Wednesday, May 1, 2019

ချစ်သူကရင်တိုင်းရင်းသူလေးနဲ့ စေ့စပ်လိုက်တဲ့ ဖိုးချစ်


ပြည်သူ့အချစ်တော် ဇာတ်မင်းသားဖိုးချစ်ကတော့ သူ့ရဲ့ချစ်သူ ကရင်တိုင်းရင်းသူအမျိုးသမီးလေးနဲ့ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့မှာ စေ့စပ်လိုက်ပြီလို့ သိရပါတယ်။ 
ဖိုးချစ်နဲ့သူ့ရဲ့ချစ်သူကရင်တိုင်းရင်းသူလေးနဲ့ ၂၀၀၇ ခုနစ်ကတည်း မေတ္တာမျှနေကြတာဖြစ်ပြီး စေ့စပ်ပွဲကို ကရင်ရိုးရာထုံးစံအတိုင်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံ သဘင်ပညာရှင်များအစည်းအရုံးရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ဖိုးချစ်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ စေ့စပ်ပွဲနှင့်ပတ်သက်ပြီး ဘာမှ မရေးထားပေမမယ့် What up today ရေးသားထားလို့ သူ့ရဲ့ ပရိသတ်တွေ စိတ်ဝင်စားခဲ့ပါတယ်။ 

စေ့စပ်ပွဲပြုလုပ်တဲ့ သတင်းနဲ့ပတ်သက်ပြီး ဖိုးချစ်ကို စံတော်ချိန်က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ 


သတင်း - ရှိုင်း 
ဓာတ်ပုံ - SuperStar 
The Standard Time Daily 

0 comments:

Post a Comment