Wednesday, May 1, 2019

ဒေါ်အောင်ဆန်းစုကြည်၏ သုံးရက်ကြာ ကမ္ဘောဒီးယားခရီးစဉ် ပြီးဆုံး

နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် ယမန်နေ့တွင် ဆီရမ်ရိ(ပ်) ပြည်နယ်ရှိ နာမည်ကြီးဘုရား ကျောင်းများသို့ သွားရောက်လေ့ လာခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 
ဆီရမ်ရိ(ပ်)ပြည်နယ် လေ့ လာရေးခရီးစဉ်တွင် ဒေါ်အောင် ဆန်းစုကြည်နှင့်အတူ ကမ္ဘောဒီး ယားဒုတိယဝန်ကြီးချုပ်က လိုက် ပါရှင်းလင်းခဲ့ကြောင်း ထုတ်ပြန် ချက်၌ ဖော်ပြသည်။ 

ငါးရက်ကြာ ဘေဂျင်းခရီး စဉ်မှ အပြန်တွင် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်သည် ပထမဆုံး အဖြစ် ဖနွမ်းပင်သို့ ဧပြီ ၂၉ ရက်၌ စတင်သွားရောက်ပြီး ယမန်နေ့က ခရီးစဉ်ပြီးဆုံးခဲ့သည်။ 

သုံးရက်ကြာမြင့်သည့် အ ထက်ပါခရီးစဉ်အတွင်း ကမ္ဘောဒီး ယားဘုရင်မင်းမြတ်၊ ဘုရင်မင်း မြတ်၏မယ်တော်၊ ဝန်ကြီးချုပ်၊ အထက်လွှတ်တော် ဥက္ကဋ္ဌ၊ အောက်လွှတ်တော်ဥက္ကဋ္ဌတို့နှင့် သီးခြားစီတွေ့ဆုံခဲ့သည်။ 

ဝန်ကြီးချုပ် ဟွန်ဆန်နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရင်း နှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ အပြန်အ လှန်အကာအကွယ်ပေးရေးစာ ချုပ်၊ အခွန်နှစ်ထပ်ကျသင့်မှု ရှောင်ရှားရေးသဘောတူစာချုပ် နှင့် ပညာရေးပူးပေါင်းဆောင်ရွက် မှု ဆိုင်ရာ သဘောတူစာချုပ် ချုပ် ဆိုနိုင်ရေး နှစ်ဖက်ညှိနှိုင်းဆောင် ရွက်ရေး ဆွေးနွေးခဲ့သည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်သည်။ 

တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံအ ကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ အထူး သဖြင့် နှစ်နိုင်ငံကုန်သွယ်မှုနှင့်ရင်း နှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှု၊ ပညာ ရေး၊ ခရီးသွားလာရေး၊ အာဆီယံ အဖွဲ့အပါအဝင် ဒေသတွင်းပူး ပေါင်းဆောင်ရွက်ရေး၊ ကုလ သမဂ္ဂ၊ ဘက်မလိုက်လှုပ်ရှားမှုအ ပါအဝင် နိုင်ငံတကာမျက်နှာစာ၌ ဆက်လက်ပူးပေါင်းဆောင်ရွက် မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ 

ထို့အပြင် ဆွေးနွေးပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သည် ကမ္ဘောဒီးယားနိုင်ငံအစိုးရ က ရခိုင်ပြည်နယ် လူသားချင်းစာ နာထောက်ထားမှု အကူအညီအ ဖြစ် ဒေါ်လာကိုးသောင်းလှူဒါန်းမှု အတွက် ကျေးဇူးတင်စကားပြော ကြားပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ကို နှစ်ဦးနှစ်ဖက် အဆင်ပြေချိန်၌ မြန်မာနိုင်ငံသို့ လာရောက်လည် ပတ်ရန် ဖိတ်ကြားခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြ ထားသည်။

7Day

0 comments:

Post a Comment