ဝီကီလိခ်(Wikileaks) အဖွဲ့ ကို ပူးတွဲတည်ထောင်သူ ဂျူလီယံအန်ဆန်အား အာမခံပေးထားသည့် အခြေအနေများကို ချိုးဖောက်မှုဖြင့် မေ ၁ ရက်တွင် ထောင်ဒဏ် ရက်သတ္တပတ် ၅ဝ ချမှတ်လိုက်ကြောင်း သိရသည်။
အန်ဆန်သည် ၄င်းအား ပေးထားသည့် အာမခံကို ချိုးဖောက်၍ လွန်ခဲ့သော ၇ နှစ်က အီကွေဒေါသံရုံးသို့ ဝင်ရောက်ခိုလှုံခဲ့သည်။
Southwark Crown တရားရုံးက ပြစ်ဒဏ်များကို ချမှတ်ခဲ့ပြီးနောက်တွင် ရှေ့ နေချုပ် Mark Summers က အာမခံချိုးဖောက်မှုအပေါ် တောင်းပန်စကားဆိုခဲ့သည့် အန်ဆန်၏ ပေးစာတစ်စောင်ကို ဖတ်ကြားခဲ့သည်။
စာထဲတွင် အန်ဆန်က ၄င်းအနေဖြင့် “ စိုးထိတ်ဖွယ်အခြေအနေများနှင့်အတူ ရုန်းကန်ခဲ့ရကြောင်း” နှင့် ကောင်းမည်ထင်၍ လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ကြောင်း ဆိုခဲ့သည်။

(Xinhua)
0 comments:
Post a Comment