ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကောက်ကြီးကုန်းကျေးရွာရှိ MYTEL ဆက်သွယ်ရေးတာဝါတိုင် ကနေ မီးစက်ဆီခိုးယူသူ(၃)ယောက်ကို မေ(၁)ရက် မနက်(၄) နာရီအချိန်က သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိ ခဲ့တယ်လို့ ကျောင်းကုန်းမြို့မရဲစခန်းက သိရပါတယ်။
ဖြစ်စဉ်မှာ MYTELဆက်သွယ်ရေးအင်ဂျင်နီယာဖြစ်သူရဲ့ဖုန်းကို MYTEL တာဝါတိုင်အမှတ် ( AYY 0488)က မီးစက်ဆီတွေ အလိုအလျောက် လျော့ကျနေကြောင်း အချက်ပြလာတာကြောင့် အပိုင်ရဲစခန်းကတပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး တို့နဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
တာဝါတိုင်အနီးကိုရောက်တဲ့အခါ မီးစက်အင်ဂျင်ဆီကန်ထဲက ဆီတွေကို ပိုက်တွေနဲ့ သွယ်တန်းထုတ်ယူနေတဲ့လူ(၃)ယောက်ကို ဆီပုံးတွေနဲ့အတူ ဖမ်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ အဲဒီလူ(၃)ဦးကို ကျောင်းကုန်းမြို့မရဲစခန်းက (ပ)၂၅၆/၂၀၁၉၊ရာဇသတ်ကြီးပုဒ်မ -၃၇၉ နဲ့ အမှုဖွင့်အရေးယူ ထားတယ်လို့ သိရပါတယ်။
One News Myanmar
0 comments:
Post a Comment