Tuesday, May 28, 2019

တောင်ကိုရီးယားတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး လေ့ကျင့်


တောင်ကိုရီးယားစစ်တပ်၊ ရဲနဲ့ ဒေသန္တရ အစိုးရအဖွဲ့တွေဟာ ဆိုးလ်မြို့တော်အတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး လေ့ကျင့်ခဲ့ကြပါတယ်။ ဒါဟာ အူချီ တေဂူအဲ လေ့ကျင့်မှုသစ်ရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ 
ဆိုးလ်မြို့ အားကစားရုံကို ဇီဝလက်နက်နဲ့ တိုက်ခိုက်မှု ဖြစ်နိုင်ချေကို ပုံစံထုတ်ထားပြီး စစ်သား ၃၅ ယောက် အပါအဝင် အရာရှိ အယောက်တရာကျော် ပါဝင်လေ့ကျင့်ခဲ့တာပါ။ 

တနင်္လာနေ့က စတဲ့ လေ့ကျင့်ခန်းထဲမှာ အမေရိကန်စစ်သည်တွေ မပါဘူး၊ အူချီ လွတ်လပ်ရေးအစောင့်တပ်လို့ နာမည်ပေးထားတဲ့ တောင်ကိုရီးယား-အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ဆိုင်းငံ့ထားဖို့ အစောတည်းက ဆုံးဖြတ်ထားတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ စင်ကာပူက ထိပ်သီးညီလာခံအပြီးမှာ စစ်ရေးလေ့ကျင့်မှုတွေ အဆုံးသတ်မယ်လို့ ကတိပေးခဲ့ပါတယ်။ 

အဲဒီနောက် အမေရိကန်နဲ့ တောင်ကိုရီးယား အစိုးရတို့က ပူးတွဲ လေ့ကျင့်ခန်းတွေကို ရပ်နားမယ်လို့ ပြောပါတယ်။ 

အဲဒီနောက်မှာ သဘာဝကပ်ဘေး အကြီးစားတွေမှာ ကယ်ဆယ်ရေးနဲ့ စစ်သွေးကြွတွေကို တိုက်ခိုက်ရေးပုံစံ ထုတ်ထားတဲ့ လေ့ကျင့်ခန်းပုံစံသစ်တွေကို တောင်ကိုရီးယားက စီစဉ်ခဲ့ပါတယ်။

DVB

0 comments:

Post a Comment