Tuesday, May 28, 2019

အင်ဒိုနီးရှားအစိုးရ ထိပ်ပိုင်းအရာရှိတွေကို လုပ်ကြံရန် ကြံစည်သူ(၆)ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး


အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ ပြီးခဲ့တဲ့သီတင်းပတ်က အဓိကရုဏ်းဖြစ်မှုအတွင်း လက်နက်တွေအသုံး ပြုပြီး၊ အစိုးရထိပ်ပိုင်း အရာရှိကြီးတွေကို လုပ်ကြံဖို့ကြံစည်ခဲ့တယ်လို့ သံသယရှိထားသူ(၆)ဦးကို အာဏာပိုင်တွေကဖမ်းဆီး လိုက်ပြီဖြစ်ပါတယ်။ 
  
ဖမ်းဆီးထားတဲ့ သံသယရှိသူတွေဟာ အရာရှိ(၄)ဦးကို ပစ်မှတ်ထားပြီး လုပ်ကြံတိုက်ခိုက်ဖို့ ညွှန်ကြားခံထားရတယ်လို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Muhammad Iqbal က ပြောပါတယ်။ နောက်ပြီး သူတို့ ဖမ်းဆီးသိမ်းယူထားတဲ့ သေနတ် တွေ၊ ကျည်ဆန်တွေနဲ့ ရဲသံချပ်ကာအတုတွေကို သတင်းထောက်တွေကို ပြသခဲ့ပါတယ်။ 
သီသန့်လူထုဆန္ဒမဲကောက်ယူရေးအကြီးအကဲတစ်ဦးလည်း ပစ်မှတ်ထားခံရပြီး၊ သူ့ရဲ့လှုပ်ရှားမှုတွေနဲ့ သူ့ရဲ့နေအိမ်ကို သံသယရှိသူတွေက စောင့်ကြည့်ခဲ့ကြတယ်လို့ Iqbal ကပြောပါတယ်။ သူတို့ဟာ ပစ်မှတ်ထားထားတဲ့အရာရှိတွေကို လုပ်ကြံဖို့ မတ်လကတည်းက ကြံစည်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က အဓိကရုဏ်းဖြစ်ချိန်မှာတော့ သံသယ ရှိသူတွေက ခြောက်လုံးပူးသေနတ်တွေနဲ့ရိုင်ဖယ်သေနတ်တွေကိုကိုင်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့လူအုပ်ကြားထဲ တိုးဝင်ခဲ့တာဖြစ်ပါတယ်။ 
အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတဂျိုကိုဝီဒိုဒိုကပဲ တကျော့ပြန်အရွေးခံရတာကို မကျေနပ်လို့ဆန္ဒပြ တဲ့သူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ကြား အဓိကရုဏ်းဖြစ်ပွားခဲ့တာလို့ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ 


ဘာသာပြန် - စုစံစိုး
One News Myanmar 

0 comments:

Post a Comment