Tuesday, May 28, 2019

ဘရာဇီးအကျဉ်းထောင်များအတွင်း အကျဉ်းသားအချင်းချင်းတိုက်ခိုက်၍ (၄၂) ဦးသေဆုံး


ဘရာဇီးနိုင်ငံ မာနပ်စ်မြို့ရှိ အကျဉ်းထောင်လေးခုအတွင်းမှာ အကျဉ်းသားတွေအချင်းချင်း တိုက်ခိုက်ခဲ့မှုကြောင့် အနည်းဆုံး(၄၂) ဦးသေဆုံးခဲ့တယ်လို့ ဘရာဇီးအာဏာပိုင်တွေက ကြေငြာထားပါတယ်။ 
အကြမ်းဖက်သတ်ဖြတ်မှုတွေကိုရပ်တန့်နိုင်အောင် အာဏာပိုင်တွေက အင်အားသုံး ထိန်းသိမ်းပေးခဲ့ရသေးတယ်လို့ သိရပါတယ်။ 
ဘရာဇီးနိုင်ငံမှာတော့ ထောင်တွင်းအကြမ်းဖက်မှုတွေဟာမကြာခဏ ဖြစ်ပေါ် လေ့ရှိပြီး မူးယစ်ဆေးဝါးဒုစရိုက်သမားတွေက ထောင်တွင်းမှာ ဗိုလ်ကျလေ့ရှိကြတယ်လို့ ဘရာဇီးမီဒီယာတစ်ခုက မှတ်ချက်ပြုဖော်ပြပါတယ်။ 
(၂၀၁၇) ခုနှစ်တုန်းကလည်း ဘရာဇီးမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတို့ရှိအကျဉ်းထောင်တွေအတွင်း အကြမ်းဖက်ဖြစ်ပွားခဲ့မှုကြောင့် သုံးပတ်အတွင်း အကျဉ်းသား (၁၅၀) သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။ 
ဘရာဇီးနိုင်ငံအတွင်းမှာတော့ မူးယစ်ဆေးဝါးဒုစရိုက်သမားတွေအလွန်များပြားတာကြောင့် အကျဉ်းထောင်တွေထဲ အကျဉ်းသားအရေအတွက် အတော်များပြားနေတယ်လို့ သိရပါတယ်။ 
အာဏာပိုင်တွေအနေနဲ့ အကျဉ်းသားတွေကို ဖိဖိစီးစီးထိန်းချုပ်နိုင်ဖို့အခက်အခဲတွေများစွာရှိနေသေးတယ်လို့သိရပါတယ်။ 
ဘရာဇီးသမ္မတကတော့ ယခုကိစ္စအပြီး အကျဉ်းထောင်တွေကို ပိုမိုတင်းကြပ်စွာကိုင်တွယ်ဖို့ အမိန့်ပေးထားတယ်လို့ သိရပါတယ်။

Isee Media 

0 comments:

Post a Comment