Wednesday, May 1, 2019

နိုင်ငံတော်၏ကဏ္ဍအသီးသီးဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မသန်စွမ်းသူများကိုလည်းချန်လှပ်ထားလို့မရ ကြောင်း ပြည်ထောင်စုဝန်ကြီးဆို


မြန်မာနိုင်ငံကို ဒီမိုကရေစီဖက်ထရယ်ပြည်ထောင်စုတည်ဆောက်နေသည့်အချိန်ကာလတွင် နိုင်ငံတော် ၏ ကဏ္ဍအလိုက်ဖွံ့ဖြိုးမှုများဆောင်ရွက်ရာ၌ မသန်စွမ်းများ၏ကဏ္ဍမှာလည်းအရေးကြီးပြီးချန်လှပ်ထား၍ မရကြောင်း ပြည်ထောင်စုဝန်ကြီးကပြောဆိုလိုက်သည်။ 
ယနေ့နေပြည်တော်တွင်ကျင်းပသော မြန်မာ့ဒီမိုကရေစီအကူးအပြောင်းတွင်မသန်စွမ်းသူများ၏အခွင့်အရေးနှင့်အကျုံးဝင်မှုတိုးမြှင့်စေရေးအတွက် ကဏ္ဍစုံမှပါဝင်ပတ်သက်သူများ၏ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။ 

"နိုင်ငံတော်၏ကဏ္ဍအသီးသီးဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်ဆောက်ရွက်တဲ့နေရာမှာမသန်စွမ်းသူများရဲ့အခန်းကဏ္ဍကလည်းအရေးကြီးပြီးချန်လှပ်ထားလို့မရပါဘူး။နိုင်ငံတော်ရဲ့ဖွံ့ဖြိုးမှုတိုင်းမှာမသန်စွမ်းသူတွေကို ထည့်သွင်းစဉ်းစားဖို့ဆိုတာမသန်စွမ်းသူတွေရဲ့အခြေအနေမသန်စွမ်းသူတွေမှာရှိတဲ့အခွင့်အရေးနဲ့မသန်စွမ်းသူတွေနဲ့သက်ဆိုင်တဲ့လိုက်နာဆောင်ရွက်ရမယ့်ဥပဒေနဲ့မူဝါဒတွေကို နားလည်ထားဖို့လိုအပ်ပါတယ်"ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ယနေ့ကျင်းပသည့်အခမ်းအနားတွင် မသန်စွမ်းသူများ၏ ပညာရေး၊အလုပ်အကိုင်စသည့်ကဏ္ဍအလိုက်အခက်အခဲများကို ပိုမိုသိရှိနားလည်လာနိုင်မည်ဖြစ်ပြီး မသန်စွမ်းသူများကိုယ်တိုင် ပိုမိုပါဝင်ဆောင်ရွက်နိုင်မည့်ကဏ္ဍအလိုက် လုပ်ငန်းများကိုလည်း ဖော်ဆောင်ပေးသွားနိုင်ရန်ယုံကြည်နေသည်ဟု လည်း ဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် မသန်စွမ်းသူအရေအတွက်မှာ(၂၃)သိန်းကျော်အထိရှိပြီးနိုင်ငံလူဦးရေ၏၄.၆ရာခိုင်နှုန်းရှိမေသဖြင့် ပမာဏများပြားလှသောမသန်စွမ်းသူများ၏ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများမှာလည်း အရေးကြီးကြောင်း ပြောဆိုခဲ့သည်။
ယနေ့မှစတင်ကာ နေပြည်တော် Grand Amara ဟိုတယ်တွင် (၂)ရက်ကြာကျင်းပမည့် ၎င်းဆွေးနွေးပွဲမှ မသန်စွမ်းများ၏အခွင့်အရေးနှင့်ကဏ္ဍအလိုက်ပါဝင်မှုများတိုးမြင့်လာစေရေးကိုဦးစားပေးဆွေးနွေးသွားကြမည်ဖြစ်သည်။ 


အောင်ပြည့်စုံ
Popular News Journal 

0 comments:

Post a Comment