Friday, March 6, 2020

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် မတ်လအတွင်း ဆေးကုသမှုခံယူရန် ထိုင်းနိုင်ငံသို့ သွားရောက်မည်

Image may contain: 2 people, people standing and outdoor
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ ဆေးကုသမှုခံယူဖို့အတွက် မတ်လထဲမှာ ထိုင်းနိုင်ငံကို သွားရောက် မယ်လို့ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အလုပ်အမှုဆောင် ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး ကပြောပါတယ်။

ကင်ဆာရောဂါ ဖြစ်ပွားနေတဲ့ ဒေါက်တာ ဇော်မြင့်မောင်ဟာ ထိုင်းနိုင်ငံကဆေးရုံမှာ ပြီးခဲ့တဲ့နှစ်က ဆေးကုသမှု ခံယူခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကင်ဆာဆေး(၅)ကြိမ်သွင်းထားရတယ်လို့ ဆိုပါတယ်။ ဆေးကုသမှုခံယူတာကြောင့် ကျန်းမာရေးတိုးတက်မှု ရှိတယ်လို့လည်း ဦးတင်ထွဋ်ဦးက အခုလိုပြောပါတယ်။
“ကျန်းမာရေးကတော့ ဆေးကုသမှုခံနေတာမှာ တိုးတက်မှုရှိတယ်။ ဆေးငါးကြိမ်ပေးပြီးသွားပြီ။ နောက်ထပ်တော့ follow up သွားရမယ်။ ‌သွင်းစရာတွေရှိမယ်။ ဒါပေမယ့် သူခံနိုင်ရည်ရှိတယ်။ မတ်လထဲတော့ တစ်ခေါက်ပြန်သွားရမယ်” လို့ ဦးတင်ထွဋ်ဦး က ပြောပါတယ်။ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ် အောက်တိုဘာလ နောက်ဆုံး ပတ်ကတည်းက ထိုင်းနိုင်ငံဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။
အဲဒီကပြန်လာပြီးနောက်ပိုင်းမှာတော့ ကျန်းမာရေး အခြေနေအရ တချို့တာဝန်ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဝန်ကြီးတွေဆီကို ခွဲဝေထားတယ်လို့ သိရပါတယ်။
ref-onenews
>>Zawgyi<<
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် မတ်လအတွင်း ဆေးကုသမှုခံယူရန် ထိုင်းနိုင်ငံသို့ သွားရောက်မည်
Friday , March 6 , 2020
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ ဆေးကုသမှုခံယူဖို့အတွက် မတ်လထဲမှာ ထိုင်းနိုင်ငံကို သွားရောက် မယ်လို့ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အလုပ်အမှုဆောင် ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး ကပြောပါတယ်။

ကင်ဆာရောဂါ ဖြစ်ပွားနေတဲ့ ဒေါက်တာ ဇော်မြင့်မောင်ဟာ ထိုင်းနိုင်ငံကဆေးရုံမှာ ပြီးခဲ့တဲ့နှစ်က ဆေးကုသမှု ခံယူခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကင်ဆာဆေး(၅)ကြိမ်သွင်းထားရတယ်လို့ ဆိုပါတယ်။ ဆေးကုသမှုခံယူတာကြောင့် ကျန်းမာရေးတိုးတက်မှု ရှိတယ်လို့လည်း ဦးတင်ထွဋ်ဦးက အခုလိုပြောပါတယ်။
“ကျန်းမာရေးကတော့ ဆေးကုသမှုခံနေတာမှာ တိုးတက်မှုရှိတယ်။ ဆေးငါးကြိမ်ပေးပြီးသွားပြီ။ နောက်ထပ်တော့ follow up သွားရမယ်။ ‌သွင်းစရာတွေရှိမယ်။ ဒါပေမယ့် သူခံနိုင်ရည်ရှိတယ်။ မတ်လထဲတော့ တစ်ခေါက်ပြန်သွားရမယ်” လို့ ဦးတင်ထွဋ်ဦး က ပြောပါတယ်။ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ် အောက်တိုဘာလ နောက်ဆုံး ပတ်ကတည်းက ထိုင်းနိုင်ငံဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။
အဲဒီကပြန်လာပြီးနောက်ပိုင်းမှာတော့ ကျန်းမာရေး အခြေနေအရ တချို့တာဝန်ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဝန်ကြီးတွေဆီကို ခွဲဝေထားတယ်လို့ သိရပါတယ်။
ref-onenews

0 comments:

Post a Comment