ပျားရည်အိုင်ဇာတ်လမ်းတွဲနဲ့ပရိတ်သတ်အားပေးမူများစွာရရှိလာတဲ့ သရုပ်ဆောင်မေမီကိုကိုကအပေါင်းအသင်းသူငယ်ချင်းထဲက ဆိုးဝါးစွာသစ္စာဖောက်ခြင်းကြုံခဲ့ရတဲ့အတွက်အပေါင်းအသင်းထားရမှာကြောက်မိလာတယ်လို့ပြောပါတယ်။
" မေမီကအပေါင်းအသင်းပေါင်းရင်အရမ်းစိတ်နှစ်ပြီးပေါင်းတတ်တယ်။ကိုယ်က ယုံကြည်မိပြီဆိုရင်ကိုယ့်ကိုသင်ခန်းစာတွေပေးသွားတတ်တယ်။အဲ့ဒါကြောင့်အပေါင်းအသင်ထားရမှာနည်းနည်းကြောက်တယ်။ပတ်ဝန်းကျင်မှာမျက်နှာပြစရာ မရှိလောက်အောင်ချောက်ချတဲ့ အထိကြုံဖူးတယ်။ ယုတ်ယုတ်မာမာအထိကိုကြုံဖူးတယ်။ နောက်ပိုင်းစိတ်နှစ်ပြီး ပေါင်းတဲ့အပေါင်းအသင်းသူငယ်ချင်း ရှားတယ်"လို့သရုပ်ဆောင်မေမီကိုကိုကပြောပါတယ်။
အနုပညာအလုပ်များကိုတစိုက်မတ်မတ်သေချာလုပ်ဆောင်နေပြီး ဒီနှစ်အတွင်းမှာလည်း အနုပညာအသစ်များချပြဖို့ ရှိတယ်လို့သူကပြော ပါတယ်။
သတင်း၊ဓာတ်ပုံ- ရှိုင်း/စံတော်ချိန်
The Standard Time Daily
0 comments:
Post a Comment