ်ပို့ပေးထားတယ်။ ထပ်ပို့ထားတယ်ဆိုတာလည်း ကျွန်တော်တို့ဆီကို အချိန်မီပြန်ပို့ နိုင်တဲ့သံရုံးပေါ့နော်။ အဲဒီမှာနည်း နည်းများတော့ ထပ်ပို့ပေးထားပါ တယ်’’ ဟု ၎င်းကပြောသည်။


မြန်မာနိုင်ငံသားများ သွား ရောက်အလုပ်လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံများအနက် သုံးနိုင်ငံ ကိုသာ မဲစာရင်းများပြန်ပို့ခဲ့ခြင်းကို ပြည်ပရောက်နေသူများနှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက ဝေဖန်ကြသည်။ ရွေးကောက်ပွဲကော်မရှင်မှ ရရှိထားသော သတင်းများအရပြည်ပနိုင်ငံ၃၇ နိုင်ငံတွင် မြန်မာနိုင်ငံမှ မြို့ပေါင်း ၃၀၇ မြို့မှ မဲပေးခွင့်ရှိ မြန်မာနိုင်ငံသား ၃၅,၀၀၀ ခန့်ရှိ သည်ဟု သတင်းရရှိသည်။

ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးက ‘‘ကြိုတင်မဲက နိုဝင်ဘာ ၈ ရက်နေ့ ညနေ ၄ နာရီမတိုင်မီ သက်ဆိုင်ရာမြို့နယ် ကော်မရှင် အဖွဲ့ခွဲကိုရောက်ရမှာကိုး။ တချို့ နိုင်ငံတွေကျတော့ အသွားပဲ ၁၄ ရက် အပြန် ၁၄ ရက်ကြာတယ်လို့ ပြောနေကြတယ်။ အဲဒါတွေ ကြောင့်ပဲ နိုင်ငံခြားရေးဝန်ကြီးဌာ နက လက်မခံတာလားမသိဘူး။ ကျွန်တော်တို့ဆီကိုတော့ တိုကျို၊ ဆိုးလ်၊ စင်ကာပူပဲတောင်းတော့ တိုကျို၊ ဆိုးလ်၊စင်ကာပူပဲပေး လိုက်တယ်’’ဟု ဆိုသည်။

ပုံစံ(၁၅)ဖြင့်ပို့လိုက်သည့် မဲ လက်မှတ်အများစုသည် မဲရုံမှူး လက်မှတ်မပါလာခဲ့၍ ရှုပ်ထွေးမှု များဖြစ်ခဲ့သည့် တောင်ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံသားများ မဲပေးခွင့်ကို မူလက အောက်တို ဘာ ၁၈ ရက် နောက်ဆုံးသတ်မှတ် ခဲ့သော်လည်း ခုနစ်ရက်ထပ်တိုး ကာ အောက်တိုဘာ ၂၅ ရက်အ ထိ ထပ်တိုးလိုက်ကြောင်း မြန်မာသံရုံးက အောက်တိုဘာ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။

ကိုရီးယားနိုင်ငံရောက် မြန် မာနိုင်ငံသားများအနက် ၆,၃၃၁ ဦးက ကြိုတင်မဲပေးရန် ကော်မရှင် ထံသို့ ပုံစံ (၁၅)ပေးပို့ခဲ့ပြီး ကော်မ ရှင်ကမဲဆန္ဒရှင် ၃,၇၈၈ဦးအတွက် မဲလက်မှတ်များပြန်ပို့ပေးခဲ့သည်။ မဲရုံမှူးလက်မှတ်မပါရှိခြင်းနှင့် အ ခြားအခက်အခဲများကြောင့် သတ် မှတ်ရက်အတွင်း ၁,၆၄၇ ဦးသာ ကြိုတင်မဲပေးနိုင်ခဲ့သည်။ ဆိုးလ် မြို့ရှိ မြန်မာသံရုံးက ထပ်တိုးပေး လိုက်သည့် သတ်မှတ်ရက်အတွင်း ကျန်သောသူများ လာရောက် မဲပေးရန် သတင်းထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံရောက် မြန်မာနိုင် ငံသားများ ကြိုတင်မဲပေးခွင့်ကို လည်း အောက်တိုဘာ ၁၇ ၊ ၁၈ ရက် သတ်မှတ်ထားရာ အဆင်မပြေမှုကြောင့် အောက်တိုဘာ ၂၃ရက် အထိထပ်မံခွင့်ပြုခဲ့သည်။

7Day Daily

0 comments:

Post a Comment