Tuesday, May 28, 2019

ကရင်တိုင်းရင်းသားဘာသာစကားကို မိုဘိုင်းဖုန်းမှတစ်ဆင့် လေ့လာနိုင်မည့် အက်ပလီကေးရှင်းနှင့်စာအုပ်မိတ်ဆက်

ကရင်တိုင်းရင်းသားဘာ သာစကားကို မိုဘိုင်းဖုန်းပေါ်မှ တစ်ဆင့် လေ့လာနိုင်မည့် AnimalAR အမည်ရှိ အက်ပလီကေးရှင်းနှင့် စာအုပ်ကို Bule Frog ကုမ္ပဏီက မေလ ၂၂ ရက်တွင်မိတ်ဆက်ခဲ့ သည်။ 
ကရင်ဘာသာစကား လေ့လာလိုပါက စာအုပ်နှင့် အက်ပလီ ကေးရှင်းနှစ်ခုကို ပေါင်းစပ်ကာ အသုံးပြုရမည်ဖြစ်ပြီး ဖုန်းမရှိပါ ကလည်း စာအုပ်ထဲရှိ အကြောင်း အရာများကို ဖတ်ရှုလေ့လာနိုင် သည်။ အသုံးပြုပုံသည် စာအုပ်ထဲရှိ တိရစ္ဆာန်တစ်ကောင်ကို ဖုန်းဖြင့် Scan ဖတ်လိုက်ပါက ယင်းတိရစ္ဆာန်၏ရုပ်ကြွပုံရိပ်များ ဖုန်း မျက်နှာပြင်ပေါ်တွင် ပေါ်လာမည် ဖြစ်ပြီး တိရစ္ဆာန်တို့၏နာမည်များ နှင့် ၎င်းတို့အကြောင်းပါ အသံ ထွက်၍ ဖော်ပြမည်ဖြစ်သည်။ 
Activation Code ဖတ်ရာ တွင် အင်တာနက်ကို တစ်ကြိမ် သာ အသုံးပြုရမည်ဖြစ်ပြီး နောက် ပိုင်း၌ Offline ဖြင့် ဆက်လက်သုံးနိုင်သည်။ Code တစ်ခါဖတ် ပြီး၍ ယင်းအက်ပလီကေးရှင်းနှင့် သက်ဆိုင်သော အချက်အလက် များကို မဖျက်ပစ်မချင်း ထိုအက် ပလီကေးရှင်းကို ဆက်တိုက်အသုံးပြုနိုင်ပြီး Code တစ်ခုလျှင် ဖုန်း သုံးလုံးဖြင့် အသုံးပြုနိုင်သည်။ 
Blue Frog အဖွဲ့ခေါင်း ဆောင် စောလဲယော်က ‘‘ပထမ ဆုံးတိုင်းရင်းသားဘာသာစကား လေ့လာတဲ့အခါမှာ တိရစ္ဆာန်လေး တွေနဲ့ အရင်လေ့လာမှာပါ။ ကရင် Version ပါ။ နောက်ပိုင်းမှာလည်းတခြား တိုင်းရင်းသားဘာသာ စ ကားတွေလည်း ထပ်ထုတ်သွားမှာ ပါ။ သမိုင်းကြောင်းပြန်ကြည့်မယ် ဆိုရင် ကျွန်တော်တို့မှာ တိုင်းရင်း သားနဲ့ပတ်သက်တဲ့ Application တွေ၊ Develop လုပ်ပေးတဲ့ အဖွဲ့ အစည်းတွေ မရှိဘူး။ တိုင်းရင်း သားတွေက နယ်စပ်မှာပဲ နေကြ တော့ ပညာရေးတို့၊ နည်းပညာတို့ မှာ အားနည်းပါတယ်။ ဒါတွေကို မြှင့်တင်ပေးဖို့ လူ့စွမ်းအားအရင်း အမြစ်တွေ လိုအပ်ပါတယ်။ အဲဒါ တွေကို ဖြည့်တင်းပေးချင်လို့ လုပ် ဖြစ်တာပါ’’ဟု ပြောသည်။ 
အက်ပလီကေးရှင်းဖိုင်အ ရွယ်အစားသည် 200MB ခန့်ရှိပြီး လတ်တလောတွင် Andriod Ver-sion ဖြင့်သော ရရှိနိုင်ကြောင်း၊ ဇွန်လမကုန်မီ IOS Version ရရန် ကြိုးစားနေကြောင်း၊ ကရင်ဘာ သာစကားဖြင့် ပြုလုပ်ပြီးနောက် ကယားနှင့် မွန်ဘာသာစကားတို့ ဖြင့်လည်း ပြုလုပ်နိုင်ရန် စီစဉ် နေကြောင်း ၎င်းက ပြောသည်။ 
Blue Frog ကုမ္ပဏီသည် မြန်မာနိုင်ငံ ကွန်ပျူတာအသင်း ချုပ်နှင့် မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းတို့က မွေးထုတ်ခဲ့သည့် နည်း ပညာဆိုင်ရာ စွန့်ဦးတီထွင်လုပ် ငန်းတစ်ခု ဖြစ်သည်။

7Day

0 comments:

Post a Comment