Friday, November 1, 2019

အမေရိကန်သမ္မတ ဒေါနယ်ထရမ့်ကို စွပ်စွဲပြစ်တင်ဖို့ အောက်လွှတ်‌တော်မှာ မဲခွဲအတည်ပြု

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို စွပ်စွဲပြစ်တင်ဖို့အတွက် ဒီမိုကရက်တွေကြီးစိုးတဲ့ အောက်လွှတ်‌တော်က မနေ့က မဲခွဲအတည်ပြုလိုက်တယ်လို့ သိရှိရသည်။

သမ္မတထရမ့်ကို စွပ်စွဲပြစ်တင်ဖို့အတွက် အောက်လွှတ်‌တော်မှာမဲခွဲရာ ထောက်ခံမဲ ၂၃၂ မဲရရှိခဲ့ပြီး ကန့်ကွက်မဲ ၁၉၆ သာရှိတာကြောင့် သမ္မတကို စွပ်စွဲပြစ်တင်ရေး အတည်ပြု နိုင်ခဲ့တာပါ။အခုလို တာဝန်ထမ်းဆောင်နေတဲ့ လက်ရှိသမ္မတကို စွပ်စွဲပြစ်တင်ဖို့ လွှတ်တော်က အတည်ပြုလိုက်တာဟာ ခေတ်သစ်အမေရိကန်သမိုင်းမှာ သမ္မတ ၃ ဦးသာရှိပါသေးတယ်။
အောက်လွှတ်‌တော်အနေနဲ့ အခုလိုအတည်ပြုလိုက်တာကြောင့် ထရမ့်ကို စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်တွေ စတင်တော့မှာ ဖြစ်ပါတယ်။

မဲခွဲအပြီး မိနစ်အကြာမှာပဲ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Stephanie Grisham က လက်ရှိ ဆုံးဖြတ်လိုက်တဲ့ စွပ်စွဲပြစ်တင်မှုဟာ လိမ်လည်မှုတစ်ခုသာဖြစ် ကြောင်းနဲ့ သမ္မတကို ဖျက်ဆီးလိုသူတွေရဲ့ လုပ်ရပ်သာဖြစ်တယ်လို့ ဆိုပါတယ်။
" သမ္မတထရမ့်ဟာ ဘာအမှားကိုမှ ကျူးလွန်ခဲ့ခြင်းမရှိဘူး။ ဒီမိုကရက်တွေအနေနဲ့ ဒါကိုကောင်းကောင်းသိပါတယ်" လို့ သူမကပြောပါတယ်။

သမ္မတ ထရမ့်ကို စွပ်စွဲပြစ်တင်ရတဲ့အကြောင်းကတော့ ဒုတိယသမ္မတဟောင်း ဂျိုး ဘစ်ဒင်ရဲ့ သား ဟန်တာ ဘစ်ဒင်ကို ယူကရိန်းရေနံ ကုမ္ပဏီတစ်ခုက လစာကောင်းတဲ့ အလုပ်ပေးခဲ့မှုနဲ့ ပတ်သက်ပြီး ဂျိုးဘစ်ဒင်ကို စုံစမ်းစစ်ဆေးဖို့ ယူကရိန်းသမ္မတကို ဒေါ်နယ်ထရမ့်က ဖိအားပေးခဲ့တာကြောင့်လို့ ဆိုပါတယ်။
ဂျိုး ဘစ်ဒင်ဟာ လာမယ့် ၂၀၂၀ မှာ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်နေရာကို ပြိုင်ဆိုင် လာနိုင်တဲ့ ဒီမိုကရက်တစ် သမ္မတလောင်းဖြစ်လာဖို့ ရှိနေတာကြောင့် နိုင်ငံရေးပြိုင်ဘက်ကို ထိုးနှက်ဖို့ကြိုးစားတဲ့လုပ်ရပ်တစ်ခုဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
တကယ်လို့သာ အမေရိကန် လွှတ်တော်နှစ်ရပ်ပေါင်း လွှတ်တော်အမတ်ရဲ့ သုံးပုံ နှစ်ပုံကသာ ထရမ့်ကို စွပ်စွဲပြစ်တင်တဲ့ကိစ္စ ထောက်ခံမဲပေးကြမယ်ဆိုရင် အမေရိကန်သမ္မတဟာ ရာထူး ကနေ ဆင်းပေးရဖို့ရှိနေကာ သူ့နေရာကို ဒုတိယသမ္မတနဲ့ အစားထိုးမှာဖြစ်ပါတယ်။
<zawgyi>
အမေရိကန်သမ္မတ ဒေါနယ်ထရမ့်ကို စွပ်စွဲပြစ်တင်ဖို့ အောက်လွှတ်‌တော်မှာ မဲခွဲအတည်ပြု
Friday , November 1 , 2019

0 comments:

Post a Comment