Wednesday, May 1, 2019

ကျပ်ဆယ်သိန်းနှင့်အထက် ကံထူးရှင်များ၏ဆုငွေများကို မေ ၂ ရက်မှစတင်ကာထုတ်ပေးမည်


မေလ ၁ ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့သည့် (၃)ကြိမ်မြောက် အောင် ဘာလေသိန်းဆုဖွင့်ပွဲမှ ထီပေါက်သည့် ကံထူးရှင်များအနက် ကျပ်ဆယ်သိန်းနှင့် အထက် ကံထူးရှင်များ၏ဆုငွေများကို မေ ၂ ရက်မှစတင်၍နေ့ချင်းပြီးထုတ်ပေး သွားမည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ သိရသည်။ 
(၃)ကြိမ်မြောက် ကျပ် ၁၀ဝ၀ တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲကို မေ ၁ ရက် နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ကျောက် တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆု ဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ပြုလုပ်ခဲ့ပြီး ထီ ပေါက်သည့်ကံထူးရှင်များအနက် ကျပ် ၁၀ သိန်းနှင့်အထက်ကံထူးရှင်များအား ထီဆုငွေထုတ်ပေးခြင်းကို မေ ၂ ရက်မှ စတင်၍လည်းကောင်း၊ ကျန်ကံထူးရှင်များ အား ထီဆုငွေထုတ်ပေးခြင်းကို မေ ၁၃ ရက် မှစတင်၍လည်းကောင်း လက်ခံဆောင် ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ 
အောင်ဘာလေသိန်းဆုဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးဒေါ် အိအိခိုင်က""(၃)ကြိမ်မြောက်ကျပ် ၁၀ဝ၀ တန် ထီဖွင့် ပွဲအတွက် ထီစာအုပ်ပေါင်း သုံးသန်းနှစ် သောင်းကျော် (၃၀၂၇၂၆၆) ရောင်းချခဲ့ ရာမှာ ထီစာအုပ်ပေါင်းနှစ်သိန်းခြောက် သောင်းကျော် (၂၆၁၂၉၅) က မရောင်းရ ထီစာအုပ်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ရောင်း ချခဲ့ရတဲ့ ထီစာအုပ်ပေါင်း ၂၇ သိန်းခြောက် သောင်းကျော် (၂၇၆၅၉၇၁) ရောင်းရငွေ ၏ ၆၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ်သန်း ပေါင်း ၁၆၅၉၅ ဒသမ ၈၂၆ သန်းကို ထီ ဆုငွေအဖြစ် ခွဲဝေပေးခဲ့တာဖြစ်ပြီး ကျန် ၄၀ ရာခိုင်နှုန်းကို နိုင်ငံတော်ရဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် အခွန်ဘဏ္ဍာအဖြစ်ရယူမှာ ဖြစ်ပါတယ်""ဟု ယင်းအောင်ဘာလေ ထီဖွင့်ပွဲအခမ်း အနားတွင် ပြောသည်။ 
ထီဆုငွေများကို ကိုယ်တိုင်ဖြစ်စေ၊ တရားဝင် ကိုယ်စားလှယ်လွှဲစာဖြင့်ဖြစ်စေ ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ အောင်ဘာ လေသိန်းဆုဌာနခွဲရုံးများတွင် 
လျှောက် ထားတင်ပြထုတ်ယူနိုင်ပြီး ကျပ် ၁၀ သိန်း နှင့်အောက်ဆုငွေများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆုဌာ နခွဲရုံးများအပြင် ရန်ကုန်တိုင်းဒေသကြီး ပြင်ပရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့ နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင် ထုတ် ယူနိုင်ပြီး မသမာသောနည်းဖြင့် ဆုငွေထုတ် ရန်ကြံစည်သူများကို တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။ 
ဒေါ်အိအိခိုင်က""ထီဖွင့်ပွဲမှာ ရောင်း မကုန်ထီလက်မှတ်ကနေ ဆုမဲထွက်ပေါ် လာရင်တော့ ဆုကြီးစနစ်နဲ့ ဆုတစ်ဆုချင်း စနစ်ဆိုရင် ချက်ချင်းပြန်လည်ဖွင့်လှစ်ပေး တာဖြစ်ပါတယ်။ ဝေဝေဆာဆာ ဆုမဲစနစ် ဆိုရင်တော့ ထွက်ပေါ်လာတဲ့ ဆုမဲတန်ဖိုး တွေကိုစုပေါင်းပြီး အခြားသင့်လျော်တဲ့ ဆုမဲအစားထိုး ပြန်လည်ဖွင့်လှစ်ပေးတာ ဖြစ်ပါတယ်""ဟုပြောသည်။ 
ယင်း(၃)ကြိမ်မြောက်ကျပ် ၁၀ဝ၀ တန် အောင်ဘာလေသိန်း ဆုထီဖွင့်ပွဲ တွင် အထူးဆုကြီးစနစ်မှ ကျပ်သိန်းတစ် သောင်းငါးထောင်ဆု တစ်ဆု၊ ကျပ်သိန်း ငါးထောင်ဆု နှစ်ဆု၊ ကျပ်သိန်းနှစ်ထောင် ဆု သုံးဆု၊ ကျပ်သိန်းတစ်ထောင်ဆု ငါးဆု နှင့်ဆုတစ်ဆုချင်း စနစ်မှ ကျပ်သိန်းငါး ရာဆု၊ ကျပ်သိန်းနှစ်ရာဆု၊ ကျပ်သိန်းတစ် ရာဆု၊ ကျပ်သိန်းငါးဆယ်ဆု၊ ကျပ်သိန်း နှစ်ဆယ်ဆု၊ ကျပ်ဆယ်သိန်းဆု၊ ကျပ်ငါး သိန်းဆုနှင့် ဝေဝေဆာဆာပဒေသာ ဆုမဲ စနစ်ဖြင့် ကျပ်သုံးသိန်းဆု၊ ကျပ်နှစ်သိန်း ဆု၊ ကျပ်တစ်သိန်းဆုနှင့် ကျပ်ငါးသောင်း ဆုများကို ဖွင့်လှစ်ပေးခဲ့ပြီး အမြင့်ဆုံး ကျပ်သိန်းတစ်သောင်းငါးထောင်ဆုကို (ကခ-၅၈၅၀၂၄)နံပါတ်ဖြင့် မိုးယံရွှေ လမင်းနှင့် မြတ်ဆုကုဋေထီဆိုင်မှ ဆွတ် ခူးရရှိခဲ့ကြောင်း သိရသည်။ 
TEEP 
#Democracytoday

0 comments:

Post a Comment