ငွေဆောင်ကမ်းခြေတွင် ရာသီဥတု အခြေအနေအရ ပုံမှန်ထက် လှိုင်းပိုကြီးနေသဖြင့် ရေဆင်းမကူးရန် သတိပေး တားမြစ်ထားသလို ငှက်ကျွန်းအပါအဝင် အခြားကျွန်းများ၏ အလည်အပတ် ခရီးစဉ်များကိုလည်း ယာယီဆိုင်းငံ့ထားကြောင်း သိရသည်။
ကမ်းခြေတွင် ရာသီဥတု အခြေ အနေကောင်းမွန်နေဆဲဖြစ်ပြီး ရံဖန်ရံခါ လေအလွန်တိုက်ခြင်း၊ မိုးအုံ့ခြင်းများ ဖြစ်ပေါ်နေလျှက်ရှိသည်။
ဘင်္ဂလားပင်လယ်အော် အနောက်ဘက်ပိုင်းတွင် ဖြစ်ပေါ်နေသော ဖန်နီ မုန်တိုင်း အရှိန်ကြောင့် ပင်လယ်ထဲတွင် ရာသီဥတု အခြေအနေမကောင်းဟု ဒေသခံများက ဆိုသည်။
0 comments:
Post a Comment